NLD ပါတီ ဖျက်သိမ်းနိုင်ကြောင်း စစ်ကောင်စီပြောဆိုမှု EU သတိပေး

(Zawgyi / Unicode)

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စီစဉ်ထားတဲ့အတိုင်း NLD ပါတီကို ဖျက်သိမ်းပစ်မယ်ဆိုရင် စစ်တပ်ဟာ မြန်မာပြည်သူတွေရဲ့ သဘောဆန္ဒတွေနဲ့ ဥပဒေကြောင်းအရ လုပ်ထုံးလုပ်နည်းတွေကိုပါ ပြောင်ပြောင်းတင်းတင်း မျက်ကွယ်ပြုတဲ့ လုပ်ရပ်တခုကို ထပ်မံပြုလုပ်လိုက်ခြင်းဖြစ်ကြောင်း ဥရောပသမဂ္ဂက မေလ ၂၃ ရက်၊ ဒီကနေ့ရက်စွဲနဲ့ သဘောထား ထုတ်ပြန်လိုက်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကို ဖျက်သိမ်းကောင်း ဖျက်သိမ်းမယ်လို့ စစ်တပ်ကခန့်ထားတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုးက သောကြာနေ့မှာ ပြုလုပ်တဲ့ နိုင်ငံရေးပါတီများနဲ့ တွေ့ဆုံပွဲအတွင်း ပြောကြားလိုက်တဲ့အပေါ် အီးယူ ဥရောပသမဂ္ဂက တုံ့ပြန် ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

နိုဝင်ဘာလမှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲဟာ မြန်မာပြည်သူတွေရဲ့ သဘောထားကို အပြည့်အဝ ထင်ဟပ်ပေါ်လွင်စေတဲ့ ရွေးကောက်ပွဲ ဖြစ်ခဲ့တယ်ဆိုတာကို အီးယူအနေနဲ့ ထပ်လောင်း ပြောဆိုလိုကြောင်း၊ အဲဒီလိုဖြစ်ခဲ့တယ် ဆိုတာကိုလည်း ပြည်တွင်း ပြည်ပမှာရှိတဲ့ သီးခြားလွတ်လပ်တဲ့ အဖွဲ့အစည်းတွေက အတည်ပြုထားပြီးဖြစ်ကြောင်း အီးယူ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ဒါကြောင့် စစ်တပ်ကခန့်ထားတဲ့ ရွေးကောက်ပွဲကော်မရှင် အနေနဲ့ ကိုယ့်သဘောနဲ့ကိုယ် ဆုံးဖြတ်ချက်ချပြီး အဲဒီရလဒ်ကို ပယ်ဖျက်ပစ်လို့ မရနိုင်ဘူးလို့ ဆိုပါတယ်။

မြန်မာပြည်သူတွေရဲ့ သဘောထားနဲ့ ဆန့်ကျင်စေမယ့် လုပ်ရပ်တွေနဲ့ နောက်ဆုံးကျင်းပခဲ့တဲ့ ရွေးကောက်ပွဲရလဒ်တွေကို ပြောင်းလဲပစ်မယ့် လုပ်ရပ်မှန်သမျှကို အီးယူအနေနဲ့ ပြစ်တင်ရှုတ်ချသွားမှာဖြစ်ကြောင်း၊ ဘယ်လိုဖိနှိပ်မှုပဲလုပ်လုပ်၊ ဘယ်လိုပဲ တရားနည်းလမ်းမကျတဲ့ လုပ်ရပ်တွေနဲ့ ကြိုးစားကြိုးစား စစ်တပ်က မတရားသိမ်းယူထားတဲ့ အာဏာဟာ တရားဝင်မှာ မဟုတ်ဘူးလို့လည်း အီးယူရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် လူထုရဲ့သဘောဆန္ဒကို လေးစားလိုက်နာပြီး မြန်မာနိုင်ငံ ဒီမိုကရေစီ လမ်းကြောင်းပေါ်ကို ပြန်ရောက်လာတော့မှသာ တည်ငြိမ်ပြီး ရေရှည်တည်တံ့တဲ့နိုင်ငံ ဖြစ်လာမယ်လို့ အီးယူ ဥရောပသမဂ္ဂရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

(Unicode)

NLD ပါတီ ဖျက်သိမ်းနိုင်ကြောင်း ကော်မရှင်ပြောဆိုမှု EU သတိပေး

Leave a Reply

Your email address will not be published. Required fields are marked *