စက်မှုဇုန်တစ်ခုကိုလူကိုယ်တိုင်သွားရောက်ပြီး မတတ်သာတွေကို သွားရောက်ရှင်းပြခဲ့တဲ့ စစ်ကောင်စီဥက္ကဌမင်းအောင်လှိုင်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အင်းတကော်စက်မှုဇုန်နယ်မြေသို့ သွားရောက်ကြည့်ရှုစစ်ဆေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကောင်စီ

တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးအောင်သန်းဦး၊ ဒေါက်တာ ချာလီသန်း၊ ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှစိုး၊

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ထိန်ဝင်းနှင့် အဖွဲ့ဝင်များ လိုက်ပါ၍ ယနေ့ မွန်းလွဲပိုင်းတွင် ပဲခူးတိုင်းဒေသကြီးရှိ အင်းတကော် စက်မှုဇုန်နယ်မြေသို့ သွားရောက် ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင် များသည် အင်းတကော်စက်မှုဇုန်နယ်မြေ သို့ရောက်ရှိကြရာ စက်မှုဇုန်နယ်မြေ ရှင်းလင်း ဆောင်၌ မြန်မာ့စီးပွားရေးဦးပိုင် အများနှင့်သက်ဆိုင်သော ကုမ္ပဏီ ဥက္ကဋ္ဌ ဒုတိယ

ဗိုလ်ချုပ်ကြီး ဆန်းဦးက အင်းတကော်စက်မှုနယ်မြေ နောက်ခံသမိုင်းကြောင်း၊ စက်မှုနယ်မြေအတွင်း မော်တော်ယာဉ်များနှင့် ဆက်စပ်ပစ္စည်းများ၊ ACSR Wire များ၊ လျှပ်စစ်မီတာများနှင့် အခြားလုပ်ငန်းသုံးဆက်စပ်ပစ္စည်းများ ထုတ်လုပ်ဆောင်ရွက်ခဲ့မှု နှင့် ရပ်နားထားရသည့် စက်ရုံအလုပ်ရုံများပြန်လည်လည်ပတ်နိုင်ရေး ဆောင်ရွက်နေမှု အခြေအနေများအားလည်းကောင်း၊ EVER Meter စက်ရုံ CEO ဦးမျိုးအောင်က Digital Meter များ ထုတ်လုပ်နေမှုနှင့် ၂၀၁၅ ခုနှစ်မှစ၍ AMI စနစ်ဖြင့်လျှပ်စစ်မီတာများ တပ်ဆင်ဆောင်ရွက်၍ Automatic Billing System ၊ automatic Reading System များအသုံးပြုပြီး မီတာခများကောက်ခံမှုနှင့် ထိန်းသိမ်းမှုများဆောင်ရွက် လျက်ရှိသည့် အခြေအနေများ၊

Control Center မှတစ်ဆင့် ထိန်းချုပ်ဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ အဆင့်မြင့်မီတာများထုတ်လုပ်နိုင်ရေး ဆက်လက် ဆောင်ရွက်လျက် ရှိသည့် အခြေအနေများ၊ Analog Meter များနှင့် ပြည်ပမှတင်သွင်းသည့် ဆက်သွယ် ရေးစနစ်မပါရှိသည့် ဒစ်ဂျစ်တယ်မီတာများ၏အားနည်းချက်များနှင့် AMI စနစ်တပ်ဆင် ထားသည့် မီတာများဖြင့်

လဲလှယ်တပ်ဆင်နိုင်ရေး လိုအပ်ချက်ရှိသည့်အခြေအနေများ၊ လျှပ်စစ်ဓာတ်အားပျောက်ဆုံးမှုများမှာ ယခင်က ပျမ်းမျှ ၁၆ ရာခိုင်နှုန်းခန့်အထိရှိခဲ့ရာမှ ယခု AMI စနစ်တပ်ဆင်အသုံးပြုနိုင်ခဲ့ခြင်းကြောင့် ဓာတ်အားပျောက်ဆုံးမှုပျမ်းမျှ ၂ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့မှုအခြေအနေများ၊ AMI စနစ်မီတာအသုံးပြုခြင်းဖြင့် လျှပ်စစ်မီတာခများ

ကောက်ခံရာတွင် Mobile Banking စနစ်များဖြင့် လွယ်ကူစွာ ချိတ်ဆက်ဆောင်ရွက်နိုင်မှု၊ လျှပ်စစ်ဓာတ်အား ပျောက်ဆုံးမှုများအား အထိုက် အလျောက် ထိန်းချုပ်နိုင်မှုနှင့် အခြားမြို့ပြဆိုင်ရာ လုပ်ငန်းများတွင်လည်း ချိတ်ဆက် ဆောင်ရွက်နိုင်မှု၊ လျှပ်စစ်ဓာတ်အားသုံးစွဲမှုနှင့် သက်ဆိုင်သည့်

အချက်အလက်များ အား အချိန်နှင့်တစ်ပြေးညီ ကြည့်ရှုဆောင်ရွက်နိုင်မှု အခြေအနေများအား လည်းကောင်း၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦး က တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လျှပ်စစ်မီတာများ လိုအပ်မှုအခြေအနေများ၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှု အခြေအနေများအား အသီးသီး ရှင်းလင်းတင်ပြကြသည်။

Leave a Reply

Your email address will not be published. Required fields are marked *