အခြေခံ ကျောင်းများကို ပြန်လည်ဖွင့်လှစ်ပါက ကလေးတွေရဲ့ လုံခြုံမှုကိုအဓိက စိုးရိမ်တယ်လို့ ပညာရေးဝန်ကြီးဌာနက ဒုဝန်ကြီး ဂျာထွယ်ပန်ပြော

မေ၂၃ရက်

အခြေခံ ကျောင်းများကို ပြန်လည်ဖွင့်လှစ်ပါက ကလေးတွေရဲ့ လုံခြုံမှုကိုအဓိက စိုးရိမ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရပညာရေးဝန်ကြီးဌာနက ဒုဝန်ကြီး ဂျာထွယ်ပန်ပြောပါတယ်။

မေလအတွင်း PVTVနဲ့ မေးမြန်းရာမှာ ပညာရေးဝန်ကြီးဌာန ဒုဝန်ကြီး ဂျာထွယ်ပန်က ပြောကြားခဲ့တာဖြစ်ပါတယ်။

ကျမတို့ရဲ့ အဓိကစိုးရိမ်မှုက ကလေးတွေရဲ့ လုံခြုံမှုဖြစ်ပါတယ်။ ကလေးတွေဟာ လုံခြုံတဲ့ဝန်းကျင်မှာ ပညာသင်ကြားပိုင်ခွင့်ရှိရမှာဖြစ်ပါတယ်။ အဲ့အချက်ကအရေးကြီးတယ်။ အခုလိုမျိုး  တပ်စွဲထားမှုတွေက ကလေးတွေပညာသင်ကြားတဲ့ နေရာဝန်းကျင်ကို မလုံခြုံဖြစ်စေမှုတွေ အားလုံးကို ကျမတို့က ရှုံ့ချပါတယ်။ နောက်တစ်ခုကအခြေခံပညာနဲ့ပတ်သက်လာရင် မိဘတွေရဲ့ ရွေးချယ်မှုကို အသိအမှတ်ပြုရမှာဖြစ်ပါတယ်။အစိုးရရဲ့ ပညာရေးကိုကျမတို့က သပိတ်မှောက်တယ်၊ တစ်ဘက်မှာလည်း အခြေခံပညာနဲ့ပတ်သက်လာလို့ရှိရင် မိဘတွေရဲ့ ရွေးချယ်ခွင့်ကိုလည်း ပိတ်ပင်တားဆီးခြင်းတော့မပြုပါဘူးလို့ ဆိုပါတယ်။

လက်ရှိမှာ စစ်ကောင်စီက ဇွန်လအတွင်းအခြေခံ ကျောင်းများကို အတင်းပြန်လည်ဖွင့်လှစ်ဖို့ကြိုးစားနေပါတယ်။

အခြေ ခံပညာမှာ ကျောင်းပေါင်း ငါးသောင်းကျော် ဆရာ၊ဆရာမအင်အား သိန်းနဲ့ချီရှိပြီးတော့ ဆရာ၊ဆရာမအများစုကCDMဝင်ထားကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *