အနားမှာရှိနေတုန်းကတန်ဖိုးထားရကောင်းမှန်းမသိခဲ့ပဲ ခုလိုထားသွားမှနောင်တကြီးစွာရမိတယ်ဆိုတဲ့ ခင်လှိုင်
သရုပ်ဆောင်တစ်ယောက်လည်းဖြစ်သလို ဒါရိုက်တာ တစ်ယောက်လည်းဖြစ်တဲ့ ခင်လှိုင်ကတော့ အနုပညာလောကမှာ မသိတဲ့သူမရှိလောက်အောင် ထင်ရှားတဲ့ အနုပညာရှင်တစ်ယောက် ဖြစ်ပါတယ်။ ခင်လှိုင်ကတော့ ပရိသတ်တွေအပေါ် စေတနာထားပြီး အလုပ်အပေါ်ကိုလည်း သစ္စာရှိတာကြောင့်
တစ်နေ့ထက်တစ်နေ့ အောင်မြင်လာခဲ့တာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် စိတ်မကောင်းစွာနဲ့ပဲ အကယ်ဒမီဆုကြီးနဲ့ လွဲချော်နေတဲ့ ခင်လှိုင်ကတော့ပရိသတ်တွေရင်ထဲကပေးတဲ့ အကယ်ဒမီဆုတွေကိုတော့အကြိမ်ကြိမ်ရရှိနေသူတစ်ယောက်ဆိုလည်း မမှားပါဘူး။ အနုပညာအလုပ်တွေရပ်နားထားခဲ့တာနှစ်နဲ့ချီကြာမြင့်ခဲ့ပြီဖြစ်တဲ့
ခင်လှိုင်ဟာ ဒီကနေ့မှာတော့ အနားမှာမရှိတော့သူတစ်ယောက်ကိုသတိရနေကြောင်း “တမ်းတစိတ် ငါ့အနားမှာမင်းရှိနေတဲ့အချိန်တုန်းကပေါ့…တန်ဖိုးထားရကောင်းမှန်းမသိခဲ့ဘူး၊ ငါ့အတွက်မင်းကအချိန်မရွေးရှိနေမယ်လို့…ရူးမိုက်စွာတွေးထားတာလေ တစ်ချို့သောမိတ်ဆွေကောင်းတွေကတော့
စေတနာစကားတွေနဲ့သတိပေးပါတယ်…ကောင်လေး သတိထား,,,တစ်နေ့မှာသူကထားသွားမှာတဲ့မှန်လိုက်တဲ့စကား…အခုတော့ကျွန်တော့်အနားမှာသူမရှိတော့ပါဘူး။ နောင်တကြီးစွာ…တောင်းပန်ပါတယ် ပြန်လာပါကွယ်…ပိုက်ဆံရယ်” လို့ဆိုကာ ခံစားချက်အပြည့်နဲ့ ကဗျာရေးစပ်သီကုံးခဲ့တာကို တွေ့ရပါတယ်။
ခင်လှိုင်ကတော့ အနုပညာအလုပ်တွေကို နှစ်နဲ့ချီရပ်နားထားတာမို့ ဝင်ငွေမရှိတော့တဲ့အတွက် ပိုက်ဆံကို တမ်းတသတိရကြောင်း ခံစားချက်အပြည့်နဲ့ ပြောလာတာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးထဲမှာလည်း ခင်လှိုင်နဲ့ ခံစားချက်ချင်းထပ်တူကျနေသူတွေ အများအာပားရှိနေမယ် ဆိုတာ သေချာပါတယ်။ ခရက်ဒစ်
ZawGyi ဖြင့်ဖတ်ရန်
Leave a Reply
Your email address will not be published.