ပြည်သူတွေ Boycott လုပ်ထားကြတဲ့ Tik Tok နဲ့ပတ်သက်ပြီးပွင့်ပွင့်လင်းလင်းပြောလာခ​ဲ့​ြပန်သော အိချောပို

အိချောပိုကတော့ မြန်မာနိုင်ငံ အနုပညာရှင်တွေထဲမှာဆိုရင်တော့ Body ကောက်ကြောင်းအရမ် လှတဲ့ မင်းသမီးလေးတစ်ယောက်ပဲ ဖြစ်ပါတယ်။ သူမရဲ့ အလှကတော့ မြန်မာဆန်တဲ့ ဂစ်တာ Shape လို ကောက်ကြောင်း မျိုးလေးကို ပိုင်ဆိုင်ထားသူလေးပါ။ မျက်ခုံး၊ မျက်လုံး၊ ဆံကေသာ အပြစ် ပြောစရာမရှိအောင် လှပတဲ့ မင်းသမီးလေး ဖြစ်ပြီး သူမကို ချစ်တဲ့ ပရိသတ် တွေ က တော့ ချစ်စနိုးနဲ့ စူစူ ဆိုပြီး ခေါ် ကြပါတယ်။ ပရိသတ်တွေက စူစူ လို့ ချစ်စနိုးနဲ့ခေါ်ကြတဲ့ မင်းသမီးချောလေး အိချောပိုကတော့ အပြစ်ရယ်လို့ ဆိုဖွယ်ရာမရှိတဲ့

သဘာဝအလှကို ပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။ အိချောပိုက ဗီဒီယိုဇာတ်ကားတွေကနေ နာမည်ကြီးလာခဲ့ပြီး အခုဆိုရင် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ထင်ရှားကျော်ကြားတဲ့ မင်းသမီးတစ်လက်ဖြစ်လို့ နေပြီပဲ ဖြစ်ပါတယ်။ မင်းသမီး အိချောပိုကတော့ အနုပညာလောကမှာ အောင်မြင်မှုတွေနဲ့ ရပ်တည်လာခဲ့ပြီးပရိသတ်တွေရဲ့ ချစ်ခြင်းမေတ္တာတွေကို အပြည့်အဝရရှိထားတဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ သူမဟာ ဆွဲဆောင်မှုရှိတဲ့ အလှတရားတွေအပြင် သွယ်လျလှပတဲ့ ကိုယ်လုံးလေးကို ပိုင်ဆိုင်ထားတာကြောင့်

ပရိသတ်တွေရဲ့ အားကျချစ်ခင်မှုတွေကို အပြီးအပိုင်သိမ်းပိုက်ထားနိုင်သူပဲ ဖြစ်ပါတယ်။ ပရိသတ်တွေ ကလည်း အိချောပို ရဲ့ အနုပညာ လှုပ်ရှားမှုအားလုံးကို စိတ်ဝင်စားစွာနဲ့ စောင့်ကြည့်အားပေးနေကြတာပဲ ဖြစ်ပါတယ်။ ပြည်သူချစ်မင်းသမီးတစ်ယောက်ပီပီ အိချောပိုဟာ လက်ရှိနိုင်ငံရေးမငြိမ်မသက်ရှိနေစဉ်အတွင်းမှာ ပြည်သူ့ဘက်ရပ်တည်နေသူတစ်ယောက်ပါပဲ။ ခါးသေးရင်ချီ မယ်မဒီလေးလို အပြစ်ပြောစရာမရှိအောင် လှပလွန်းနေတဲ့ အိချောပိုကတော့ ဝတ်စားဆင်ယဉ်မှုမှာလည်းဘယ်လိုဖက်ရှင်ပဲဖြစ်ဖြစ်

လိုက်ဖက်ညီညီ ဝတ်ဆင်တတ်ပေမယ့်မြန်မာဝတ်စုံလေးတွေနဲ့ဆို ပိုပြီးလိုက်ဖက်ပြီး ကျက်သရေရှိနေတဲ့ သူတစ်ယောက်ပါ။ ဒီနေ့မှာတော့ အိချောပိုက တစ်နိုင်ငံလုံးနီးပါး Boycott လုပ်ထားတဲ့ Tik Tok အကောင့်ကို ပြန်သုံးနေကြသူတွေကို “TikTok ကပြန်သုံးနေကြပြီလားဟင် ? သိပါဘူး ကျမဆို မသုံးတာ ၁ နှစ်တောင်ကျော်ပြီ၊ ဒီအကောင့်တစ်ခုပဲ ကျမအကောင့်နော်” ဆိုပြီး မေးခွန်းထုတ်လာခဲ့တာပဲဖြစ်ပါတယ်။

အိချောပိုလို လူသိများပြီး ပရိသတ်နဲ့အမြဲတမ်းထိတွေ့နိုင်အောင် ကြိုးစားနေရတဲ့ မင်းသမီးတောင် Tik Tok ကို Boycott လုပ်ပြီး မသုံးဖြစ်ပေမယ့်အချို့မင်းသမီးတွေကတော့ Tik Tok ကို ပေါ်ပေါ်ထင်ထင်ပြန်သုံးနေကြတာကို တွေ့ရပါတယ်။ ပရိတ်သတ်ကြီးရောဘယ်လိုမြင်လည်းကောမန့်မှာရေးပေးခဲ့ကြပါဦးနော်။

ZawGyi ဖြင့်ဖတ်ရန်






Leave a Reply

Your email address will not be published.