လူထုဖိအားပေးမှု့များကြောင့် အာဆီယံစာရင်းပညာရှင်များအသင်းညီလာခံမှ CPA Australia နှင့် CA ANZ တို့နှုတ်ထွက်ရ

Unicode:

သတင်းထုတ်ပြန်ချက် လူထုဖိအားပေးမှု့များကြောင့် အာဆီယံစာရင်းပညာရှင်များအသင်းညီလာခံမှ CPA Australia နှင့် CA ANZ တို့နှုတ်ထွက်

မြန်မာစစ်ကောင်စီနှင့် MICPA တို့အား ဖယ်ရှားခြင်းမရှိလျင် ACCA, ICAEEW, IFAC, IMA နှင့် JICPA တို့လည်း နှုတ်ထွက်ရမည်ဖြစ်သည်။

၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်၊ မြန်မာ – သက်ဆိုင်ရာအဖွဲ့အစည်းအသိုင်းအဝန်းများ၏ လှုပ်ရှားတောင်းဆို မှုများကြောင့် အဆင့်မြင့်စာရင်းပညာရှင်အသင်းများဖြစ်ကြသည့် ဩစတြေးလျစာရင်းပညာရှင်များသင်း (CPA Australia) နှင့် ဩစတြေးလျနှင့် နယူးဇီလန် စာရင်းပညာရှင်များအသင်း (CA ANZ) တို့သည် ကျင်းပ တော့မည်ဖြစ်သည့် အာဆီယံစာရင်းပညာရှင်းများအသင်းချုပ် (AFA) ၏ နှစ်စဉ်ညီလာခံမှ ၎င်းတို့၏ ပံ့ပိုးကူညီမှုများကို ရုပ်သိမ်းလိုက်ပြီ ဖြစ်သည်။ အဆိုပါညီလာခံတွင် မြန်မာစစ်ကောင်စီ၏ ပြည်ထောင်စု စာရင်းစစ်ချုပ်ဖြစ်သူ ဒေါက်တာကံဇော်သည် “အထူးဧည့်သည်တော်” အဖြစ် တက်ရောက်မည်ဖြစ်သည်။ ညီလာခံကို မြန်မာစစ်ကောင်စီ၏ လက်အောက်ခံအဖွဲ့အစည်းတစ်ခုဖြစ်သည့် မြန်မာနိုင်ငံလက်မှတ်ရ စာရင်းပညာရှင်များအသင်း (MICPA) က ပူးတွဲစီစဉ်ကျင်းပမည် ဖြစ်သည်။

Justice For Myanmar သို့ ပေးပို့ခဲ့သည့် ပူးတွဲတုန့်ပြန်စာတစ်စောင်တွင် CPA Australia နှင့် CA ANZ တို့က “ဩစတြေးလျစာရင်းပညာရှင်များအသင်း၊ ဩစတြေးလျနဲ့ နယူးဇီလန် စာရင်းပညာရှင်များအသင်း တို့အနေနဲ့ အာဆီယံဒေသတွင်းက စာရင်းပညာရှင်းများကို ပံ့ပူးကူညီရေးရဲ့ အရေးပါမှု၊ ပံ့ပိုးကူညီရာမှာ အာဆီယံစာရင်းပညာရှင်များအသင်းချုပ် (AFA) ရဲ့ အခန်းကဏ္ဍတို့ကို အသိအမှတ်ပြုပါတယ်။ ဒါပေမဲ့ ကျင်းပတော့မှာဖြစ်တဲ့ အာဆီယံစာရင်းပညာရှင်များအသင်းချုပ်ရဲ့ညီလာခံမှာ ကျွန်တော်တို့ရဲ့ပါဝင်မှု အပေါ် လက်တလောဝေဖန်ပြောဆိုမှုတွေက ကျွန်တော်တို့ရဲ့ အရေးကြီးပန်းတိုင်ကနေ သွေဖီသွားမှာကို စိုးရိမ်ပါတယ်။ ဒါကြောင့် အဲ့ဒီ အခမ်းအနားမှာ ကျွန်တော်တို့ရဲ့ ပါဝင်မှုကိုရုပ်သိမ်းဖို့ ဆုံးဖြတ် လိုက်ပါတယ်။ AFA က ဒေသတွင်း စာရင်းပညာစွမ်းရည် တည်ဆောက်မြှင့်တင် ပေးနေတာ ဖြစ်တဲ့ အတွက် ကျွန်တော်တို့အနေနဲ့ AFA ကို အခြားပုံစံတွေနဲ့ ဆက်လက်ပံ့ပိုးပေးနေမှာဖြစ်ပြီး၊ အနာဂတ်မှာ ပါဝင်အားဖြည့်ကူညီနိုင်ဖို့ မျှော်လင့်ပါတယ်။” ဟု ရေးသားပြောကြားခဲ့သည်။

နိုဝင်ဘာလ ၃ ရက်နေ့တွင် စစ်ကောင်စီ၏ စာရင်းစစ်ချုပ်နှင့် MICPA တို့အား ဖယ်ရှားခြင်းမရှိလျှင် အဆိုပါ ညီလာခံမှ နှုတ်ထွက်ကြရန် နိုင်ငံတကာစာရင်းပညာရှင်အဖွဲ့များအား တောင်းဆိုသည့် ကြေညာချက် တစ်စောင်ကို Justice For Myanmar က ထုတ်ပြန်ခဲ့သည်။ ထို့အပြင် MICPA ၏ အဖွဲ့ဝင် ဖြစ်မှုကို ရပ်ဆိုင်းထားရန် AFA အား Justice For Myanmar က တောင်းဆိုခဲ့သည်။ နိုဝင်ဘာလ ၅ ရက်နေ့ တွင် စစ်ကောင်စီအား တရားဝင်မှုမပေးအပ်ရေးတွင် ကူညီရန် CPA Australia and CA ANZ တို့အား တောင်းဆိုသည့် change.org မှ လက်္မှတ်ရေးထိုးတောင်းဆိုမှု့တစ်ရပ်ကို စတင်ခဲ့သည်။ စတင်ပြီး လေးရက်္မပြည့်သေးခင်၌ပင် အဆိုပါ လက်္မှတ်ရေးထိုးတောင်းဆိုမှုတွင် လူပေါင်း ၁၂,၀၀၀ ကျော် ပါဝင် လက်္မှတ်ရေးထိုးခဲ့ကြသည်။

ယူကေအခြေစိုက် လက်္မှတ်ရစာရင်းပညာရှင်များအသင်း (ACCA)၊ အင်္ဂလန်နှင့်ဝေးလ်နိုင်ငံစာရင်း ပညာရှင်များအဖွဲ့ (ICAEW)၊ အမေရိကန်အခြေစိုက် စီမံမှုစာရင်းပညာရှင်များအဖွဲ့ (IMA) နှင့် ဂျပန်နိုင်ငံ လက်္မှတ်ရပြည်သူ့စာရင်းပညာရှင်များအဖွဲ့ (JICPA) တို့သည် AFA ညီလာခံ၏ အခမ်းအနားမိတ်ဖက်များ ဖြစ်ကြသည်။ နိုင်ငံတကာစာရင်းပညာရှင်များအဖွဲ့ချုပ် (IFAC) သည်လည်း အဆိုပါညီလာခံတွင် ပါဝင် တက်ရောက်‌မည် ဖြစ်သည်။

Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “AFA နှစ်စဉ်ညီလာခံမှာ သူတို့ပါဝင်မှုကို ရုပ်သိမ်းဖို့ CPA Australia နဲ့ CA ANZ တို့ရဲ့ ဆုံးဖြတ်ချက်ကို ကျွန်မတို့ ကြိုဆိုပါတယ်။ ဒီဆုံးဖြတ်ချက်က အကြမ်းဖက်စစ်ကောင်စီကို အစိုးရတစ်ရပ်အနေနဲ့ အသိအမှတ်ပြုတာနဲ့ အရင်ပုံမှန် အတိုင်း စီးပွားရေး ဆက်လုပ်တာတွေဟာ လက်ခံနိုင်စရာမဟုတ်ဘူးဆိုတာကို အာဆီယံနဲ့ သူတို့ရဲ့ ဆက်စပ်အဖွဲ့အစည်းတွေဆီ ပြတ်သားတဲ့ သတင်းစကားတစ်ရပ်ပါးလိုက်တာ ဖြစ်ပါတယ်။ မြန်မာ စစ်ကောင်စီက သူတို့ရဲ့ တရားမဝင် အုပ်ချုပ်မှုကို တရားဝင်နိုင်အောင် AFA ရဲ့ စင်မြင့်ကို အသုံးချဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။ မြန်မာစစ်ကောင်စီနဲ့ MICPA တို့ကို မဖယ်ရှားရင် AFA ညီလာခံကနေ ချက်ချင်းနှုတ်ထွက်ကြဖို့ ကျန်နေသေးတဲ့ နိုင်ငံတကာစာရင်းပညာရှင်အဖွဲ့တွေကို ကျွန်မတို့ တောင်းဆို ပါတယ်။ စစ်ကောင်စီကို တရားဝင်မှု့မပေးဖို့ ဩစတြေးလျစာရင်းပညာရှင်အဖွဲ့တွေကို တောင်းဆိုတဲ့ ၁၂,၀၀၀ ကျော်သော ပြည်သူတွေရဲ့ လက်မှတ်တွေက တရားမဝင်စစ်ကောင်စီကို ဆက်ပြီးဆန့်ကျင့်နေတဲ့ လူထုဆန့်ကျင်မှု့ရဲ့ ပြယုဂ်တစ်ခု ဖြစ်ပါတယ်။ ဒေသတွင်းနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ မြန်မာပြည်သူတွေရဲ့ အသံကို နားထောင်ရပါလိမ့်မယ်” ဟု ပြောကြားခဲ့သည်။

မြန်မာစစ်ကောင်စီကို ဖယ်ရှားခြင်းမရှိလျှင် AFA ညီလာခံမှ နှုတ်ထွက်ကြရန် ယူကေ၊ ဂျပန်နှင့် နိုင်ငံတကာ စာရင်းပညာရှင်အဖွဲ့များဖြစ်ကြသည့် ACCA, ICAEW, IFAC, IMA နှင့် JICPA တို့အား တောင်းဆိုသည့် လက်္မှတ်ရေးထိုးတောင်းဆိုမှု့ ဒုတိယတစ်ခုကို Justice For Myanmar က စပြီး တင်ထားပါသည်။ ယခု နေရာတွင် ပါဝင်လက်မှတ်ရေးထိုးပြီး၊ မျှဝေဖြန့်ဖြူးပေးရန် နှိုးဆော်ထားပါသည်။

Zawgyicode:

Leave a Reply

Your email address will not be published. Required fields are marked *