ပရဟိတကိုဗန်းပြကာလုပ်စား​ေနတယ်ဆိုပြီး ဝေဖန်မူ့တွေကြောင့်ဘာမှဆက်မလုပ်ပဲနားတော့မယ်လို့ဆိုလာခဲ့ရှာတဲ့ လူရွှင်တော်မိုးစက်

လူရွှင်တော် မိုးစက် ကတော့ လတ်တလော နိုင်ငံရေးအခြေအနေနဲ့ ကိုဗစ်ရောဂါကူးစက်မှုဖြစ်ပေါ်နေတဲ့ အချိန်ကာလတွေမှာ အကြောင်းအမျိုးမျိုးကြောင့် စားဝတ်နေရေးအတွက် အခက်အခဲဖြစ်နေတဲ့ မိသားစုတွေနဲ့ အသက်အရွယ်ကြီးမြင့်နေတဲ့ ဖိုးဖိုးဖွားဖွားတွေကို တစ်ဖက်တစ်လမ်းကနေ ကူညီလှူဒါန်းမှုတွေ လုပ်ပေးပြီး မွန်မြတ်တဲ့ ပရဟိတအလုပ်တွေကို

လုပ်ကိုင်ပေးနေတာ ဖြစ်ပါတယ်။ သူ့ရဲ့အလှူလေးတွေမှာ အနယ်နယ်အရပ်ရပ်ကနေ စေတနာရှင်များရဲ့ လှူဒါန်းမှုတွေနဲ့ အတူ လှူဒါန်းထောက်ပံ့ပေးနေတာ ဖြစ်ပါတယ်။ သူပြုလုပ်ခဲ့တဲ့ ကုသိုလ်ကောင်းမှုတွေကိုလည်း ပရိသတ်တွေ ထပ်တူသာဓုခေါ်နိုင်အောင် အမြဲဖော်ပြလေ့ရှိပါတယ်။ လူရွှင်တော် မိုးစက် ဟာ စိတ်မကောင်းစွာ အသိပေးချက်လေးတစ်ခုကို

ရေးသားထားပါတယ်။ လူရွှင်တော် မိုးစက် ဟာ ပရဟိတ နဲ့လုပ်စားနေတယ်လို့ ဝေဖန်မူ့တွေနဲ့ပတ်သတ်ပြီး အခုလိုပဲ ပြောကြားလာခဲ့ပါတယ်။ ” မီဒီယာအမြဲ ခေါ်တယ် ပရဟိတ နဲ့ လုပ်စားတယ် ဘာညာပြောကြတော့ ကျွန်တော့် ဇနီးက စိတ်မကောင်းဖြစ်ပြီး Messenger အထိ အဲ့လူတွေကို သွားပြောတယ် ။ မီဒီယာ က အရေးကြီးတဲ့ ငွေကြေးရှင်းတမ်းတွေမှာ

သူတို့လဲလာရောက်ချိတ်ဆက်တဲ့အတွက်ထည့်ပေးရပါတယ်ဗျ ။များသောအားဖြင့် ကျွန်တော့်ဖာသာ ရိုက်တင်တာ များပါတယ် ။သူ့ကလဲ ကျွန်တော်ဘယ်သွားသွား အမြဲလိုက်ပြီး ကျွန်တော် ပင်ပန်းသလို ထပ်တူပင်ပန်းတာပါ။ ကျွန်တော့်ရဲ့ ပါရမီဖြည့်ဖက်ဆိုတော့ ကျွန်တော့်ကို ထိရင် မရပါဘူး ။ အခုလဲ သူ့ကို ပြောထားရတယ်ကျွန်တော်က အနုပညာသမားဖြစ်တဲ့အတွက်

ကျွန်တော်တို့ ဒီထပ်ပိုပြီး သည်းခံကြဖို့လိုတယ်။ ခံနိုင်ရည် ရှိဖို့လိုတယ် လို့ ။ဒါပေမယ့်… ကူညီစောင့်ရှောက်မှူ အရှိန်ကောင်းလာတာနဲ့အမျှ ဝေဖန်သံတွေ များလာတဲ့ အခါနားရတော့မယ်လို့ ကိုယ့်ကိုယ်ကို သံပါတ်ပေးမိပါတယ် ။ သိပ်မကြာတော့ပါဘူး လုပ်ပေးနိုင်သ၍တော့ လုပ်ပေးဦးမှာပါ ။” လို့ စိတ်မကောင်းစွာ ရေးသားထားတာကို တွေ့ရပါတယ်။

လူရွှင်တော် မိုးစက် ဟာ အနုပညာရှင်တွေသာမက အဆင်မပြေတဲ့အိမ်ထောင်စုတွေကိုတွေ့ရင်လည်း အမြဲတမ်း တတ်စွမ်းသလောက်ကူညီခဲ့တဲ့ စေတနာကောင်းသူတစ်ယောက်လည်းဖြစ်ပါတယ်။ အဆုံးထိဖတ်ရှု့ပေးတဲ့ စာဖတ်ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။ ခရက်ဒစ်

ZawGyi ဖြင့်ဖတ်ရန်

လူ႐ႊင္ေတာ္ မိုးစက္ ကေတာ့ လတ္တေလာ နိုင္ငံေရးအေျခအေနနဲ႕ ကိုဗစ္ေရာဂါကူးစက္မႈျဖစ္ေပၚေနတဲ့ အခ်ိန္ကာလေတြမွာ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ စားဝတ္ေနေရးအတြက္ အခက္အခဲျဖစ္ေနတဲ့ မိသားစုေတြနဲ႕ အသက္အ႐ြယ္ႀကီးျမင့္ေနတဲ့ ဖိုးဖိုးဖြားဖြားေတြကို တစ္ဖက္တစ္လမ္းကေန ကူညီလႉဒါန္းမႈေတြ လုပ္ေပးၿပီး မြန္ျမတ္တဲ့ ပရဟိတအလုပ္ေတြကို

လုပ္ကိုင္ေပးေနတာ ျဖစ္ပါတယ္။ သူ႕ရဲ႕အလႉေလးေတြမွာ အနယ္နယ္အရပ္ရပ္ကေန ေစတနာရွင္မ်ားရဲ႕ လႉဒါန္းမႈေတြနဲ႕ အတူ လႉဒါန္းေထာက္ပံ့ေပးေနတာ ျဖစ္ပါတယ္။ သူျပဳလုပ္ခဲ့တဲ့ ကုသိုလ္ေကာင္းမႈေတြကိုလည္း ပရိသတ္ေတြ ထပ္တူသာဓုေခၚနိုင္ေအာင္ အၿမဲေဖာ္ျပေလ့ရွိပါတယ္။ လူ႐ႊင္ေတာ္ မိုးစက္ ဟာ စိတ္မေကာင္းစြာ အသိေပးခ်က္ေလးတစ္ခုကို

ေရးသားထားပါတယ္။ လူ႐ႊင္ေတာ္ မိုးစက္ ဟာ ပရဟိတ နဲ႕လုပ္စားေနတယ္လို႔ ေဝဖန္မူ႕ေတြနဲ႕ပတ္သတ္ၿပီး အခုလိုပဲ ေျပာၾကားလာခဲ့ပါတယ္။ ” မီဒီယာအၿမဲ ေခၚတယ္ ပရဟိတ နဲ႕ လုပ္စားတယ္ ဘာညာေျပာၾကေတာ့ ကြၽန္ေတာ့္ ဇနီးက စိတ္မေကာင္းျဖစ္ၿပီး Messenger အထိ အဲ့လူေတြကို သြားေျပာတယ္ ။ မီဒီယာ က အေရးႀကီးတဲ့ ေငြေၾကးရွင္းတမ္းေတြမွာ

သူတို႔လဲလာေရာက္ခ်ိတ္ဆက္တဲ့အတြက္ထည့္ေပးရပါတယ္ဗ် ။မ်ားေသာအားျဖင့္ ကြၽန္ေတာ့္ဖာသာ ရိုက္တင္တာ မ်ားပါတယ္ ။သူ႕ကလဲ ကြၽန္ေတာ္ဘယ္သြားသြား အၿမဲလိုက္ၿပီး ကြၽန္ေတာ္ ပင္ပန္းသလို ထပ္တူပင္ပန္းတာပါ။ ကြၽန္ေတာ့္ရဲ႕ ပါရမီျဖည့္ဖက္ဆိုေတာ့ ကြၽန္ေတာ့္ကို ထိရင္ မရပါဘူး ။ အခုလဲ သူ႕ကို ေျပာထားရတယ္ကြၽန္ေတာ္က အႏုပညာသမားျဖစ္တဲ့အတြက္

ကြၽန္ေတာ္တို႔ ဒီထပ္ပိုၿပီး သည္းခံၾကဖို႔လိုတယ္။ ခံနိုင္ရည္ ရွိဖို႔လိုတယ္ လို႔ ။ဒါေပမယ့္… ကူညီေစာင့္ေရွာက္မႉ အရွိန္ေကာင္းလာတာနဲ႕အမွ် ေဝဖန္သံေတြ မ်ားလာတဲ့ အခါနားရေတာ့မယ္လို႔ ကိုယ့္ကိုယ္ကို သံပါတ္ေပးမိပါတယ္ ။ သိပ္မၾကာေတာ့ပါဘူး လုပ္ေပးနိုင္သ၍ေတာ့ လုပ္ေပးဦးမွာပါ ။” လို႔ စိတ္မေကာင္းစြာ ေရးသားထားတာကို ေတြ႕ရပါတယ္။

လူ႐ႊင္ေတာ္ မိုးစက္ ဟာ အႏုပညာရွင္ေတြသာမက အဆင္မေျပတဲ့အိမ္ေထာင္စုေတြကိုေတြ႕ရင္လည္း အၿမဲတမ္း တတ္စြမ္းသေလာက္ကူညီခဲ့တဲ့ ေစတနာေကာင္းသူတစ္ေယာက္လည္းျဖစ္ပါတယ္။ အဆုံးထိဖတ္ရႈ႕ေပးတဲ့ စာဖတ္ပရိသတ္ႀကီးကို ေက်းဇူးအထူးတင္ရွိပါတယ္။ ခရက္ဒစ္

Leave a Reply

Your email address will not be published.