ဒီတခါအိမ်ထောင်သစ်ထူထောင်ဖြစ်ရင်တော့ ဦးနှောက်နဲ့ပဲစဥ်းစားမယ်ဆိုတဲ့ ရွှေရည်သိန်းတန်
ဂန္တဝင်အဆိုတော်ကြီး တွံတေးသိန်းတန် ရဲ့သမီးဖြစ်သူ အဆိုတော် ရွှေရည်သိန်းတန် ဟာ မြန်မာသံစဥ်ကို ချစ်မြတ်နိုးသူတစ်ဦးဖြစ်ပြီး မြန်မာဝတ်စုံတွေကို စွဲစွဲမြဲမြဲဝတ်ဆင်လေ့ရှိသူတစ်ဦးဖြစ်ပါတယ်။ ကိုဗစ်တတိယလှိုင်းမှာ ခင်ပွန်းဖြစ်သူ အောက်ဆီဂျင်ကျပြီး ရုတ်တရက် ကွယ်လွန်သွားခဲ့ပါတယ်။ ဒါကြောင့်လဲ သူမဟာ စီးပွားရေးလုပ်ငန်းတွေကိုတစ်ဦးထဲသာ
ဦးဆောင်လုပ်ကိုင်နေရပြီး ဘဝကိုတစ်ကိုယ်တည်း ဖြတ်သန်းနေရတာပဲ ဖြစ်ပါတယ်။ ရွှေရည်သိန်းတန် ဟာ သူမကို လူမှု့ကွန်ယက်ပေါ်ကနေ နှောက်ယျှက်နေတဲ့ ယောက်ကျားအချိူ့ကို ပြတ်ပြတ်သားသားပြောလိုက်ပါတယ်။ အဆိုတော်‌ ရွှေရည်သိန်းတန် က အိမ်ထောင်သစ် ထူထောင်မယ်ဆိုရင် ဦးနှောက်နဲ့ပဲ စဥ်းစားမယ်ဆိုတဲ့အကြောင်းကို ” Messenger ကနေ
တနေ့တနေ့ hi နေရတာပင်ပန်းမှာစိုးလို့ပါ၊ ကျွန်မအသက် ၄၁ နှစ်ရှိပါပြီ.. ကျွန်မ ဘဝလမ်းကြမ်းတမ်းခဲ့ပါသည်.. လူတွေအကြောင်းလည်း အတော်အတန်ထက်ပိုသိပါသည်.. ယောက်ျားတယောက်က hi လိုက်တိုင်း…မ လို့ ခေါ်လိုက်တိုင်း..ချစ်တယ်လာပြောတိုင်း..သာယာဖို့..ကျွန်မဘဝ.ကျွန်မ အတွေ့အကြုံ ကျွန်မအသိဥာဏ်ကခွင့်မပြုပါဘူး..ကျွန်မအသက်အရွယ်
ဘဝအနေအထားနှင့်..လူသစ်တယောက်ကို ဘယ်တော့မှ ခေါင်းထဲမထည့်ပါဘူး..လူသစ်တယောက်ကိုအချိန်ပေးပြီးယုံကြည်မှုကို မတည်ဆောက်နိုင်ပါဘူး.. လူသစ်တယောက်ရဲ့အလုပ်သဘောတွေကို မသိချင်ယောင်ဆောင်ပြီး ဘဝကိုထိုးမအပ်နိုင်ပါဘူး၊ ဘဝမှာ ဆွေမျိုးညီအကိုမောင်နှမ မိဘမရှိတဲ့ မိန်းမ တယောက်ထဲလျှောက်လို့မဖြစ်တော့ပါဘူးဆိုရင်တောင်
ကျွန်မလူသစ်တယောက်ကို ဦးနှောက်မပါပဲ.ဘာအကြောင်းပြချက်နှင့်မှ မရွေးချယ်ပါဘူး..ဒီလောက်သိထားရင် phone bill အကုန်ခံဖို့သင့်မသင့် သိဖို့ကောင်းလောက်ပါပြီ၊ ကျွန်မ ဂျင်းကောင်မဟုတ်ဖူး ခေါင်းကြီးတို့….ဪ။ လူသစ်မရွေးဖူးဆိုလို့ တမျိုးလည်း ချတွေးမနေနက်…တွင်းဟောင်းနက်နက်ထဲလည်း သေတဲ့အထိ ပြန်ခုန်မဆင်းဘူးနော်..သိဘို့ ” လို့သူမရဲ့
လူမှု့ကွန်ယက်ပေါ်ကနေ ရေးသားသတိပေးလိုက်ပါတယ်။ ကဲပရိသတ်ကြီးရေ အဆိုတော် ရွှေရည်သိန်းတန် ကတော့ အိမ်ထောင်သစ်ထူထောင်ဖို့ လက်ရှိမှာ စိတ်ကူးမရှိဘူးလို့ ပြတ်ပြတ်သားသားပြောလိုက်ပါတယ်နော်။ ဒါအပြင် အိမ်ထောင်သစ် ထူထောင်ဖြစ်ခဲ့တယ်ဆိုရင် ဦးနှောက်နဲ့ပဲ ရွေးချယ်ချင်တယ်လို့ ရေးသားထားတဲ့ သတင်းလေးကို ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေတင်ဆက်ပေးလိုက်ပါတယ်။
ZawGyi ဖြင့်ဖတ်ရန်
Leave a Reply
Your email address will not be published.