ဒိုလေးနဲ့ ဆန်ချိုတို့ကို ကျော်ပြီး တစ်လတာ အကောင်းဆုံးဆု ရရှိခဲ့တဲ့ မန်ယူဂိုးသမား ဒီဂီယာ

Zawgyi

မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ဒီရာသီမွာ သူ႔ရဲ႕အေကာင္းဆုံးပုံစံနဲ႔ လက္စြမ္းျပခဲ့တဲ့ ေဒးဗစ္ဒီဂီယာတစ္ေယာက္ကေတာ့ တစ္လတာအေကာင္းဆုံးကစားသမားဆုကို ဆြတ္ခူးသြားခဲ့ပါတယ္။

ႏိုဝင္ဘာလအတြက္ ကလပ္၏တစ္လတာအေကာင္းဆုံးကစားသမားအျဖစ္ သတ္မွတ္ခံရၿပီးေနာက္ မန္ယူပရိသတ္မ်ားအား ၎တို႔၏ေထာက္ခံအားေပးမႈအတြက္ ဆက္လက္ေက်းဇူးတင္ရွိေနသည့္ ေဒးဗစ္ဒီဂီယာက ေျပာၾကားခဲ့သည္။


စပိန္သားသည္ ယခုရာသီတြင္ ယူႏိုက္တက္ကို အႀကိမ္ေပါင္းမ်ားစြာ ကယ္တင္ခဲ့ရၿပီး ဆိုး႐ြားေသာရာသီအစတြင္ ထူးထူးျခားျခား တိုးတက္ေအာင္ျမင္ခဲ့သည့္ ကစားသမားမ်ားထဲမွ တစ္ဦးျဖစ္ေနသည္။

ဒီဂီယာ၏ပုံစံသည္ 2018 ခုႏွစ္ ေဖေဖာ္ဝါရီလေနာက္ပိုင္း ပထမဆုံးအႀကိမ္ တစ္လတာအေကာင္းဆုံးဆုကို ဆြတ္ခူးႏိုင္ရန္ ဆန္ခါတင္စာရင္းဝင္ Cristiano Ronaldo ႏွင့္ Jadon Sancho တို႔နဲ႔ အၿပိဳင္အဆိုင္ျဖစ္ၿပီး

အႏိုင္ယူခဲ့သည္။အေတြ႕အႀကဳံရင့္ ဂိုးသမားသည္ သီတင္းပတ္ကုန္က ခရစၥတယ္ပဲေလ့စ္ႏွင့္ပြဲတြင္ ရွားရွားပါးပါး Clean Sheet ျဖင့္ ေအာင္ပြဲခံခဲ့ၿပီး ယခု ဆုရရွိသည့္အတြက္ ဝမ္းေျမာက္မိေၾကာင္း ေဖာ္ျပခဲ့သည္။

“ကြၽန္ေတာ္က အသင္းကို ကူညီဖို႔ပဲ ရွိတာပါ” ဟု ကလပ္အသင္း မီဒီယာသို႔ ေျပာၾကားခဲ့သည္။ “အေရးႀကီးတဲ့အခိုက္အတန႔္ေတြမွာ ကြၽန္ေတာ္ ကယ္တင္ဖို႔ႀကိဳးစားတယ္။ အဲဒါေၾကာင့္ ကြၽန္ေတာ္ဒီကိုေရာက္လာတယ္၊ အသင္းကိုကူညီဖို႔ပါ။

ေလာေလာဆယ္မွာ ကြၽန္ေတာ္ေကာင္းေကာင္းလုပ္ေဆာင္ေနၿပီး အသင္းကိုကူညီေပးေနပါတယ္။ ဒါက ကြၽန္ေတာ့္အလုပ္ပါ။႐ိုး႐ိုးသားသား ေျပာရရင္ ရာသီအစကတည္းက ကြၽန္ေတာ္ အရမ္းေကာင္းေနခဲ့ပါတယ္၊

အရမ္းယုံၾကည္မႈရွိၿပီး စိတ္ထဲမွာလည္း အရမ္းသန္မာပါတယ္။ ဒါေၾကာင့္ အခုလို ဆုရလို႔ အရမ္းေပ်ာ္ပါတယ္။ ပရိသတ္ေတြကိုလည္း ေက်းဇူးတင္ပါတယ္။ ကလပ္အသင္းမွာ ရက္သတၱပတ္အနည္းငယ္ၾကာ

ခက္ခဲ ခဲ့ေပမယ့္ ေနာက္ဆုံးရလဒ္ေတြက ကြၽန္ေတာ္တို႔အတြက္ ေကာင္းမြန္ခဲ့ပါတယ္။ ဒါေၾကာင့္ ဆက္ၿပီး အစြမ္းကုန္ ႀကိဳးစားၾကပါစို႔။” ဟုသတိ‌ေပးေျပာၾကားခဲ့ပါတယ္။

Unicode

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ဒီရာသီမှာ သူ့ရဲ့အကောင်းဆုံးပုံစံနဲ့ လက်စွမ်းပြခဲ့တဲ့ ဒေးဗစ်ဒီဂီယာတစ်ယောက်ကတော့ တစ်လတာအကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးသွားခဲ့ပါတယ်။

နိုဝင်ဘာလအတွက် ကလပ်၏တစ်လတာအကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ခံရပြီးနောက် မန်ယူပရိသတ်များအား ၎င်းတို့၏ထောက်ခံအားပေးမှုအတွက် ဆက်လက်ကျေးဇူးတင်ရှိနေသည့် ဒေးဗစ်ဒီဂီယာက ပြောကြားခဲ့သည်။

စပိန်သားသည် ယခုရာသီတွင် ယူနိုက်တက်ကို အကြိမ်ပေါင်းများစွာ ကယ်တင်ခဲ့ရပြီး ဆိုးရွားသောရာသီအစတွင် ထူးထူးခြားခြား တိုးတက်အောင်မြင်ခဲ့သည့် ကစားသမားများထဲမှ တစ်ဦးဖြစ်နေသည်။

ဒီဂီယာ၏ပုံစံသည် 2018 ခုနှစ် ဖေဖော်ဝါရီလနောက်ပိုင်း ပထမဆုံးအကြိမ် တစ်လတာအကောင်းဆုံးဆုကို ဆွတ်ခူးနိုင်ရန် ဆန်ခါတင်စာရင်းဝင် Cristiano Ronaldo နှင့် Jadon Sancho တို့နဲ့ အပြိုင်အဆိုင်ဖြစ်ပြီး

အနိုင်ယူခဲ့သည်။အတွေ့အကြုံရင့် ဂိုးသမားသည် သီတင်းပတ်ကုန်က ခရစ္စတယ်ပဲလေ့စ်နှင့်ပွဲတွင် ရှားရှားပါးပါး Clean Sheet ဖြင့် အောင်ပွဲခံခဲ့ပြီး ယခု ဆုရရှိသည့်အတွက် ဝမ်းမြောက်မိကြောင်း ဖော်ပြခဲ့သည်။

“ကျွန်တော်က အသင်းကို ကူညီဖို့ပဲ ရှိတာပါ” ဟု ကလပ်အသင်း မီဒီယာသို့ ပြောကြားခဲ့သည်။ “အရေးကြီးတဲ့အခိုက်အတန့်တွေမှာ ကျွန်တော် ကယ်တင်ဖို့ကြိုးစားတယ်။ အဲဒါကြောင့် ကျွန်တော်ဒီကိုရောက်လာတယ်၊ အသင်းကိုကူညီဖို့ပါ။

လောလောဆယ်မှာ ကျွန်တော်ကောင်းကောင်းလုပ်ဆောင်နေပြီး အသင်းကိုကူညီပေးနေပါတယ်။ ဒါက ကျွန်တော့်အလုပ်ပါ။ရိုးရိုးသားသား ပြောရရင် ရာသီအစကတည်းက ကျွန်တော် အရမ်းကောင်းနေခဲ့ပါတယ်၊

အရမ်းယုံကြည်မှုရှိပြီး စိတ်ထဲမှာလည်း အရမ်းသန်မာပါတယ်။ ဒါကြောင့် အခုလို ဆုရလို့ အရမ်းပျော်ပါတယ်။ ပရိသတ်တွေကိုလည်း ကျေးဇူးတင်ပါတယ်။ ကလပ်အသင်းမှာ ရက်သတ္တပတ်အနည်းငယ်ကြာ

ခက်ခဲ ခဲ့ပေမယ့် နောက်ဆုံးရလဒ်တွေက ကျွန်တော်တို့အတွက် ကောင်းမွန်ခဲ့ပါတယ်။ ဒါကြောင့် ဆက်ပြီး အစွမ်းကုန် ကြိုးစားကြပါစို့။” ဟုသတိ‌ပေးပြောကြားခဲ့ပါတယ်။

Leave a Reply

Your email address will not be published.