ဟွန်းတီးသပိတ်ဆင်နွှဲရန် ဒေါက်တာတေဇာဆန်း တိုက်တွန်းပြောကြား

မေ၂၃ရက်

ဟွန်းတီးသပိတ်ဆင်နွှဲရန် ဒေါက်တာတေဇာဆန်း
တိုက်တွန်းလိုက်ပါတယ်။

မေလတွင်း လူမှုကွန်ရက်မှာ ဒေါက်တာတေဇာဆန်းကရေးသားပြောကြားထားပါတယ်။

“အားလုံးမှတ်မိကြဦးမယ်ထင်ပါတယ်။ ကျနော်တို့ နွေဦးတော်လှန်ရေးကို “ဟွန်းတီးသပိတ်” တွေနဲ့ မြိုင်မြိုင်ဆိုင်ဆိုင် စခဲ့ကြတာလေ။အခုအခြေအနေမှာ စစ်ကောင်စီရဲ့ အကြမ်းဖက်၊ သတ်ဖြတ်၊ နှိပ်စက်မှုတွေကြောင့် လမ်းမထက်က လူထုသပိတ်တွေက တစ်စုံတစ်ရာ အင်အားနည်းလာသလို ရှိလာပါတယ်။အကြောင်းကြောင်းကြောင့် ဒီလမ်းမထက်က လူထုသပိတ်တွေမှာ မပူးပေါင်းနိုင်သော်လည်း ကျနော်တို့ လုပ်စရာ သပိတ်နည်းနာတွေလည်း အများကြီးရှိပါတယ်။ ဥပမာ၊ ကျနော်တို့ ည (၈) နာရီတိုင်း ပုံမှန်လုပ်နေကြ “သံပုံးတီး” သပိတ်၊ ည (၈:၁၅) နာရီ “မီးပိတ်” သပိတ်လိုမျိုးပေါ့။ ဒါတွေကို ကျနော်တို့ မပျက်မကွက် ဆင်နွှဲနေကြဖို့ လိုအပ်ပါတယ်”လို့ဆိုထားပါတယ်။

စစ်အာဏာရှင်စနစ်ကိုဆန့်ကျင်တဲ့အနေနဲ့ ကားဟွန်းတီးမှုများ လုပ်ခဲ့ပါတယ်။

“အခုတော့ ကျနော်တို့ “ဟွန်းတီးသပိတ်” တွေ မြိုင်မြိုင်ဆိုင်ဆိုင် ပြန်လုပ်ကြဖို့ အချိန်တန်ပြီလို့ နှိုးဆော်တိုက်တွန်းအပ်ပါသည်။ သွားရင်းလာရင်း လမ်းဆုံလမ်းခွ၊ လမ်းမီးပွိုင်စောင့်ရင်းလည်း “ဟွန်းတီးသပိတ်” လုပ်ကြမယ်။ ကားဟွန်းသံ၊ ဆိုင်ကယ်ဟွန်းသံ ညံစေရမည်။ ကျနော်တို့ ဟွန်းတီးလို့ အာဏာရှင်ကို တော်လှန်ကြမယ်။ဘယ်သူကများ စပြီးဟွန်းတီးမှာလဲဆိုပြီး သူများကို စောင့်မနေပါနဲ့။ ကိုယ်ကသာ စတီးလိုက်ပါ။ နောက်က လိုက်ပါမယ့် ပြည်သူတွေက အသင့်‌ပါပဲဆိုတာ မနေ့နဲ့ ဒီနေ့ ကျနော်တို့မန်းလေးက ဟွန်းတီးသပိတ်များက သက်သေပြပြီး ဖြစ်ပါတယ်။တစ်နိုင်ငံလုံး “ဟွန်းတီးသပိတ်” တွေ မြိုင်မြိုင်ဆိုင်ဆိုင် ဆင်နွှဲကြပါစို့”လို့ ဒေါက်တာတေဇာဆန်းကဆိုထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *