Unicode:
အရာရာကိုစွန့်လွှတ်ပြီး ပြည်သူအတွက် ကိုယ်ကျိူးစွန့်ခဲ့တဲ့ ကချင်တိုင်းရင်သူလေး အဆိုတော်မိုင်မိုင်းဆိုင်အကြောင်း
PDF တပ်ဖွဲ့ဝင် မိုင်းမိုင်ဆိုင်း၏ တော်လှန်ရေးရင်ခုန်သံဒီပုံတွေတင်တာနဲ့ပတ်သက်ပြီး MCC အဖွဲ့ဝင်တစ်ယောက်က
မေး- ဘာလို့ပုံတွေတဇွတ်ထိုးတင်နေတာလဲ
နင့်ရှေ့ရေးဘယ်လိုလုပ်မလဲ၊သီချင်းဘယ်လိုဆိုစားတော့မလဲ???
ဖြေ- ကျနော်ဘာမှ မဖြစ်ချင်တော့လို့ကိုတင်တာပါ ။
ကျနော်ဟာ PDF စစ်သားတစ်ယောက်ပါ
ကျနော်လိုဘဲ အားလုံးစွန့်လွတ်ပြီး PDF ထဲ ဝင်လာသူညီအစ်ကိုမောင်နှမ များစွာရှိပါတယ်။
ကျနော့ထက်တောင် အရင်းအနှီး ကြီးတဲ့သူတွေ
ဒုနဲ့ဒေးပါ။မိဘတွေ covidကြောင့် ဆုံးသွားတဲ့မောင်နှမတွေအများကြီးပါ။ထပ်တူကြေကွဲရပါတယ်။
ကျနော်က ဒိတ်ဒိတ်ကျဲ နာမည်ကြီး မဟုတ်ပေမယ့်
ကျနော့်အရှိန်အဝါကဘာမှမရှိ ပေမယ့် အတူတူစွန့်လွတ်စွန့်စားနေတဲ့ ရဲဘော်ရဲဖက် သူငယ်ချင်းများအားလုံးနည်းနည်းလေး
ဖြစ်ဖြစ်အားတက်သွားစေချင်လို့တင်တာပါ။
ခင်များတို့ဘဲ မဟုတ်ပါဘူး ကျနော်လည်း ခင်များတို့နဲ့အတူတူပါ ဆိုတာ သိစေချင်တာပါ။
ဒီလိုတွေတင်လို့ ဘာတွေထိခိုက်ဆုံးရှုံးရမယ်ကျနော်သိပါတယ်။
အိမ်ပြန်လို့မရ၊ အရင်လို လွတ်လပ်စွာသွားလာလှုပ်ရှားခွင့် ရ မရတော့ ဘုရားဘဲသိတော့မယ်။
ဒါပေမဲ့ ကိုယ့်ဖာကို ဖြေသိမ့်ထားပြီးသားဆုံးဖြတ်ပြီးသားပါ။
ကျနော်ဟာ အရမ်းနာမည်ကြီး အနုပညာသမားမဟုတ်ပေမယ့် မြန်မာနိုင်ငံ တော်တော်နံ့ နံ့ သီချင်းဆိုဖူးသွားပြီ။ရောက်ဖူးပြီးသွားပြီ။
ကမ်းခြေ တွေလည်း မရောက်ဖူးတဲ့ ကမ်းခြေမရှိသလောက် ရောက်ဖူး ပျော်ဖူးသွားပြီ။
နိုင်ငံခြားခရီးစဉ်တွေ လည်းသူများထက် ပိုသွားဖူးရောက်ဖူး ဆိုဖူးပြီ။
အစားကောင်းတွေ လည်း ကောင်းပေ့ဆိုတာတွေကျနော် စားဖူးပြီ။ကျနော့်အတွက် လုံလောက်ပါပြီကျေလည်းကျေနပ်သင့်ပါပြီ
သွားဖူး၊ လာဖူး၊ စားဖူး တဲ့အရသာတွေသိနေတော့ ပြန်တမ်းတ မိရုံကလွဲလို့ ရောင့်ရဲနိုင်ပါပြီ။
ကျနော်ကဘဲ အရမ်းဆုံးရှုံးသူကြီးလို ကြောက်နေ ဝမ်းနည်းနေရင် ကျနော့်ထက်ပို နာမည်ကြီးတဲ့ မိတ်ကပ်မေဦးတို့၊
ထားထက်ထက်တို့ နိုဗန်ထူး တို့က ရီနေပါဦးမယ်
ဒီတော့အေးချမ်းသွားတဲ့တစ်နေ့ ပြန်လာလို့ရရင်လည်းလာမယ်။ မရ ရင် လည်း ပိုကောင်းတဲ့နေရာမှာ ပိုကောင်းတဲ့အနေအထားနဲ့ ရှိရင်ရှိနေမယ်။
မဟုတ်ရင်လည်း တောင်ပေါ် ဒေသမှာ အိမ်လေးဆောက်စိုက်ခင်းတွေလုပ်ပြီး အေးအေးချမ်းချမ်းနေသွားမယ်အဝေးကနေသီချင်းတွေဖန်တီးပြီး
ကျနော့ရဲ့ YouTube channel နဲ့ Page တွေကနေတင်ပေးသွားမယ်။အဲဒီ အခြေနေ တွေအထိမရောက်ဘဲ
သေသွားမယ် ဆိုလည်း လုပ်နိုင်သလောက် အကောင်းဆုံးလုပ်ခဲ့ပြီမို့ ကျေကျေနပ်နပ် သေသွားပါမည်ဟုဖြေကြားထားပါသည်။
Zawgyicode:
အရာရာကိုစွန့်လွှတ်ပြီး ပြည်သူအတွက် ကိုယ်ကျိူးစွန့်ခဲ့တဲ့ ကချင်တိုင်းရင်သူလေး အဆိုတော်မိုင်မိုင်းဆိုင်အကြောင်း
PDF တပ်ဖွဲ့ဝင် မိုင်းမိုင်ဆိုင်း၏ တော်လှန်ရေးရင်ခုန်သံဒီပုံတွေတင်တာနဲ့ပတ်သက်ပြီး MCC အဖွဲ့ဝင်တစ်ယောက်္က
မေး- ဘာလို့ပုံတွေတဇွတ်ထိုးတင်နေတာလဲ
နင့်ရှေ့ရေးဘယ်လိုလုပ်မလဲ၊သီချင်းဘယ်လိုဆိုစားတော့မလဲ???
ဖြေ- ကျနော်ဘာမှ မဖြစ်ချင်တော့လို့ကိုတင်တာပါ ။
ကျနော်ဟာ PDF စစ်သားတစ်ယောက်ပါကျနော်လိုဘဲ အားလုံးစွန့်လွတ်ပြီး PDF ထဲ ဝင်လာသူညီအစ်ကိုမောင်နှမ များစွာရှိပါတယ်။ကျနော့ထက်တောင် အရင်းအနှီး ကြီးတဲ့သူတွေဒုနဲ့ဒေးပါ။မိဘတွေ covidကြောင့် ဆုံးသွားတဲ့မောင်နှမတွေအများကြီးပါ။ထပ်တူကြေကွဲရပါတယ်။
ကျနော်က ဒိတ်ဒိတ်ကျဲ နာမည်ကြီး မဟုတ်ပေမယ့်ကျနော့်အရှိန်အဝါကဘာမှမရှိ ပေမယ့် အတူတူစွန့်လွတ်စွန့်စားနေတဲ့ ရဲဘော်ရဲဖက် သူငယ်ချင်းများအားလုံးနည်းနည်းလေးဖြစ်ဖြစ်အားတက်သွားစေချင်လို့တင်တာပါ။ခင်များတို့ဘဲ မဟုတ်ပါဘူး ကျနော်လည်း ခင်များတို့နဲ့အတူတူပါ ဆိုတာ သိစေချင်တာပါ။ဒီလိုတွေတင်လို့ ဘာတွေထိခိုက်ဆုံးရှုံးရမယ်ကျနော်သိပါတယ်။အိမ်ပြန်လို့မရ၊ အရင်လို လွတ်လပ်စွာသွားလာလှုပ်ရှားခွင့် ရ မရတော့ ဘုရားဘဲသိတော့မယ်။ဒါပေမဲ့ ကိုယ့်ဖာကို ဖြေသိမ့်ထားပြီးသားဆုံးဖြတ်ပြီးသားပါ။
ကျနော်ဟာ အရမ်းနာမည်ကြီး အနုပညာသမားမဟုတ်ပေမယ့် မြန်မာနိုင်ငံ တော်တော်နံ့ နံ့ သီချင်းဆိုဖူးသွားပြီ။ရောက်ဖူးပြီးသွားပြီ။
ကမ်းခြေ တွေလည်း မရောက်ဖူးတဲ့ ကမ်းခြေမရှိသလောက် ရောက်ဖူး ပျော်ဖူးသွားပြီ။နိုင်ငံခြားခရီးစဉ်တွေ လည်းသူများထက် ပိုသွားဖူးရောက်ဖူး ဆိုဖူးပြီ။
အစားကောင်းတွေ လည်း ကောင်းပေ့ဆိုတာတွေကျနော် စားဖူးပြီ။ကျနော့်အတွက် လုံလောက်ပါပြီကျေလည်းကျေနပ်သင့်ပါပြီသွားဖူး၊ လာဖူး၊ စားဖူး တဲ့အရသာတွေသိနေတော့ ပြန်တမ်းတ မိရုံကလွဲလို့ ရောင့်ရဲနိုင်ပါပြီ။
ကျနော်ကဘဲ အရမ်းဆုံးရှုံးသူကြီးလို ကြောက်နေ ဝမ်းနည်းနေရင် ကျနော့်ထက်ပို နာမည်ကြီးတဲ့ မိတ်ကပ်မေဦးတို့၊ထားထက်ထက်တို့ နိုဗန်ထူး တို့က ရီနေပါဦးမယ်ဒီတော့အေးချမ်းသွားတဲ့တစ်နေ့ ပြန်လာလို့ရရင်လည်းလာမယ်။ မရ ရင် လည်း ပိုကောင်းတဲ့နေရာမှာ ပိုကောင်းတဲ့အနေအထားနဲ့ ရှိရင်ရှိနေမယ်။
မဟုတ်ရင်လည်း တောင်ပေါ် ဒေသမှာ အိမ်လေးဆောက်စိုက်ခင်းတွေလုပ်ပြီး အေးအေးချမ်းချမ်းနေသွားမယ်အဝေးကနေသီချင်းတွေဖန်တီးပြီးကျနော့ရဲ့ YouTube channel နဲ့ Page တွေကနေတင်ပေးသွားမယ်။အဲဒီ အခြေနေ တွေအထိမရောက်ဘဲသေသွားမယ် ဆိုလည်း လုပ်နိုင်သလောက် အကောင်းဆုံးလုပ်ခဲ့ပြီမို့ ကျေကျေနပ်နပ် သေသွားပါမည်ဟုဖြေကြားထားပါသည်။