“တရားလက်လွတ် သတ်ဖြတ်မှု့တွေကြောင့် ပြည်သူများ မလုံခြုံမှု့ခံစား”နေရကြောင်း – ပြည်သူ့ပါတီကိုကိုကြီ‌ေပြာဆို

Unicode:

“တရားလက်လွတ် သတ်ဖြတ်မှု့တွေကြောင့် ပြည်သူများ မလုံခြုံမှု့ခံစား”နေရသည်ဟု – ကိုကိုကြီးကဆိုထားပါသည်။

မြန်မာနိုင်ငံမှာ ဥပဒေမဲ့ တရားလက်လွတ် သတ်ဖြတ်မှုတွေကြောင့် ပြည်သူတိုင်း မလုံခြုံဘူးလို့ ခံစားနေကြရတယ်လို့ ၈၈ ကျောင်းသားခေါင်းဆောင်တယောက် ဖြစ်သလို ပြည်သူ့ပါတီ ဥက္ကဋ္ဌလည်းဖြစ်တဲ့ ဦးကိုကိုကြီးက ပြောပါသည်။

ခုလိုသတ်ဖြတ်မှု့မျိုး ဘက်အသီးသီးက ရှောင်ရှားသင့်တယ်လို့ သူကပြောပါတယ်။ ရွေးကောက်ခံ ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ CRPH၊ NUG တို့အနေနဲ့လည်း ဒီကိစ္စမျိုး ကန့်ကွက်တယ်၊ ရှုတ်ချတယ်ဆိုရင် အများပြည်သူသိရှိအောင် ရှင်းရှင်းလင်းလင်း လုပ်သင့်တယ်လို့ ၎င်းကအကြံပြုပါသည်ဟုပြောပါသည်။

“ဘယ်အဖွဲ့အစည်းပဲဖြစ်ဖြစ် ဒါဟာ ကျနော်တို့ ဂရုပြုပြီး ရှောင်ရှားရမယ့် ကိစ္စလို့ မြင်တယ်။ နောက်တခုက စစ်တပ်ကလည်း အင်အားသုံးပြီးတော့ ဖြေရှင်းနိုင်တယ်ဆိုတဲ့ အယူအဆဟာ တိုင်းပြည်ကို စုတ်ပြတ်သတ်တဲ့ အခြေအနေအထိ ရောက်နေပြီ။ ဒါကြောင့်မို့ ကျနော်တို့က နိုင်ငံရေးလမ်းကြောင်းပေါ် ပြန်ရောက်လာအောင်နဲ့ နိုင်ငံရေးအရ ပြည်သူတွေကြားထဲမှာ မျှော်လင့်ချက်တခု ခိုင်ခိုင်မာမာဖြစ်လာအောင် ဆောင်ရွက်ဖို့ လိုတယ်လို့ မြင်တယ်။ အဲဒီတော့ နိုင်ငံရေးပါတီတွေက နိုင်ငံရေးနည်းလမ်းအရ ကြိုးပမ်းဆောင်ရွက်နိုင်တဲ့ အခွင့်အလမ်းကို ပြန်ပြီးပေါ်လာဖို့ လိုတယ်။ အဲဒီလိုမဟုတ်ဘဲနဲ့ ဒီနည်းလမ်းကလွဲပြီး တခြားနည်းလမ်းကို တခုမှ လက်မခံဘူး၊ အကုန်လုံးကို ချေဖျက်ပစ်မယ် ဆိုရင်တော့ ပြည်တွင်း နိုင်ငံရဲ့ အခြေအနေဟာ နဂိုကတည်းက ကိုဗစ်ကြောင့်ရော စစ်ကြောင့်ရော ဖွတ်ဖွတ်ညက်ညက် ကြေနေတာကနေပြီးတော့ လုံးဝပျက်စီးသွားမယ့် အခြေအနေထိ ရောက်သွားနိုင်တယ်လို့ မြင်တယ်။ ဒါကြောင့် ကျနော်လည်း နိုင်ငံရေးလုပ်လာတဲ့ တလျှောက်လုံးမှာ၊ နိုင်ငံရေးလုပ်သက် ၃၄ နှစ်အတွင်းမှာ ကျနော့်ကြောင့် တစ်ယောက်္မှ သေကျေပျက်စီးတာ မရှိဘူး။ လူသေတာ မရှိဘူး။ တယောက်္မှ အဖမ်းခံရတာမရှိဘူး။ စစ်တပ်ကနေပြီး ဘာအကျိုးစီးပွားမှ မပတ်သက်ဘူး။ ကျနော့်ယုံကြည်မှု့ကို ကျနော် ခိုင်ခိုင်မာမာ ဆောင်ရွက်တယ်။ အခု NUG တို့ CRPH တို့မှာ ဦးဆောင်နေတဲ့သူတွေလည်း ကျနော့်အကြောင်းကို တစ်ယောက်ချင်း ကောင်းကောင်းသိတယ်။ ဆိုတော့ အဲဒီလို အခြေအနေမျိုးမှာ လက်လွတ်စပယ် ဖေ့စ်ဘုတ်မှာ ပြောဆို ဆဲဆို တိုက်ခိုက်နေတာ ဒါကြီးက ယဉ်ကျေးမှု့တစ်ခုလို ဖြစ်လာတာကိုက အင်မတန် အန္တရာယ်ကြီးတယ်လို့ မြင်တယ်။ အဲ့တော့ စစ်တပ်ကလည်း ဖမ်းဆီးထားတဲ့ ကိစ္စတွေ ဒါတွေဟာ အမြန်ဆုံး ပြန်လွှတ်ပေးဖို့နဲ့ နိုင်ငံရေးကို လူထုက ယုံကြည်မှု့ရှိလာအောင် ပြန်ပြီး ဆောင်ရွက်ဖို့က အရေးတကြီးလုပ်ရမယ့် ကိစ္စလို့ မြင်ပါတယ်။”ဟု ပြောကြားခဲ့ပါသည်။

Zawgyicode:

Leave a Reply

Your email address will not be published. Required fields are marked *