“စစ်ကောင်စီက ပြည်သူလူထု၏ အိုးအိမ်၊ ဘာသာရေးအဆောက်အအုံများကို ပစ်မှတ်ထား တိုက်ခိုက်” ဆိုသော PPST ကြေညာချက် စစ်တပ် မခံနိုင်၍ ကန့်ကွက်၊ ပြင်ဆင်ပေးရန် တောင်းဆို

Unicode:

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်္မှု့ရပ်စဲရေးသဘောတူစာချုပ် NCA လက်္မှတ်ရေးထိုးထားသော အဖွဲ့များဖြင့် ဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ PPST ၏ နိုဝင်ဘာလ ၅ ရက်နေ့ ထုတ်ပြန်ချက်တွင် ပါရှိသည့် ‘စစ်ကောင်စီက ပြည်သူလူထု၏ အိုးအိမ်များ၊ ဘာသာရေးအဆောက်အအုံများကို ပစ်မှတ်ထား တိုက်ခိုက်မှုများအပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချသည်’ ဆိုသည့် စကားရပ်ကို ကန့်ကွက်ကြောင်း မင်းအောင်လှိုင်ခေါင်းဆောင်သော စစ်ကောင်စီက နိုဝင်ဘာလ ၉ ရက် ရက်စွဲဖြင့် သတိပေးစာပေးပို့ကြောင်း သိရှိရပါသည်။

နိုဝင်ဘာလ ၅ ရက် PPST ထုတ်ပြန်ချက်တွင် ‘ချင်းပြည်နယ်ထန်တလန်ကိစ္စအပါအဝင် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် ကရင်နီဒေသများတွင် စစ်ကောင်စီက ပြည်သူလူထု၏ အိုးအိမ်များ၊ ဘာသာရေးအဆောက်အုံများကို ပစ်မှတ်ထားတိုက်ခိုက်မှုများအပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချသည်။ ကျူးလွန်သူများကိုလည်း ပြင်းထန်စွာအရေးယူပေးရန် တောင်းဆိုသည်’ ဟု ဖော်ပြထားသည်။

စစ်ကောင်စီ၏ ကန့်ကွက်ချက်နှင့် PPST ၏ ကြေညာချက်ကို ပြန်လည် ပြင်ဆင်ပေးရန် သတိပေးစာကို PPST အဖွဲ့က လက်ခံရရှိထားပြီး ပုံမှန်အစည်းအဝေးများတွင် တိုင်ပင်ဆွေးနွေးပြီးမှ ပြန်လည်ထုတ်ပြန်မည်ဖြစ်ကြောင်း PPST အဖွဲ့ ပြောခွင့်ရ ရဲဘော်မျိုးဝင်းက ပြောပါသည်။

“ကျနော်တို့ ပုံမှန်ကျင်းပလေ့ရှိတဲ့ အစည်းအဝေးတွေမှာ ဒီကိစ္စကို တိုင်ပင်ဆွေးနွေးပြီးပြီဆိုရင်တော့ သဘောထားချမှတ်တဲ့အပေါ်မှာ သက်ဆိုင်ရာခေါင်းဆောင်တွေရဲ့ လမ်းညွှန်မှု့အပေါ်မှာ မူတည်ပြီး သဘောထားထုတ်ပြန်မှာ ဖြစ်တယ်” ဟု ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF မှ ရဲဘော်မျိုးဝင်းက ပြောဆိုခဲ့သည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်္မှု့ရပ်စဲရေးသဘောတူစာချုပ် NCA ကို KNU ကရင်၊ CNF ချင်း၊ RCSS ရှမ်း၊ NMSP မွန်၊ PNLO ပအိုဝ်း၊ DKBA ကရင်၊ ABSDF အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၁၀ ဖွဲ့က ပါဝင်လက်္မှတ်ရေးထိုးထားသည်။

အာဏာသိမ်းလိုက်ခြင်းသည် မင်းအောင်လှိုင် ခေါင်းဆောင်သော စစ်တပ်က NCA ကို ချိုးဖောက်ခြင်းဖြစ်ပြီး NCA လမ်းကြောင်းအတိုင်း နိုင်ငံရေးဆွေးနွေးခြင်းသည် လက်တွေ့မကျတော့ဟု CNF ပြောခွင့်ရ ဆလိုင်းထက်နီက ဆိုပါသည်။

“စစ်အာဏာရှင် မင်းအောင်လှိုင် အာဏာသိမ်းပြီးနောက်တစ်ရက်္မှာပဲ ကျနော်တို့ CNF/CNA က ‌ေကြငြာချက် ထုတ်ခဲ့တယ်။ အာဏာသိမ်းတာဟာ NCA ကို ချိုးဖောက်တာဖြစ်တယ်၊ NCA လမ်းကြောင်းအတိုင်း နိုင်ငံရေးဆွေးနွေးပွဲဆိုတာ ကျနော်တို့အတွက်တော့ လက်တွေ့မကျတော့ဘူး။ NCA မူဘောင်ထဲက နိုင်ငံရေးဆွေးနွေးပွဲဆိုတာ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်၊ နိုင်ငံရေးပါတီ၊ လွှတ်တော်၊ အစိုးရ အဲဒီအစုအဖွဲ့ ၅ ခုနဲ့ နိုင်ငံရေးဆွေးနွေးပွဲ လုပ်တာဖြစ်တယ်။ အာဏာသိမ်းလိုက်တော့ အစိုးရဆိုတာ မရှိတော့ဘူး၊ လွှတ်တော်ဆိုတာ မရှိတော့ဘူး။ အဲဒီတော့ NCA ဆိုတာ နောက်တန်းမှာကျန်ခဲ့ပြီ၊ အဓိပ္ပါယ်မရှိတော့ဘူး၊ လက်တွေ့မကျတော့ဘူးလို့ CNF က ယူဆတယ်” ဟု ဆလိုင်းထက်နီက သုံးသပ်ပြောဆိုထားပါသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံတဝန်း၌ တိုက်ပွဲများ နေရာအနှံ့ဖြစ်ပွားနေပြီး ကရင်အမျိုးသားအစည်းအရုံး KNU၊ ချင်းအမျိုးသားတပ်ဦး CNF စသော တပ်ဖွဲ့များနှင့် အကြမ်းဖက်စစ်ကောင်စီအကြား တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။

Zawgyicode:

Leave a Reply

Your email address will not be published. Required fields are marked *