ကျောက်တံတားမြို့နယ်တွင် မီတာမဆောင်သည့် အိမ်များ မီးဖြတ်ခံရ၊ မီတာလာဆောင်သူများကို ဒဏ်တပ်

Unicode:

ရန်ကုန်တိုင်း၊ ကျောက်တံတားမြို့နယ်၊ ၃၈လမ်း တွင် ယမန်နေ့ နိုဝင်ဘာလ ၉ ရက်က မီတာမဆောင်သည့် အိမ်သုံး လျှပ်စစ်မီးများကို ကျောက်တံတားမြို့နယ် လျှပ်စစ်ရုံး (EPC) တာဝန်ရှိသူများက လာရောက်္ မီးဖြတ်တောက်သွားခဲ့ကြောင်း အဆိုပါလမ်းအတွင်းရှိ မီးဖြတ်ခံရသည့် မြို့ခံများထံမှ သိရှိရပါသည်။

“မနေ့က မနက်ပိုင်း ၈နာရီ၊ ၉နာရီလောက်ထဲက မီးလိုက်ဖြတ်နေတာ၊ တစ်လမ်းလုံးနီးပါးပဲ။ တစ်ချို့အိမ်တွေကျတော့လည်း လာဆောင်မယ် ပြောလိုက်လို့ မဖြတ်သွားတဲ့အိမ်တွေလည်း ရှိတယ်။ အိမ်တော်တော်များများတော့ ဖြတ်သွားတယ်။ လာဖြတ်တော့ စစ်သားတွေတော့ မပါဘူး။ မီတာရုံးက ဝန်ထမ်း ခုနှစ်ယောက်လောက်နဲ့ လာဖြတ်တာ”ဟု ကျောက်တံတားမြို့နေ ပြည်သူတစ်ဦးကပြောပါသည်။

မီတာဆောင်ရာတွင် သုံးလကျော်ကြာ မီတာ မပေးဆောင်ထားသည်ကို တွေ့ရှိပါက ငွေကျပ် ၄,၀၀၀ မှ ၁၂,၀၀၀ ကျပ် အထိ ဒဏ်ငွေတပ်ခံ‌နေရကြောင်း မီတာသွားဆောင်သည့် မြို့ခံပြည်သူများထံက သိရှိရသည်။

အိမ်သုံးအတွက် ကျပ် ၄,၀၀၀ နှင့် လုပ်ငန်းသုံးအတွက် ကျပ် ၁၂,၀၀၀ ကို မင်နီဖြင့်ရေးကာ ဒဏ်ကြေးကောက်ခံကြောင်း ရန်ကုန်မြို့နေပြည်သူတစ်ဦးက မဇ္ဈိမကို ပေးပို့ထားသည့် မီတာစာရွက် အရ သိရသည်။

မီတာကျသင့်သည့် လများအတွက် မီတာစာ ရွက် အစုံရှိသူများကို ကျသင့်ငွေ၏ တစ်ဝက်ကို ပေးဆောင်ခွင့်ပြုသော်လည်း မီတာစာရွက်အစုံမရှိသူများအား ကျသင့်ငွေ အကုန်ပေးဆောင်စေကြောင်း မြို့ခံများထံက သိရသည်။

“မီတာခကို တစ်ချို့က ခွဲပြီးဆောင်တယ်။ အရင်မီတာစာရွက်တွေကို ပြနိုင်ရင် တစ်ဝက်ဆောင်လို့ရတယ်၊ စာရွက်မရှိတော့ရင်တော့ မရဘူး။ တစ်ချို့က စာရွက်တွေလွှင့်ပစ်လိုက်တယ်လေ။ အရင်မီတာတွေ မဆောင်ရသေးပေမယ့် လက်ထဲမှာ နောက်ဆုံးလအတွက် ကျသင့်တဲ့ မီတာစာရွက်ပဲရှိတဲ့သူတွေက ငွေတစ်လုံးထဲ လအား လုံးစာ ပေးရတယ်”ဟု ကျောက်တံတာမြို့နယ်က မြို့ခံတစ်ဦးကပြောသည်။

ရန်ကုန်မြို့တွင် လုပ်ငန်းသုံးမီတာခများ ကျပ်ငါးသိန်းနှင့် အထက် ကျသင့်နေပါက မီးလိုက်လံဖြတ်တောက်နေကြောင်း စုံစမ်းသိရှိရသည်။

ကျောက်တံတားမြို့နယ်က မြို့ခံတစ်ဦးကလည်း “ကျွန်တော်တို့ကအိမ်ငှားတွေပါ။ မပေးနိုင်လို့ ခွဲဆောင်ရပါတယ်။ ကျွန်တော်တို့ အတော် ဒုက္ခရောက်ရပါတယ်” ဟု ပြောသည်။

အာဏာသိမ်းသည့် ဖေဖော်ဝါရီလမှ စတင်ပြီး ပြည်သူအများစုက စစ်အာဏာရှင်ကို အခွန်မဆောင်လိုဟု ဆိုကာ မီတာခများအပါအဝင် အခွန်အခများကို ပေးဆောင်ခြင်းမပြုဘဲ သ ပိတ်မှောက်ကြခြင်းဖြစ်သည်။

ထို့ကြောင့် နေရာအများစုတွင် လျှပ်စစ်မီတာခများကို လျှပ်စစ်ဝန်ထမ်းနှင့် စစ်ကောင်စီတပ်တို့ ပူးပေါင်းကာ ဖိအားပေး လိုက်လံကောက်ခံမှုများရှိခဲ့ပြီး ဒေသခံပြောက်ကျားအဖွဲ့များကလည်း မီတာရုံးများကို ဗုံးဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိနေသည်။

Zawgyicode:

Leave a Reply

Your email address will not be published. Required fields are marked *