လူတစ်ဦးအနေဖြင့် ထမင်းလျော့စားပြီး တစ်ရက်လျှင် ကြက်ဥ ( ၃ ) လုံးသို့မဟုတ် ( ၆ )လုံးအပါအဝင်အသားငါး၊ အသီးအရွက်စားသုံးရန် စစ်ခေါင်းဆောင်မင်အောင်လှိုင် တိုက်တွန်‌း

Unicode:

လူတစ်ဦးအနေဖြင့် တစ်ရက်လျှင် ကြက်ဥ(၃)လုံးသို့မဟုတ်(၆)လုံးအပါအဝင်အသားငါး၊ အသီးအရွက်စားသုံးရန် စစ်ခေါင်းဆောင်မင်အောင်လှိုင် တိုက်တွန်း

ပြည်သူများကျန်းမာရေးနှင့်ပတ်သက်၍ ပြည်သူတိုင်း သက်တမ်းစေ့နေနိုင်ရေးသည်အရေးကြီးသည့်အတွက် ကာဗွန်ဟိုက်ဒရိတ်လျှော့ချနိုင်ရန် ဆန်စားသုံးမှုကိုလျှော့ချရေးဆောင်ရွက်နေပြီး အသား၊ အသီးအရွက်နှင့် ဥများကိုစားသုံးရန် စစ်ခေါင်းဆောင်မင်အောင်လှိုင်ကနိုဝင်ဘာ လ(၉)ရက်တွင်ပြုလုပ်သည့်စစ်‌ေကာင်စီ အစည်းအဝေးတွင်တိုက်တွန်းပြောကြားလိုက်ပါသည်။

လူတစ်ဦးအနေဖြင့် တစ်ရက်လျှင် ကြက်ဥ (၃) လုံးမှ (၆) လုံးအထိ စားသုံးရန်လိုအပ်ပြီး အသားငါးအား တစ်ရက်လျှင် (၅) ကျပ်သားမှ(၁ဝ) သားအထိ နေ့စဉ်စားသုံးရန်နှင့် ဟင်း သီးဟင်းရွက်္များအား (၅) ကျပ်သားမှ (၁၂) ကျပ်သားအထိ စားသုံးရန်လိုကြောင်းပြော သည်။ အဆိုပါပမာဏသည် လက်ရှိကြီးမြင့်နေသည်ဈေးနှုန်းများအရ သာမန်လက်လုပ် လက်စားပြည်လူတစ်ဦးစားသုံးရန်မဖြစ်နိုင်သည့်ပမာဏပင်ဖြစ်သည်။

“ပြည်သူတိုင်း သက်တမ်းစေ့နေနိုင်ရေးကအရေးကြီးတဲ့အတွက် ကာဗွန်ဟိုက်ဒရိတ် လျှော့ချနိုင်ဖို့ ဆန်စားသုံးမှုကိုလျှော့ချရေးဆောင်ရွက်နေပြီး အခြားလိုအပ်တဲ့ပရိုတိန်းဓာတ်တွေရရှိစေဖို့အတွက်ကို အသား၊ ငါး၊ ဟင်းသီးဟင်းရွက်နဲ့ဥတွေစားသုံးပြီး ဖြည့် ဆည်းပေးဖို့လိုပါတယ် ” ဟု ယင်းကပြောပါသည်။

နိုင်ငံတွင်ဆန်အားဗိုက်ပြည့်သည်အထိ စားသုံးကြပြီးအဆိုပါဆန်တွင် ကာဗွန်ဟိုက်ဒရိတ်များ များပြားစွာပါဝင်သဖြင့် အဆီနှင့် အချိုဓာတ်များ ပါဝင်ကြောင်း၊ အလားတူ အ ခြားအချိုပါဝင်သည့်မုန့်များနှင့် ဟင်းလျာများတွင်လည်း ဆီကိုအလွန်အမင်းထည့်သွင်းအသုံးပြုမှု့များရှိသဖြင့် ကာဗိုဟိုက်ဒရိတ်စားသုံးမှုများပြားကြောင်း၊ အလားတူအချိုနှင့်ဆီများစားသုံးမှု၊ အရက်နှင့်ဆေးလိပ်များသောက်သုံးမှုများကြောင့်လည်း ကျန်းမာရေးကို များစွာထိခိုက်နိုင်ကြောင်းယင်းက ထည့်သွင်းပြောသည်။

ကျန်းမာရေးနှင့်ပတ်သက်၍ ၂ဝ၁၄ ခုနှစ် သန်းခေါင်စာရင်းအပေါ်တွင်မူတည်ပြီး မျှော် မှန်းသက်တမ်းများအား မြန်မာနိုင်ငံကျန်းမာရေးဝန်ကြီးဌာန၏တွက်ချက်္မှု့အရ ၂ဝ၂ဝ ပြည့်နှစ်တွင် (၆၇.၄၂) နှစ်ရှိပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ ကုလသမဂ္ဂလူဦးရေဌာနမှ တွက် ချက်ရာတွင် (၆၇.၇၈) နှစ်ရှိကြောင်း၊ ၂ဝ၂ဝ ပြည့်နှစ် မျှော်မှန်းသက်တမ်းတွင် မြန်မာနိုင်ငံသည် ကမ္ဘာ့အဆင့် (၁၅၁) တွင်ရှိနေပြီး အိမ်နီးချင်းနိုင်ငံများအနက်နံပါတ် (၆) အဆင့်တွင်ရှိကြောင်း နှင့် အာဆီယံနိုင်ငံများအနက် အဆင့်(၁ဝ)တွင်ရှိနေကြောင်း သိရသည်။ အဆိုပါ မျှော်မှန်းသက်တမ်းအား အခြေခံအချက်များဖြစ်သည့် ကိုယ်ဝန် ဆောင်နှင့် ကလေးငယ်ဘဝအခြေအနေများ၊ ပညာသင်ကြားမှု့အခြေအနေများ၊ လူမှုစီးပွားဘဝအခြေအနေများ၊ လူနေမှု့ပုံစံများနှင့် ကလေးသေဆုံးမှု့နှုန်းများအပေါ်တွင် အဓိကထား၍ တွက်ချက်ကြခြင်းဖြစ်ကြောင်းသိရှိရပါသည်။

Zawgyicode:

လူတစ်ဦးအနေဖြင့် တစ်ရက်လျှင် ကြက်ဥ(၃)လုံးသို့မဟုတ်(၆)လုံးအပါအဝင်အသားငါး၊ အသီးအရွက်စားသုံးရန် စစ်ခေါင်းဆောင်မင်အောင်လှိုင် တိုက်တွန်း

ပြည်သူများကျန်းမာရေးနှင့်ပတ်သက်၍ ပြည်သူတိုင်း သက်တမ်းစေ့နေနိုင်ရေးသည်အရေးကြီးသည့်အတွက် ကာဗွန်ဟိုက်ဒရိတ်လျှော့ချနိုင်ရန် ဆန်စားသုံးမှုကိုလျှော့ချရေးဆောင်ရွက်နေပြီး အသား၊ အသီးအရွက်နှင့် ဥများကိုစားသုံးရန် စစ်ခေါင်းဆောင်မင်အောင်လှိုင်ကနိုဝင်ဘာ လ(၉)ရက်တွင်ပြုလုပ်သည့်စစ်‌ေကာင်စီ အစည်းအဝေးတွင်တိုက်တွန်းပြောကြားလိုက်ပါသည်။

လူတစ်ဦးအနေဖြင့် တစ်ရက်လျှင် ကြက်ဥ (၃) လုံးမှ (၆) လုံးအထိ စားသုံးရန်လိုအပ်ပြီး အသားငါးအား တစ်ရက်လျှင် (၅) ကျပ်သားမှ(၁ဝ) သားအထိ နေ့စဉ်စားသုံးရန်နှင့် ဟင်း သီးဟင်းရွက်္များအား (၅) ကျပ်သားမှ (၁၂) ကျပ်သားအထိ စားသုံးရန်လိုကြောင်းပြော သည်။ အဆိုပါပမာဏသည် လက်ရှိကြီးမြင့်နေသည်ဈေးနှုန်းများအရ သာမန်လက်လုပ် လက်စားပြည်လူတစ်ဦးစားသုံးရန်မဖြစ်နိုင်သည့်ပမာဏပင်ဖြစ်သည်။

“ပြည်သူတိုင်း သက်တမ်းစေ့နေနိုင်ရေးကအရေးကြီးတဲ့အတွက် ကာဗွန်ဟိုက်ဒရိတ် လျှော့ချနိုင်ဖို့ ဆန်စားသုံးမှုကိုလျှော့ချရေးဆောင်ရွက်နေပြီး အခြားလိုအပ်တဲ့ပရိုတိန်းဓာတ်တွေရရှိစေဖို့အတွက်ကို အသား၊ ငါး၊ ဟင်းသီးဟင်းရွက်နဲ့ဥတွေစားသုံးပြီး ဖြည့် ဆည်းပေးဖို့လိုပါတယ် ” ဟု ယင်းကပြောပါသည်။

နိုင်ငံတွင်ဆန်အားဗိုက်ပြည့်သည်အထိ စားသုံးကြပြီးအဆိုပါဆန်တွင် ကာဗွန်ဟိုက်ဒရိတ်များ များပြားစွာပါဝင်သဖြင့် အဆီနှင့် အချိုဓာတ်များ ပါဝင်ကြောင်း၊ အလားတူ အ ခြားအချိုပါဝင်သည့်မုန့်များနှင့် ဟင်းလျာများတွင်လည်း ဆီကိုအလွန်အမင်းထည့်သွင်းအသုံးပြုမှု့များရှိသဖြင့် ကာဗိုဟိုက်ဒရိတ်စားသုံးမှုများပြားကြောင်း၊ အလားတူအချိုနှင့်ဆီများစားသုံးမှု၊ အရက်နှင့်ဆေးလိပ်များသောက်သုံးမှုများကြောင့်လည်း ကျန်းမာရေးကို များစွာထိခိုက်နိုင်ကြောင်းယင်းက ထည့်သွင်းပြောသည်။

ကျန်းမာရေးနှင့်ပတ်သက်၍ ၂ဝ၁၄ ခုနှစ် သန်းခေါင်စာရင်းအပေါ်တွင်မူတည်ပြီး မျှော် မှန်းသက်တမ်းများအား မြန်မာနိုင်ငံကျန်းမာရေးဝန်ကြီးဌာန၏တွက်ချက်္မှု့အရ ၂ဝ၂ဝ ပြည့်နှစ်တွင် (၆၇.၄၂) နှစ်ရှိပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ ကုလသမဂ္ဂလူဦးရေဌာနမှ တွက် ချက်ရာတွင် (၆၇.၇၈) နှစ်ရှိကြောင်း၊ ၂ဝ၂ဝ ပြည့်နှစ် မျှော်မှန်းသက်တမ်းတွင် မြန်မာနိုင်ငံသည် ကမ္ဘာ့အဆင့် (၁၅၁) တွင်ရှိနေပြီး အိမ်နီးချင်းနိုင်ငံများအနက်နံပါတ် (၆) အဆင့်တွင်ရှိကြောင်း နှင့် အာဆီယံနိုင်ငံများအနက် အဆင့်(၁ဝ)တွင်ရှိနေကြောင်း သိရသည်။ အဆိုပါ မျှော်မှန်းသက်တမ်းအား အခြေခံအချက်များဖြစ်သည့် ကိုယ်ဝန် ဆောင်နှင့် ကလေးငယ်ဘဝအခြေအနေများ၊ ပညာသင်ကြားမှု့အခြေအနေများ၊ လူမှုစီးပွားဘဝအခြေအနေများ၊ လူနေမှုပုံစံများနှင့် ကလေးသေဆုံးမှု့နှုန်းများအပေါ်တွင် အဓိကထား၍ တွက်ချက်ကြခြင်းဖြစ်ကြောင်းသိရှိရပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *