ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အချို့တွင် ဆိုင်ကယ်ကို တစ်ဦးထက်ပိုမစီးရန် လိုက်လံကြေညာနေဟုဆို

Unicode:

ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အချို့တွင် ဆိုင်ကယ်ကို တစ်ဦးထက်ပိုမစီးရန် လိုက်လံကြေညာနေဟုဆို­

ရန်ကုန်တိုင်းရှိ ကော့မှူးမြို့နယ်နှင့် သုံးခွ မြို့နယ်တွင် ဆိုင်ကယ်ကို တစ်ဦးထက်ပိုမစီးရန် လိုက်လံကြေညာ‌နေကြောင်း ဒေသခံများထံက သိရသည်။

ကော့မှူးမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် ယမန်နေ့ နို၀င်ဘာလ ၁၀ရက် ညနေပိုင်းက ယင်းကဲ့သို့ လိုက်လံကြေညာနေကြောင်း ကော့မှူးဒေသခံတစ်ဦး ကပြောပါသည်။

“မနေ့က ည​နေပိုင်းမှာ အုပ်ချုပ်ရေးမှူးတွေက ဆိုင်ကယ်ကို တစ်ဦးထက်ပိုမစီးဖို့ ကျေးရွာအချို့မှာ လိုက်ကြေညာတယ်။ ဆိုင်ကယ်နဲ့ပဲ အသက်္မွေးဝမ်းကြောင်းပြုနေသူများတဲ့ မြို့နယ်မှာ အခုလို လိုက်​ကြေညာတာဆိုတော့ အများစုက မကြိုက်ကြဘူး။ မစဥ်းစားမ​တွေးခေါ်ဘဲ ကြောက်ပြီးထုတ်တဲ့ အမိန့်တွေပါ။ အ​ခြေခံလူတန်းစားတွေရဲ့ ထမင်းအိုးကို ရိုက်ခွဲသလိုဖြစ်နေတယ်” ဟု ၄င်းက ပြောပါသည်။

ကော့မှူးမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးခဲ့သည့် တိုက်ခိုက်မှုနှင့် ပေါက်ကွဲမှုဖြစ်စဥ်များတွင် ဆိုင်ကယ်အသုံးပြုပြီး လုပ်ဆောင်သည်ဟုဆိုကာ ယင်းကဲ့သို့ ကြေညာခြင်းဖြစ်နိုင်သည်ဟု ဒေသခံများက ယူဆနေကြသည်။

အလားတူ သုံးခွမြို့ရှိ YBS 34 ယာဥ်လိုင်းဂိတ် ကြေညာသင်ပုန်းတွင်လည်း ” ၁၁.၁၁.၂၀၂၁ ရက်္မှစ၍ မော်တော်ဆိုင်ကယ်များ နှစ်ဦးမစီးရန် အများသိရှိရန် အသိပေးအပ်ပါသည် ” ဟု ရေးသားထားသည့် ဓာတ်ပုံ လူမှု့ကွန်ရက်ပေါ်တွင် ယမန်နေ့ ညနေပိုင်းက ပျံ့နှံ့ခဲ့သေးသည်။

” ၃၄ ကားဂိတ်ရဲ့ ကြေညာသင်ပုန်းမှာ မနေ့က ညနေပိုင်းက ရေးထားတာပါ။ အပြင်က ကြားလာတဲ့ သတင်းကို ယာဥ်မောင်းတွေ သိအောင် ကြေညာတယ်လို့တော့ ကြားတယ်။ ဒီနေ့မနက်တော့ အဲဒီကြေညာဆိုင်းဘုတ် မရှိတော့ဘူး။ ဆိုင်ကယ်လိုင်စင်ဖမ်းတာတော့ ရှိနေတယ်။ နှစ်ယောက်စီးလို့ဆိုတာထက် အကုန်စစ်ဆေးပြီးကို ဖမ်းနေတာ ” ဟု သုံးခွဒေသခံက ပြောသည်။

ဆိုင်ကယ်ကို တစ်ဦးထက်ပိုမစီးရန် လိုက်လံကြေညာနေခြင်းကြောင့် ဆိုင်ကယ်အသုံးပြုနေသည့် ပြည်သူများသွားလာရေးတွင် ခက်ခဲမှုများဖြစ်လာနိုင်သကဲ့သို့ ဆိုင်ကယ်ကယ်ရီဆွဲကာ အသက်္မွေးဝမ်းကြောင်းပြုသူများအနေဖြင့် စားဝတ်နေရေးခက်ခဲလာမည်ကို စိုးရိမ်နေကြသည်။

တွံတေးမြို့နယ်တွင်လည်း အလားတူကြေညာချက်မျိုး ထုတ်ပြန်ထားသည်ဟု သတင်းများထွက်ပေါ်နေသည့်အပေါ် MCC အနေဖြင့်သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။

ပုံ- လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့သော သုံးခွမြို့နယ် YBS 34 ကားဂိတ်တွင် ရေးသားထားသည့် ဆိုင်ကယ်တစ်ဦးထက်ပိုမစီးရန် အသိပေးစာဖြစ်ပါသည်။

Zawgyicode:

Leave a Reply

Your email address will not be published. Required fields are marked *