လက်ရှိဖြစ်ပေါ်နေတဲ့ နွေဦးတော်လှန်ရေးကတော့ ဖေဖော်ဝါရီလ(၁)ရက်နေ့ကတည်းက စတင်ခဲ့ပြီး ဖေဖော်ဝါရီ(၈)ရက်နေ့မှာ ကျဆုံးသူရဲကောင်းတွေရှိခဲ့တာဖြစ်ပါတယ်။အဲ့ဒီနေ့ကနေစတင်ပြီး ဒီနေ့အချိန်ထိ ကျဆုံးသူဦးရေ အယောက် (၈၀၀) ကျော်ခဲ့တာကြောင့် တချို့အိမ်တွေမှာ မိသားစုဝင်မစုံလင်တော့တာဖြစ်ပါတယ်။တချို့လူငယ်လေးတွေဆိုရင် မိသားစုကမပြည့်စုံတာတောင် လူထုလှုပ်ရှားမှုတွေမှာ ရှေ့ဆုံးကနေ ရဲရဲရင့်ရင့် ပါဝင်အားဖြည့်ပေးကြတာဖြစ်ပါတယ်။
ဖေဖော်ဝါရီလ(၂၈)ရက်နေ့မှာ သူရဲကောင်းလေး မောင်ဇင်လင်းထက်က လှည်းတန်းကလူထုလှုပ်ရှားမှုမှာပါဝင်ရင်းဦးခေါင်းကိုကျည်ထိခဲ့လို့ ကျဆုံးသွားတာဖြစ်ပါတယ်။မောင်ဇင်လင်းထက်ရဲ့မိသားစုက ကျိုက်ထိုမြို့မှာနေထိုင်ကြပြီး လက်လုပ်လက်စားပြည်သူတွေဖြစ်ကြပါတယ်။ကျန်ရစ်သူမိသားစုတွေခမျာ အားကိုးရတဲ့သားလေးကိုအပြီးတိုင်ဆုံးရှုံးလိုက်ရလို့ ဝမ်းနည်းနာကျင်နေကြတာဖြစ်ပါတယ်။ပြည်သူလူထုကတော့ မောင်ဇင်လင်းထက်ရဲ့ကျန်ရစ်သူမိသားစုကို တတ်နိုင်သလောက်ကူညီပေးကြတာဖြစ်ပါတယ်။
အခုဆိုရင်လည်း ပြည်သူတစ်ဦးက မောင်ဇင်လင်းထက်အတွက် အလှူငွေကောက်ခံထားတဲ့ ငွေတွေအားလုံးနဲ့ကျန်ရစ်သူမိသားစုကို အိမ်လေးတစ်လုံးပြီးစီးအောင် ဆောက်လုပ်ပေးနေတာဖြစ်ပါတယ်။အခုလိုမျိုး ကျဆုံးသူရဲကောင်းတွေရဲ့ ကျန်ရစ်သူမိသားစုကို ကိုယ်ချင်းစာပြီး ကူညီလှူဒါန်းကြတဲ့ အလှူရှင်တွေရဲ့စိတ်ဓာတ်က အရမ်းလေးစားဖို့ကောင်းပါတယ်။သူရဲကောင်းရဲ့ကျန်ရစ်သူမိသားစုအတွက် အလှူရှင်တွေအကုန်လုံးဝိုင်းဝန်းပြီးဆောက်လုပ်ပေးနေတဲ့အိမ်လေးက မကြာခင်ပြီးစီးတော့မယ့်ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။
အရင်းမြစ်-Myanmar load