စာသင်ကျောင်းတွေကို နှောင့်ယှက်တာဟာ မိုက်မဲတဲ့ လုပ်ရပ်ဖြစ်တယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် ပြော

ရန်ကုန်၊နိုဝင်ဘာ(၁၀)

စာသင်ကျောင်းတွေကို နှောက်ယှက် ခြိမ်းခြောက် ဖောက်ခွဲတာဟာ မိုက်မဲတဲ့လုပ်ရပ်ဖြစ်ပြီး နိုင်ငံကိုဒုက္ခပေးတာဖြစ်တယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် က ပြောပါတယ်။

မနေ့ကနိုဝင်ဘာ (၉) ရက်နေ့က နေပြည်တော်မှာ ကျင်းပတဲ့ စစ်ကောင်စီအစည်းအဝေးမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကပြောဆိုခဲ့တာဖြစ်ပါတယ်။

” ကျောင်းတွေပြန်ဖွင့်တဲ့ အချိန်မှာ ကျောင်းပြန်တတ်တာ နည်းပေမယ့် နိုဝင်ဘာ (၈) ရက်အထိ ကျောင်းသား၊ ကျောင်းသူစုစုပေါင်း ၂ သန်း ၃ သိန်း ၅ ထောင်ကျော် ကျောင်းပြန်တတ်တာကြောင့် ကျောင်းစတင်ဖွင့်လှစ်ချိန်နဲ့ တွက်ရင် တစ်ပတ်အတွင်း ကျောင်းသား ၁ သန်းကျော်ထပ်မံ တိုးတက်လာတာ တွေ့ရှိရလို့ ဝမ်းမြောက်ဖွယ်ရာ ဖြစ်တယ် ” လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။

စာသင်ကျောင်းတွေရဲ့လုံခြုံရေးကို ကျောင်းသားမိဘတွေနဲ့ ရပ်ရွာ အေးချမ်းသာယာရေး လိုလားသူတွေက ဝိုင်းဝန်းကူညီ စောင့်ရှောက်ပေးတာကြောင့် စာသင်ကျောင်းတွေမှာ နှောက်ယှက်မှုအနည်းငယ်သာ ရှိပြီးတချို့နေရာတွေမှာ ခြိမ်းခြောက်မှုတွေရှိပါတယ်၊အခြေခံပညာကျောင်းဖွင့်တဲ့ ရလဒ်အပေါ်မူတည်ပြီး တက္ကသိုလ်တွေ ဆက်လက်ဖွင့်လှစ်သွားမှာဖြစ်ပြီး ပြန်ဖွင့်ရာမှာ အကုန်တော့မဖွင့်ဘဲ မဟာတန်းတွေ၊ ပါရဂူတန်းတွေ၊ Qualified တန်းတွေ၊ ဂုဏ်ထူးတန်းတွေ ဒီနောက် နောက်ဆုံးနှစ်၊ တတိယနှစ်၊ ဒုတိယနှစ် တဆင့်ခြင်း ဆက်လက် ဖွင့်သွားမှာ ဖြစ်တယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင်က ပြောဆိုခဲ့ပါသေးတယ်။

စစ်ကောင်စီကဖွင့်လှစ်တဲ့ ကျွန်ပညာရေးစနစ်မှာ ကျောင်းသားကျောင်းသူတွေနဲ့ ဆရာ ဆရာမ တချို့က အကြမ်းမဖက် အာဏာဖီဆန် CDM ပြုလုပ်ခဲ့ပြီး စစ်ကောင်စီကို တော်လှန်နေတာ ဖြစ်ပါတယ်။

Zawgyi

Leave a Reply

Your email address will not be published. Required fields are marked *