ဆိုင်ကယ်တစ်စီးကို လူတစ်ဦးသာ စီးဖို့ အုပ်ချုပ်ရေးမှူးတွေ လိုက်ကြေညာ

ကော့မှူးမှာဆိုင်ကယ်တစ်စီးကို လူတစ်ဦးသာ စီးဖို့ အုပ်ချုပ်ရေးမှူးတွေ လိုက်ကြေညာ

ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ်အတွင်းမှာ ဆိုင်ကယ်စီးနင်းရာမှာ ဆိုင်ကယ်တစ်စီးကို လူတစ်ဦးသာ စီးဖို့ မနေ့နိုဝင်ဘာ ၁၀ ရက်နေ့ညပိုင်းမှာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတွေ လိုက်ပြီးကြေညာနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

ကော့မှူုးမြို့နယ်အတွင်းဖြစ်ပေါ်နေတဲ့ ပေါက်ကွဲမှုတွေမှာ ဆိုင်ကယ်ကိုအသုံးပြုပြီးလုပ်ဆောင်တာတွေရှိနေတာကြောင့် အခုလိုကြေညာတာဖြစ်ပြီး လိုက်နာမှုမရှိရင်ထိရောက်စွာအရေးယူမယ်လို့ကြေညာချက်မှာပါတယ်လို့ ဒေသခံတွေကပြောပါတယ်။

“ မနေ့ညကစပြီးအော်တာပဲ၊ ကော့မှူးအပြင် တွံ့တေးဘက်လည်းကြေညာတယ်ကြားတယ်။ လောလောဆယ်တော့ မြို့ထဲမှာ ဆိုင်ကယ်နှစ်ယောက်စီးတာ အတော်ကျဲသွားတယ်။ ဆိုင်ကယ်ကယ်ရီဆွဲတဲ့သူတွေတော့အဆင်မပြေဖြစ်နိုင်ပါတယ်” လို့ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

ကော့မှူးမြို့နယ်မှာဆိုရင် ပေါက်ကွဲမှုနဲ့စစ်ကောင်စီသတင်းပေးလို့ နာမည်ကြီးသူတွေပစ်ခတ်ခံရမှုတွေ ရှိသလို ပြီးခဲ့တဲ့ အောက်တိုဘာလထဲမှာလည်း ဒေသကာကွယ်ရေးတွေဘက်က မြို့ပြပြောက်ကျား စစ်ဆင်ရေး တရပ် လုပ်ဆောင်ခဲ့ပြီး စစ်ကောင်စီတပ်သားသေဆုံးမှုတွေရှိတယ်လို့လည်း ဒေသကာကွယ်ရေးတပ်တွေ့ထုတ်ပြန်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *