စားဝတ်နေရေးအတွက်နေပူကြီးထဲမှာရေခဲထုပ်ရောင်းပြီး ရုန်းကန်နေရရှာတဲ့အဖွားတစ်ဉီးအား ထောက်ပံကူညီပေးခဲ့ပြန်သော မိုးစက်

လူရွှင်တော်မိုးစက်ကတော့ အနုပညာအလုပ်တွေနဲ့ ပရိသတ်တွေကိုရယ်မောပျော်ရွှင်စေရုံတင်မကဘဲ လှူဒါန်းမှုတွေလည်းမကြာခဏပြုလုပ်နေသူ ဖြစ်ပါတယ်။သက်ကြီးရွယ်အိုအနုပညာရှင်တွေကို လှူဒါန်းနေတဲ့အပြင် စားဝတ်နေရေးခက်ခဲကာဒုက္ခတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ပြည်သူတွေရဲ့အခက်အခဲတွေကိုပါ

တတ်နိုင်သလောက် ကူညီပေးနေသူလည်း ဖြစ်ပါတယ်။ သူရဲ့ အလှူလေးတွေကိုလည်း အများသူငါ မြင်တွေ့ပြီး ပီတိဖြစ်ရအောင်လည်း အမြဲလိုလို ဝေမျှပေးလေ့ရှိပါတယ် ။ အခုလည်း အသက်အရွယ်ကြီးပေမယ့် ဝမ်းရေးအတွက် နေပူထဲမှာရေခဲထုပ်ရောင်းပြီး လုပ်ကိုင်ရှာဖွေနေရတဲ့ အဖွားတစ်ဦးအား

လှူဒါန်းခဲ့ပါသေးတယ်။ လှူဒါန်းခဲ့ပုံကို တော့“အဖွားက ဒီလှိုင်သာယာ မှာဘဲနေတာပါလောလောဆယ် နေစရာအိမ် မရှိတော့လိုသူများအိမ်မှာ ကပ်နေရတယ်…”“ဟာ…စိတ်မကောင်းလိုက်တာအဖွားရယ်ဟိုလေ …တစ်နေ့ကိုရော ဘယ်လောက်လောက်မြတ်လဲ အဖွား…”“၃၀၀၀ လောက်တော့ မြတ်ပါတယ်သား…”၊

“ဟုတ်ကဲ့ ဒါနဲ့ အဖွားတစ်ယောက်ထဲသူများအိမ်မှာနေတာလား…”“ဟုတ်ပါတယ် သား မြေးလေးကိုတော့တောကို ပြန်ပိုထားလိုက်တယ်…”“ကဲဗျာ ဒါဆို အဖွားဆီကဒီနေ့ အားပေးလိုက်မယ်…တစ်ထုပ် ၁၀၀ ဆိုတော့ ၅ထုပ်ပေးနော်…”၊ “ဟုတ်ကဲ့ သား…”“ကဲ ရော့ အဖွား ရေခဲထုပ် (၅)ထုပ်ဖိုး..”“ဟာ…သားရယ် ပိုက်ဆံတွေက

အများကြီး ဘဲ”“ဟုတ် တစ်သိန်းကျပ် ပါနေပူ ထဲမှာ ရုန်းကန်နေရတဲ့ အဖွားကိုလေးစားလိုပါ …သား တစ်ယောက်ထဲ လှူတာမဟုတ်ပါဘူးသားနဲ့၊ ပူးပေါင်းပါဝင်သူတွေကြောင့်အဖွားကိုလှူခွင့်ရတာပါ“ကျေးဇူးတင်ပါတယ်သားရယ်”ဝမ်းသာမျက်ရည်တွေကျလာတဲ့အဖွားကိုနှစ်သိမ့်ပေးပြီးကျွန်တော်ပြန်လာခဲ့ပါတယ်။

နေပူထဲမှာ ရုန်းကန်နေရတဲ့အဖွားအတွက်လှူပေးလိုက်ရတာဟာဒီလအတွင်းခဏတာ ထီးလေးအဖြစ်ဒီငွေအမောက်လေးက အရိပ်ရလောက်မှာပါ။ကျွန်တော်နဲ့အတူ ပူးပေါင်းပါဝင်ကြတဲ့ တစ်ဦးတစ်ယောက်စီတိုင်းကိုကျေးဇူးတင်လျက်ပါခင်ဗျာဆိုပြီးရေးသားထားတာလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

ZawGyi ဖြင့်ဖတ်ရန်

လူ႐ႊင္ေတာ္မိုးစက္ကေတာ့ အႏုပညာအလုပ္ေတြနဲ႕ ပရိသတ္ေတြကိုရယ္ေမာေပ်ာ္႐ႊင္ေစ႐ုံတင္မကဘဲ လႉဒါန္းမႈေတြလည္းမၾကာခဏျပဳလုပ္ေနသူ ျဖစ္ပါတယ္။သက္ႀကီး႐ြယ္အိုအႏုပညာရွင္ေတြကို လႉဒါန္းေနတဲ့အျပင္ စားဝတ္ေနေရးခက္ခဲကာဒုကၡေတြနဲ႕ ရင္ဆိုင္ႀကဳံေတြ႕ေနရတဲ့ ျပည္သူေတြရဲ႕အခက္အခဲေတြကိုပါ

တတ္နိုင္သေလာက္ ကူညီေပးေနသူလည္း ျဖစ္ပါတယ္။ သူရဲ႕ အလႉေလးေတြကိုလည္း အမ်ားသူငါ ျမင္ေတြ႕ၿပီး ပီတိျဖစ္ရေအာင္လည္း အၿမဲလိုလို ေဝမွ်ေပးေလ့ရွိပါတယ္ ။ အခုလည္း အသက္အ႐ြယ္ႀကီးေပမယ့္ ဝမ္းေရးအတြက္ ေနပူထဲမွာေရခဲထုပ္ေရာင္းၿပီး လုပ္ကိုင္ရွာေဖြေနရတဲ့ အဖြားတစ္ဦးအား

လႉဒါန္းခဲ့ပါေသးတယ္။ လႉဒါန္းခဲ့ပုံကို ေတာ့“အဖြားက ဒီလွိုင္သာယာ မွာဘဲေနတာပါေလာေလာဆယ္ ေနစရာအိမ္ မရွိေတာ့လိုသူမ်ားအိမ္မွာ ကပ္ေနရတယ္…”“ဟာ…စိတ္မေကာင္းလိုက္တာအဖြားရယ္ဟိုေလ …တစ္ေန႕ကိုေရာ ဘယ္ေလာက္ေလာက္ျမတ္လဲ အဖြား…”“၃၀၀၀ ေလာက္ေတာ့ ျမတ္ပါတယ္သား…”၊

“ဟုတ္ကဲ့ ဒါနဲ႕ အဖြားတစ္ေယာက္ထဲသူမ်ားအိမ္မွာေနတာလား…”“ဟုတ္ပါတယ္ သား ေျမးေလးကိုေတာ့ေတာကို ျပန္ပိုထားလိုက္တယ္…”“ကဲဗ်ာ ဒါဆို အဖြားဆီကဒီေန႕ အားေပးလိုက္မယ္…တစ္ထုပ္ ၁၀၀ ဆိုေတာ့ ၅ထုပ္ေပးေနာ္…”၊ “ဟုတ္ကဲ့ သား…”“ကဲ ေရာ့ အဖြား ေရခဲထုပ္ (၅)ထုပ္ဖိုး..”“ဟာ…သားရယ္ ပိုက္ဆံေတြက

အမ်ားႀကီး ဘဲ”“ဟုတ္ တစ္သိန္းက်ပ္ ပါေနပူ ထဲမွာ ႐ုန္းကန္ေနရတဲ့ အဖြားကိုေလးစားလိုပါ …သား တစ္ေယာက္ထဲ လႉတာမဟုတ္ပါဘူးသားနဲ႕၊ ပူးေပါင္းပါဝင္သူေတြေၾကာင့္အဖြားကိုလႉခြင့္ရတာပါ“ေက်းဇူးတင္ပါတယ္သားရယ္”ဝမ္းသာမ်က္ရည္ေတြက်လာတဲ့အဖြားကိုႏွစ္သိမ့္ေပးၿပီးကြၽန္ေတာ္ျပန္လာခဲ့ပါတယ္။

ေနပူထဲမွာ ႐ုန္းကန္ေနရတဲ့အဖြားအတြက္လႉေပးလိုက္ရတာဟာဒီလအတြင္းခဏတာ ထီးေလးအျဖစ္ဒီေငြအေမာက္ေလးက အရိပ္ရေလာက္မွာပါ။ကြၽန္ေတာ္နဲ႕အတူ ပူးေပါင္းပါဝင္ၾကတဲ့ တစ္ဦးတစ္ေယာက္စီတိုင္းကိုေက်းဇူးတင္လ်က္ပါခင္ဗ်ာဆိုၿပီးေရးသားထားတာေလးကို ျပန္လည္မွ်ေဝေပးလိုက္ပါတယ္ေနာ္။

Leave a Reply

Your email address will not be published.