အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေးကို စစ်ကောင်စီ တက်ရောက်

Unicode:

အာဆီယံကာကွယ်ရေးဝန်ကြီးတွေ အစည်းအဝေးကို စစ်ကောင်စီ တက်ရောက်

အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ ဘရူနိုင်းနိုင်ငံက ဦးစီးကျင်းပခဲ့တဲ့ အာဆီယံကာကွယ်ရေးဝန်ကြီးတွေရဲ့ သီးသန့်အစည်းအဝေးကို စစ်ကောင်စီ ရဲ့ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ် မြထွန်းဦးက တက်ရောက်ခဲ့တယ်လို့ သိရှိရပါသည်။

ဘရူနိုင်းနိုင်ငံက ဦးစီးကျင်းပခဲ့တဲ့ အာဆီယံကာကွယ်ရေးဝန်ကြီးတွေရဲ့ သီးသန့်အစည်းအဝေး (AD-MM Retreat)နဲ့ ဆက်စပ်အစည်းအဝေးတွေကို နိုဝင်ဘာလ ၁၀ ရက်နေ့က ကျင်းပခဲ့ရာ စစ်ကောင်စီရ‌ဲ့ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ် မြထွန်းဦး ဦးဆောင်ကာ နိုင်ငံတကာရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဇော်နိုင်ဝင်းနဲ့ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

ကာကွယ်ရေးဝန်ကြီးတွေ သီးသန့်အစည်းအဝေးမှာ ကိုဗစ်-19 ကပ်ရောဂါ ဖြစ်ပွားမှုကာလအတွင်း အပေါ်ပေါက်လာနေတဲ့ ဒေသတွင်း လုံခြုံရေးဆိုင်ရာစိန်ခေါ်မှုတွေနဲ့ ADMM ရဲ့ အနာဂတ်ဦးစားပေး ပူးပေါင်းဆောင်ရွက်ဆောင်ရွက်္မှု့ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါသည်။

ပြီးခဲ့တဲ့ အာဆီယံထိပ်သီးအစည်းအဝေးမှာ စစ်ကောင်စီ က တက်ရောက်ခွင့်မရခဲ့ပေမယ့် အခြား အာဆီယံဆိုင်ရာအစည်းအဝေးတွေမှာ ပါဝင်တက်ရောက်္မှု့တွေ ရှိနေတာပါ။

ဧပြီလအတွင်းက အာဆီယံက ချမှတ်ခဲ့တဲ့ ဘုံသဘောတူညီချက် ၅ ချက်နဲ့ စပ်လျဉ်းပြီး စစ်ကောင်စီီ က အကောင်အထည်ဖော်ခြင်းမရှိတာကြောင့် အာဆီယံထိပ်သီးအစည်းအဝေးကို မင်းအောင်လှိုင်ကို ဖိတ်ကြားခြင်းမပြုခဲ့တာလည်းဖြစ်ပါသည်။

ပုံ- ဗိုလ်ချုပ် မြထွန်းဦးတက်ရောက်ခဲ့တဲ့ အာဆီယံကာကွယ်ရေးဝန်ကြီး အစည်းအဝေး

Zawgyicode:

Leave a Reply

Your email address will not be published. Required fields are marked *