လုပ်ကြံစာရင်းဆိုတာမျိုး NUG မှာ ရည်ရွယ်ချက်ရော မူဝါဒပါမရှိဘူးလို့ ဒေါ်ဇင်မာအောင်ပြော

ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဆန့်ကျင်ဘက်အင်အားစုတွေကို လုပ်ကြံဖို့ စာရင်းတခု ရှိနေသလားဆိုပြီး သံတမန် အသိုင်းအဝိုင်းကတဆင့် မေးမြန်းလာတာကို ကြားရချိန်မှာ အတော်အံ့သြမိတယ်လို့ NUG ရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ဗွီအိုအေကို ပြောပါတယ်။ အဲဒီလိုရည်ရွယ်ချက် မရှိသလို မူဝါဒလည်းမရှိ၊ ကိုင်စွဲထားတဲ့ စံတန်ဖိုးတွေနဲ့လည်း ကိုက်ညီမှုမရှိဘူးလို့ ဒေါ်ဇင်မာအောင်က ပြောပါတယ်။ ကိုကျော်ကျော်သိန်းက ဆက်သွယ်မေးမြန်းထားပါတယ်။

ကိုကျော်ကျော်သိန်း – ဒေါ်ဇင်မာအောင်ရေ ဒီ Hit List ပေါ့လေ၊ လုပ်ကြံသတ်ဖြတ်ဖို့ဆိုတဲ့ စာရင်းတခု ထွက်နေတယ်ဆိုပြီးတော့ စွပ်စွဲချက်တွေ၊ ကောလာဟလတွေ ထွက်နေတာ ကျနော်တို့ သိထားပါတယ်။ အဲဒီလို စွပ်စွဲချက်တွေ၊ ကောလာဟလတွေက ဘယ်လိုမျိုးများ ပြန့်နေတာပါလဲ။

ဒေါ်ဇင်မာအောင် – “အဓိက ကျမတို့ သိရသလောက်တော့ ဆရာဆာဆာဆီကိုလည်း တချို့ ကျမတို့နဲ့ ဆက်ဆံ ဆောင်ရွက်နေတဲ့ သံတမန်အသိုင်းအဝိုင်းတွေ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေကနေပြီး မေးလာတာတွေ ရှိတယ်။ ကျမတို့လည်း ဒါ တော်တော်အံ့သြတယ်။ တော်တော်အံ့သြတော့ ဘယ်လိုကြီးတုန်းပေါ့နော်၊ အဲဒါနဲ့ ဒါ တော်တော် Serious ဖြစ်တယ်၊ မဟုတ်ဘူးဆိုရင်လည်း မဟုတ်တဲ့အကြောင်းတော့ တုံ့ပြန်ဖို့ ကောင်းတယ်ပေါ့ ဆိုပြီးတော့ ဆရာဆာဆာဆီကနေ ဆွေးနွေးလာတာ ရှိတယ်။ တပြိုင်နက်တည်းမှာပဲ ကျမတို့ဆီကိုလည်း ရောက်တယ်ပေါ့။ ဒါကြီးက Hit List က ရှိနေတယ်၊ ဒီလို ဒီအကြောင်းပဲဆိုတော့ ကျမတို့လည်း စစကြားချင်းတော့ တော်တော်အံ့သြတယ်။ တုံ့ပြန်စရာတောင် မလိုဘူးလို့ ထင်တာပေါ့လေ။ သို့သော်လည်း နိုင်ငံတကာက ကျမတို့နဲ့ လုပ်ဖော်ကိုင်ဘက် သံတမန်တွေ၊ အဖွဲ့အစည်းတွေဆီကိုလည်း ရောက်နေတယ်ဆိုတော့ သူတို့ကလည်း မေးလာတယ်။ ဆိုတဲ့အနေအထားမှာ ဒါဆိုရင်တော့ ကျမတို့ မဟုတ်ရင်လည်း မဟုတ်တဲ့အကြောင်းကိုတော့ ပြန်လည်ရှင်းလင်းဖို့လိုတယ်။ ဒီအတိုင်း လွှတ်ထားလို့ရတဲ့ သတင်းတော့ မဟုတ်တော့ဘူး။ ဒါက အရမ်းကို စနစ်တကျ ပျံ့နှံ့တဲ့ သဘောမျိုး ဖြစ်နေတယ်။ ဒါကြောင့်မို့ ကျမတို့ နိုင်ငံတကာရေးရာနဲ့ရော သက်ဆိုင်ရာ Ministry နဲ့ရော အရေးပေါ်အစည်းအဝေး ခေါ်ယူတိုင်ပင်ပြီးတော့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာနအနေနဲ့ ကြေညာချက်ထုတ်ပြီး ထုတ်ပြန်လိုက်ပါမယ်ပေါ့၊ ဆိုပြီးတော့ ကျမတို့ Confirmation တွေ အကုန်လုပ်ပြီးမှ ဒီကြေညာချက်ကို ဆရာဆာဆာက ထုတ်ပြန်တာ ဖြစ်ပါတယ်။”

ကိုကျော်ကျော်သိန်း – ဆိုတော့ ဒေါ်ဇင်မာအောင်တို့ သိထားတာအရက ဒေါ်ဇင်မာအောင်တို့ဆီကို သံတမန်အသိုင်းအဝိုင်းကနေပြီးတော့ ဒီကိစ္စ စလာတာပေါ့။

ဒေါ်ဇင်မာအောင် – “ဟုတ်ကဲ့၊ ကျမတို့ကတော့ လုပ်ငန်းသဘောသဘာဝ အရလည်း ဒီသံတမန်အသိုင်းအဝိုင်းနဲ့ ဆက်စပ်နေရတော့ ဒီသတင်းတွေကို ဟုတ်သလားပေါ့၊ သူတို့လက်ထဲ ရရှိနေပါတယ်ဆိုပြီး ကျမတို့ဆီကို Confirmation လှမ်းတောင်းတာပေါ့လေ။ List တွေနဲ့ရော နာမည်တွေနဲ့ရောပါတော့ ကျမတို့ကတော့ ပြောတယ်၊ ဟာ ဒုက္ခပဲ၊ အဲဒါဆိုိရင်တော့ ကျမတို့ တကယ်စိုးရိမ်သွားပြီလို့၊ အဲဒီ အခုစာရင်းထဲမှာပါတဲ့ လူတွေပေါ့လေ။ တချို့တလေတော့ နာမည်ပါတယ်၊ ကျမတော့ ထုတ်မပြောတော့ပါဘူး၊ ဘာဖြစ်လို့လဲဆိုတော့ နာမည်ထုတ်ပြောလိုက်ရင် သူတို့အတွက် အန္တရာယ်ကို ကျမတို့ တကယ်ပဲ စိုးရိမ်တယ်။ ကျမတို့ကိုယ်တိုင်လည်း သူတို့အတွက်ကို တကယ်စိုးရိမ်တယ်။ ကျမတို့ ဒီလိုမျိုး ရည်ရွယ်ချက်လည်း မရှိဘူး၊ မူဝါဒအားဖြင့်လည်း ရှိမနေဘူး၊ ကျမတို့ရဲ့ စံတန်ဖိုးတွေနဲ့လည်း ကိုက်ညီမှု မရှိဘူးပေါ့။ ဒါကြောင့်မို့ ဒီဟာကြီးက မဟုတ်ဘူး။ ဒါ မဟုတ်ဘူးဆိုတဲ့အကြောင်းတော့ ကျမတို့ ရှင်းပြပါတယ်။ တပြိုင်နက်တည်းမှာလည်း ကျမတို့ Conspiracy ဖြစ်လာနိုင်တဲ့ဟာတွေကို ကျမတို့ သွားမြင်တယ်။ မြင်တဲ့အတွက် တကယ်လည်း စိုးရိမ်သွားတယ်၊ အဲဒီကာယကံရှင်တွေအတွက်ပေါ့နော်။ ဒီကိစ္စတွေ မေးမြန်းလာတဲ့ သံတမန်တွေ၊ Verify လုပ်လာတဲ့ သံတမန်တွေကိုတော့ ကျမတို့ ဒီအတိုင်းပဲ အကြောင်းပြန်ထားပါတယ်။”

ကိုကျော်ကျော်သိန်း – ဒေါ်ဇင်မာအောင်တို့ဆီကို သတ်သတ်မှတ်မှတ်ပေါ့လေ၊ နိုင်ငံတကာ သံရုံးတခုခုကသော်လည်းကောင်း၊ နိုင်ငံခြားရေးဌာန တခုခုကသော်လည်းကောင်း၊ ဒီကိစ္စနဲ့ပတ်သက်ပြီး တိုက်ရိုက်ပြောဆိုရတာမျိုးရော ရှိပါသလား။

ဒေါ်ဇင်မာအောင် – “ဟုတ်ကဲ့ ရှိပါတယ်။ Call တောင်းပြီးတော့ ဒီသတင်းတွေ ကြားနေတယ်၊ ကျမတို့ Informally ပေါ့၊ Formal Call တော့ မဟုတ်ဘူးပေါ့။ ကျမတို့မှာတော့ အခုခေတ်က အင်တာနက်ခေတ် ဖြစ်တာကိုး။ ဖြစ်တော့ မက်ဆေ့ခ်ျတွေနဲ့ ပို့ပြီးတော့ ပုံမှန် အရေးကြီးတဲ့ဟာတွေ၊ Serious ဖြစ်တဲ့ဟာတွေဆိုရင်တော့ Confirmation လုပ်တယ်။ သတင်းအချက်အလက် မေးမြန်းဆွေးနွေးတာတွေ လုပ်ပြီးတော့ အဲဒီ Channel တွေကနေပဲ ကျမတို့ သွားတာပါ။ အဲဒီတော့ ကျမတို့ဆီကိုလည်း နှစ်ခု သုံးခုလောက်ကနေပြီးတော့ Verify လုပ်လာတော့ ကျမတို့လည်း ပြန်ပြီးတော့ ရှင်းလင်းပြောကြားရတဲ့ဟာ ဖြစ်လာတာပေါ့။”

ကိုကျော်ကျော်သိန်း – တဆက်တည်းမှာပဲ လက်ရှိ မြန်မာပြည်မှာက ဒလန်ဆိုတဲ့ စွပ်စွဲချက်နဲ့ သတ်ဖြတ်တာတွေ ရှိတယ်၊ ဗုံးခွဲတာတွေ ရှိတယ်။ ဒါတွေကိုလည်းပဲ စစ်ကောင်စီဘက်ကနေ အကြမ်းဖက်အဖွဲ့အစည်းတွေအဖြစ် သူတို့စွပ်စွဲထားတဲ့ CRPH နဲ့ NUG ရဲ့လက်ချက်ဆိုပြီးတော့ ပြောတယ်။ CRPH နဲ့ NUG ဘက်ကလည်း ဒါတွေကို မသက်ဆိုင်ဘူးဆိုပြီးတော့ ငြင်းထားတာ ရှိပါတယ်။ ဒီဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီးတော့၊ ဒီဖြစ်ရပ်တွေကိုလုပ်တဲ့ အဖွဲ့အစည်းတွေနဲ့ ပတ်သက်ပြီးတော့ NUG အနေနဲ့ ပြောရမယ်ဆိုရင်တော့ Moral Authority လို့ ဆိုရမလားပါပဲ၊ ကိုယ်ကျင့်သိက္ခာပိုင်းအရ၊ ကျင့်ဝတ်ပိုင်းအရ ပြောရေးဆိုပိုင်ခွင့်ရှိတဲ့ အဖွဲ့အစည်းတခု ဖြစ်တဲ့အခါကြတော့ ဒီလိုအခြေအမျေိုးတွေကို NUG အနေနဲ့ ဘယ်လိုများ ထိန်းသိမ်းလုပ်ဆောင်နေပါသလဲ၊ ဆက်ပြီးတော့ရော ဘယ်လိုထိန်းသိမ်းလုပ်ဆောင်သွားဖို့ စီစဉ်ထားတာ ရှိပါသလဲ။

ဒေါ်ဇင်မာအောင် – “Morally Authority ရှိတဲ့အတွက် ကျမတို့ မီဒီယာတွေမှာ ထွက်ပြီးတော့ ပြောဆိုတာတွေ ရှိတယ်။ ကျမဆိုရင်လည်း နိုင်ငံတကာနဲ့ ဆက်သွယ်ဆောင်ရွက်နေရတဲ့အပြင်ကို ပြည်တွင်းပေါ့၊ ကိုယ့်အစိုးရအဖွဲ့အတွင်းမှာ Inter-Ministry Meeting တွေမှာ ကျမတို့က အကျေအလည် ဒီကိစ္စတွေကို Seriously ဆွေးနွေးပြီးတော့မှ ကြေညာချက်ထုတ်တာကအစ၊ မူဝါဒ ထုတ်ပြန်တာတွေကအစ တကယ့်ကို အကျေအလည် ဆွေးနွေးပြီးတော့မှ မြေပြင်က အခြေအနေနဲ့ ပေါင်းစပ်ပြီးတော့ ထုတ်ပြန်ပြီးတော့ ဆောင်ရွက်နေတယ်။ Enforcement တွေ လုပ်နေတယ်။ အခု သက်ဆိုင်ရာ ဝန်ကြီးဌာန အနေနဲ့လည်း ပြည်နယ်တွေ၊ ဒေသဆိုင်ရာ PDF တွေပေါ့၊ ကျမတို့ရဲ့ Chain of Command ထဲကို မရောက်သေးတဲ့ အဖွဲ့အစည်းတွေနဲ့ တွေ့တဲ့အခါမှာလည်း ဒီအတိုင်းပါပဲ။ အဲဒီကိစ္စတွေကို ကျယ်ကျယ်ပြန့်ပြန့်ပြောပြီးတော့ ဝန်ကြီးဌာနက တာဝန်ရှိတဲ့လူတွေက တွေ့ဆုံပြီးတော့ ဆောင်ရွက်နေတာရှိတယ်။ အဲဒီတော့ ကျမတို့ ပြောချင်တာကတော့၊ ကျမကိုယ်တိုင်လည်း တခါတော့ ပြောပြီးပြီပေါ့၊ Crime ကို ကျူးလွန်တယ်ဆိုရင် ဒီကွန်ဗင်းရှင်းတွေ၊ လက်နက်ကိုင်ထားပြီဆိုရင် လက်နက်ကိုင်ထားတဲ့သူဟာ လက်နက်မကိုင်ထားတဲ့သူတွေထက် ပိုပြီးတော့ ကျင့်ဝတ်ကို စောင့်ထိန်းရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့ကိုယ်တိုင် ခံစားနေရတာ ဖြစ်တယ်ပေါ့။ လက်နက်ကိုင်ပြီး ကျင့်ဝတ်မရှိတဲ့တပ်ဟာ စစ်တပ်မဟုတ်တော့ဘူး။ လုံးဝ အကြမ်းဖက်အဖွဲ့အစည်း ဖြစ်သွားပြီလို့ ကျမတို့ကိုယ်တိုင်လည်း ကြေညာခဲ့တာ ဖြစ်တဲ့အတွက် ကျမတို့ကိုယ်တိုင် ဒါမျိုးကို မလုပ်ဖို့လိုတယ် ဆိုတာက ကျမတို့ PDF ဆိုပြီး စပြီးဖွဲ့စည်းမယ်လို့ ဆုံးဖြတ်ခဲ့တဲ့ အခြေခံစံတန်ဖိုးဖြစ်တယ်၊ ခံယူချက်လည်း ဖြစ်တယ်ပေါ့နော်။ ဆိုတော့ ဒါတွေကို ကျမတို့ အခါအားလျော်စွာ ထုတ်ဖော်ပြောဆိုနေတာတွေလည်း ရှိပါတယ်။ အဲဒီတော့ တရားဥပဒေအရ ဆိုရင်တော့ စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်တွေ မလိုက်နာတဲ့လူတွေဟာ ဌာနတွင်း အရေးယူခံရနိုင်ဖို့ရှိတယ်။ ဒါ့အပြင် နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့အညီ ဂျီနီဗာကွန်ဗန်းရှင်းကို ချိုးဖောက်တာမျိုး ဖြစ်လာမယ်ဆိုရင်လည်း ဒါ နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့ မကိုက်ညီရင် ဥပဒေတွေအရ ကျူးလွန်ရင် ကျူးလွန်တဲ့အလျောက် အပြစ်ပေးခံရနိုင်ချေရှိတယ်။ ဒါကြောင့် ဒါတွေကို ရှောင်ကြဉ်ဖို့ဆိုတာ စဉ်ဆက်မပြတ်ကို Internally မှာ Engagement တွေလုပ်နေပါတယ်လို့ ပြောချင်ပါတယ်။”

(Unicode)

“လုပ်ကြံစာရင်းဆိုတာမျိုး NUG မှာ ရည်ရွယ်ချက်ရော မူဝါဒပါမရှိ” – ဒေါ်ဇင်မာအောင်

ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဆန့်ကျင်ဘက်အင်အားစုတွေကို လုပ်ကြံဖို့ စာရင်းတခု ရှိနေသလားဆိုပြီး သံတမန် အသိုင်းအဝိုင်းကတဆင့် မေးမြန်းလာတာကို ကြားရချိန်မှာ အတော်အံ့သြမိတယ်လို့ NUG ရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ဗွီအိုအေကို ပြောပါတယ်။ အဲဒီလိုရည်ရွယ်ချက် မရှိသလို မူဝါဒလည်းမရှိ၊ ကိုင်စွဲထားတဲ့ စံတန်ဖိုးတွေနဲ့လည်း ကိုက်ညီမှုမရှိဘူးလို့ ဒေါ်ဇင်မာအောင်က ပြောပါတယ်။ ကိုကျော်ကျော်သိန်းက ဆက်သွယ်မေးမြန်းထားပါတယ်။

ကိုကျော်ကျော်သိန်း – ဒေါ်ဇင်မာအောင်ရေ ဒီ Hit List ပေါ့လေ၊ လုပ်ကြံသတ်ဖြတ်ဖို့ဆိုတဲ့ စာရင်းတခု ထွက်နေတယ်ဆိုပြီးတော့ စွပ်စွဲချက်တွေ၊ ကောလာဟလတွေ ထွက်နေတာ ကျနော်တို့ သိထားပါတယ်။ အဲဒီလို စွပ်စွဲချက်တွေ၊ ကောလာဟလတွေက ဘယ်လိုမျိုးများ ပြန့်နေတာပါလဲ။

ဒေါ်ဇင်မာအောင် – “အဓိက ကျမတို့ သိရသလောက်တော့ ဆရာဆာဆာဆီကိုလည်း တချို့ ကျမတို့နဲ့ ဆက်ဆံ ဆောင်ရွက်နေတဲ့ သံတမန်အသိုင်းအဝိုင်းတွေ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေကနေပြီး မေးလာတာတွေ ရှိတယ်။ ကျမတို့လည်း ဒါ တော်တော်အံ့သြတယ်။ တော်တော်အံ့သြတော့ ဘယ်လိုကြီးတုန်းပေါ့နော်၊ အဲဒါနဲ့ ဒါ တော်တော် Serious ဖြစ်တယ်၊ မဟုတ်ဘူးဆိုရင်လည်း မဟုတ်တဲ့အကြောင်းတော့ တုံ့ပြန်ဖို့ ကောင်းတယ်ပေါ့ ဆိုပြီးတော့ ဆရာဆာဆာဆီကနေ ဆွေးနွေးလာတာ ရှိတယ်။ တပြိုင်နက်တည်းမှာပဲ ကျမတို့ဆီကိုလည်း ရောက်တယ်ပေါ့။ ဒါကြီးက Hit List က ရှိနေတယ်၊ ဒီလို ဒီအကြောင်းပဲဆိုတော့ ကျမတို့လည်း စစကြားချင်းတော့ တော်တော်အံ့သြတယ်။ တုံ့ပြန်စရာတောင် မလိုဘူးလို့ ထင်တာပေါ့လေ။ သို့သော်လည်း နိုင်ငံတကာက ကျမတို့နဲ့ လုပ်ဖော်ကိုင်ဘက် သံတမန်တွေ၊ အဖွဲ့အစည်းတွေဆီကိုလည်း ရောက်နေတယ်ဆိုတော့ သူတို့ကလည်း မေးလာတယ်။ ဆိုတဲ့အနေအထားမှာ ဒါဆိုရင်တော့ ကျမတို့ မဟုတ်ရင်လည်း မဟုတ်တဲ့အကြောင်းကိုတော့ ပြန်လည်ရှင်းလင်းဖို့လိုတယ်။ ဒီအတိုင်း လွှတ်ထားလို့ရတဲ့ သတင်းတော့ မဟုတ်တော့ဘူး။ ဒါက အရမ်းကို စနစ်တကျ ပျံ့နှံ့တဲ့ သဘောမျိုး ဖြစ်နေတယ်။ ဒါကြောင့်မို့ ကျမတို့ နိုင်ငံတကာရေးရာနဲ့ရော သက်ဆိုင်ရာ Ministry နဲ့ရော အရေးပေါ်အစည်းအဝေး ခေါ်ယူတိုင်ပင်ပြီးတော့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာနအနေနဲ့ ကြေညာချက်ထုတ်ပြီး ထုတ်ပြန်လိုက်ပါမယ်ပေါ့၊ ဆိုပြီးတော့ ကျမတို့ Confirmation တွေ အကုန်လုပ်ပြီးမှ ဒီကြေညာချက်ကို ဆရာဆာဆာက ထုတ်ပြန်တာ ဖြစ်ပါတယ်။”

ကိုကျော်ကျော်သိန်း – ဆိုတော့ ဒေါ်ဇင်မာအောင်တို့ သိထားတာအရက ဒေါ်ဇင်မာအောင်တို့ဆီကို သံတမန်အသိုင်းအဝိုင်းကနေပြီးတော့ ဒီကိစ္စ စလာတာပေါ့။

ဒေါ်ဇင်မာအောင် – “ဟုတ်ကဲ့၊ ကျမတို့ကတော့ လုပ်ငန်းသဘောသဘာဝ အရလည်း ဒီသံတမန်အသိုင်းအဝိုင်းနဲ့ ဆက်စပ်နေရတော့ ဒီသတင်းတွေကို ဟုတ်သလားပေါ့၊ သူတို့လက်ထဲ ရရှိနေပါတယ်ဆိုပြီး ကျမတို့ဆီကို Confirmation လှမ်းတောင်းတာပေါ့လေ။ List တွေနဲ့ရော နာမည်တွေနဲ့ရောပါတော့ ကျမတို့ကတော့ ပြောတယ်၊ ဟာ ဒုက္ခပဲ၊ အဲဒါဆိုရင်တော့ ကျမတို့ တကယ်စိုးရိမ်သွားပြီလို့၊ အဲဒီ အခုစာရင်းထဲမှာပါတဲ့ လူတွေပေါ့လေ။ တချို့တလေတော့ နာမည်ပါတယ်၊ ကျမတော့ ထုတ်မပြောတော့ပါဘူး၊ ဘာဖြစ်လို့လဲဆိုတော့ နာမည်ထုတ်ပြောလိုက်ရင် သူတို့အတွက် အန္တရာယ်ကို ကျမတို့ တကယ်ပဲ စိုးရိမ်တယ်။ ကျမတို့ကိုယ်တိုင်လည်း သူတို့အတွက်ကို တကယ်စိုးရိမ်တယ်။ ကျမတို့ ဒီလိုမျိုး ရည်ရွယ်ချက်လည်း မရှိဘူး၊ မူဝါဒအားဖြင့်လည်း ရှိမနေဘူး၊ ကျမတို့ရဲ့ စံတန်ဖိုးတွေနဲ့လည်း ကိုက်ညီမှု မရှိဘူးပေါ့။ ဒါကြောင့်မို့ ဒီဟာကြီးက မဟုတ်ဘူး။ ဒါ မဟုတ်ဘူးဆိုတဲ့အကြောင်းတော့ ကျမတို့ ရှင်းပြပါတယ်။ တပြိုင်နက်တည်းမှာလည်း ကျမတို့ Conspiracy ဖြစ်လာနိုင်တဲ့ဟာတွေကို ကျမတို့ သွားမြင်တယ်။ မြင်တဲ့အတွက် တကယ်လည်း စိုးရိမ်သွားတယ်၊ အဲဒီကာယကံရှင်တွေအတွက်ပေါ့နော်။ ဒီကိစ္စတွေ မေးမြန်းလာတဲ့ သံတမန်တွေ၊ Verify လုပ်လာတဲ့ သံတမန်တွေကိုတော့ ကျမတို့ ဒီအတိုင်းပဲ အကြောင်းပြန်ထားပါတယ်။”

ကိုကျော်ကျော်သိန်း – ဒေါ်ဇင်မာအောင်တို့ဆီကို သတ်သတ်မှတ်မှတ်ပေါ့လေ၊ နိုင်ငံတကာ သံရုံးတခုခုကသော်လည်းကောင်း၊ နိုင်ငံခြားရေးဌာန တခုခုကသော်လည်းကောင်း၊ ဒီကိစ္စနဲ့ပတ်သက်ပြီး တိုက်ရိုက်ပြောဆိုရတာမျိုးရော ရှိပါသလား။

ဒေါ်ဇင်မာအောင် – “ဟုတ်ကဲ့ ရှိပါတယ်။ Call တောင်းပြီးတော့ ဒီသတင်းတွေ ကြားနေတယ်၊ ကျမတို့ Informally ပေါ့၊ Formal Call တော့ မဟုတ်ဘူးပေါ့။ ကျမတို့မှာတော့ အခုခေတ်က အင်တာနက်ခေတ် ဖြစ်တာကိုး။ ဖြစ်တော့ မက်ဆေ့ချ်တွေနဲ့ ပို့ပြီးတော့ ပုံမှန် အရေးကြီးတဲ့ဟာတွေ၊ Serious ဖြစ်တဲ့ဟာတွေဆိုရင်တော့ Confirmation လုပ်တယ်။ သတင်းအချက်အလက် မေးမြန်းဆွေးနွေးတာတွေ လုပ်ပြီးတော့ အဲဒီ Channel တွေကနေပဲ ကျမတို့ သွားတာပါ။ အဲဒီတော့ ကျမတို့ဆီကိုလည်း နှစ်ခု သုံးခုလောက်ကနေပြီးတော့ Verify လုပ်လာတော့ ကျမတို့လည်း ပြန်ပြီးတော့ ရှင်းလင်းပြောကြားရတဲ့ဟာ ဖြစ်လာတာပေါ့။”

ကိုကျော်ကျော်သိန်း – တဆက်တည်းမှာပဲ လက်ရှိ မြန်မာပြည်မှာက ဒလန်ဆိုတဲ့ စွပ်စွဲချက်နဲ့ သတ်ဖြတ်တာတွေ ရှိတယ်၊ ဗုံးခွဲတာတွေ ရှိတယ်။ ဒါတွေကိုလည်းပဲ စစ်ကောင်စီဘက်ကနေ အကြမ်းဖက်အဖွဲ့အစည်းတွေအဖြစ် သူတို့စွပ်စွဲထားတဲ့ CRPH နဲ့ NUG ရဲ့လက်ချက်ဆိုပြီးတော့ ပြောတယ်။ CRPH နဲ့ NUG ဘက်ကလည်း ဒါတွေကို မသက်ဆိုင်ဘူးဆိုပြီးတော့ ငြင်းထားတာ ရှိပါတယ်။ ဒီဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီးတော့၊ ဒီဖြစ်ရပ်တွေကိုလုပ်တဲ့ အဖွဲ့အစည်းတွေနဲ့ ပတ်သက်ပြီးတော့ NUG အနေနဲ့ ပြောရမယ်ဆိုရင်တော့ Moral Authority လို့ ဆိုရမလားပါပဲ၊ ကိုယ်ကျင့်သိက္ခာပိုင်းအရ၊ ကျင့်ဝတ်ပိုင်းအရ ပြောရေးဆိုပိုင်ခွင့်ရှိတဲ့ အဖွဲ့အစည်းတခု ဖြစ်တဲ့အခါကြတော့ ဒီလိုအခြေအမျေိုးတွေကို NUG အနေနဲ့ ဘယ်လိုများ ထိန်းသိမ်းလုပ်ဆောင်နေပါသလဲ၊ ဆက်ပြီးတော့ရော ဘယ်လိုထိန်းသိမ်းလုပ်ဆောင်သွားဖို့ စီစဉ်ထားတာ ရှိပါသလဲ။

ဒေါ်ဇင်မာအောင် – “Morally Authority ရှိတဲ့အတွက် ကျမတို့ မီဒီယာတွေမှာ ထွက်ပြီးတော့ ပြောဆိုတာတွေ ရှိတယ်။ ကျမဆိုရင်လည်း နိုင်ငံတကာနဲ့ ဆက်သွယ်ဆောင်ရွက်နေရတဲ့အပြင်ကို ပြည်တွင်းပေါ့၊ ကိုယ့်အစိုးရအဖွဲ့အတွင်းမှာ Inter-Ministry Meeting တွေမှာ ကျမတို့က အကျေအလည် ဒီကိစ္စတွေကို Seriously ဆွေးနွေးပြီးတော့မှ ကြေညာချက်ထုတ်တာကအစ၊ မူဝါဒ ထုတ်ပြန်တာတွေကအစ တကယ့်ကို အကျေအလည် ဆွေးနွေးပြီးတော့မှ မြေပြင်က အခြေအနေနဲ့ ပေါင်းစပ်ပြီးတော့ ထုတ်ပြန်ပြီးတော့ ဆောင်ရွက်နေတယ်။ Enforcement တွေ လုပ်နေတယ်။ အခု သက်ဆိုင်ရာ ဝန်ကြီးဌာန အနေနဲ့လည်း ပြည်နယ်တွေ၊ ဒေသဆိုင်ရာ PDF တွေပေါ့၊ ကျမတို့ရဲ့ Chain of Command ထဲကို မရောက်သေးတဲ့ အဖွဲ့အစည်းတွေနဲ့ တွေ့တဲ့အခါမှာလည်း ဒီအတိုင်းပါပဲ။ အဲဒီကိစ္စတွေကို ကျယ်ကျယ်ပြန့်ပြန့်ပြောပြီးတော့ ဝန်ကြီးဌာနက တာဝန်ရှိတဲ့လူတွေက တွေ့ဆုံပြီးတော့ ဆောင်ရွက်နေတာရှိတယ်။ အဲဒီတော့ ကျမတို့ ပြောချင်တာကတော့၊ ကျမကိုယ်တိုင်လည်း တခါတော့ ပြောပြီးပြီပေါ့၊ Crime ကို ကျူးလွန်တယ်ဆိုရင် ဒီကွန်ဗင်းရှင်းတွေ၊ လက်နက်ကိုင်ထားပြီဆိုရင် လက်နက်ကိုင်ထားတဲ့သူဟာ လက်နက်မကိုင်ထားတဲ့သူတွေထက် ပိုပြီးတော့ ကျင့်ဝတ်ကို စောင့်ထိန်းရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့ကိုယ်တိုင် ခံစားနေရတာ ဖြစ်တယ်ပေါ့။ လက်နက်ကိုင်ပြီး ကျင့်ဝတ်မရှိတဲ့တပ်ဟာ စစ်တပ်မဟုတ်တော့ဘူး။ လုံးဝ အကြမ်းဖက်အဖွဲ့အစည်း ဖြစ်သွားပြီလို့ ကျမတို့ကိုယ်တိုင်လည်း ကြေညာခဲ့တာ ဖြစ်တဲ့အတွက် ကျမတို့ကိုယ်တိုင် ဒါမျိုးကို မလုပ်ဖို့လိုတယ် ဆိုတာက ကျမတို့ PDF ဆိုပြီး စပြီးဖွဲ့စည်းမယ်လို့ ဆုံးဖြတ်ခဲ့တဲ့ အခြေခံစံတန်ဖိုးဖြစ်တယ်၊ ခံယူချက်လည်း ဖြစ်တယ်ပေါ့နော်။ ဆိုတော့ ဒါတွေကို ကျမတို့ အခါအားလျော်စွာ ထုတ်ဖော်ပြောဆိုနေတာတွေလည်း ရှိပါတယ်။ အဲဒီတော့ တရားဥပဒေအရ ဆိုရင်တော့ စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်တွေ မလိုက်နာတဲ့လူတွေဟာ ဌာနတွင်း အရေးယူခံရနိုင်ဖို့ရှိတယ်။ ဒါ့အပြင် နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့အညီ ဂျီနီဗာကွန်ဗန်းရှင်းကို ချိုးဖောက်တာမျိုး ဖြစ်လာမယ်ဆိုရင်လည်း ဒါ နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့ မကိုက်ညီရင် ဥပဒေတွေအရ ကျူးလွန်ရင် ကျူးလွန်တဲ့အလျောက် အပြစ်ပေးခံရနိုင်ချေရှိတယ်။ ဒါကြောင့် ဒါတွေကို ရှောင်ကြဉ်ဖို့ဆိုတာ စဉ်ဆက်မပြတ်ကို Internally မှာ Engagement တွေလုပ်နေပါတယ်လို့ ပြောချင်ပါတယ်။”

Leave a Reply

Your email address will not be published. Required fields are marked *