မိသားစုထက်အရေးကြီးတာဘာမမရှိဘူး၊နိူင်ငံရေးကိုနားမလည်တဲ့အတွက် ဝင်မပါတာ့တာ၊ ရှောင်ကောကောမြင့်မြတ်

ကိုဗစိကာလအတွင်းမှာအနုပညာရှင်တော်တော်များများအလုပ်မဖြစ်တော့အတွက် နားလိုက်ရပါတယ်။သရုပ်ဆောင်မြင့်မြတ်လည်းအလားတူနားလိုက်ရပေမဲ့ မိန်းမ၏ မောင်ဖြစ်သူ၊Online shopping တွင်ဝိုင်းကူရောင်းချရင် မြင့်မြတ်တို့ တစ်ဖွဲ့လုံးကို ပရိတ်သတ်အားပေးမှုအမြောက်အများရခဲ့သလို၊ Live လွင့်တဲ့အချိန်ကိုထိုင်စောင့်ရသည်အထိ အားပေးခဲ့ကြပါတယ်။ January လအစ မှာ အာဏာသိမ်းပြီး သိပ်မကြာခင်မှာပဲလူတိုင်းရှေ့ထွက်ဆန္ဒပြခဲ့သလိူ သရုပ်ဆောင်မြင့်မြတ်လည်း ဆန္ဒပြခဲ့တာကိုတွေ့ရမှာပါ။ နောက်ပိုင်းမှာ ဘာသတင်းမှမကြားရတော့ပဲ၊ သင်္ကြန်ကာလရောက်မှ စစ်တပ်မှပြုလုပ်သည့် သင်္ကြန်ပွဲကို တတ်ရောက်ခဲ့သည့် ပုံများနှင့်အတူ ပြန်ပေါ်လာခဲ့ပါတယ်။

အစပိုင်းဆက်သွယ်မေးမြန်ချက်အရ မဟုတ်ပါဘူး ၊မသွားပါဘူး၊ အရင်ကပုံပါဆိုတဲ့ ဖြေရှင်းချက်တွေကိုယုံကြည်ခဲ့ကြသည်။ နောက်ပိုင်းမှာ သတင်းအချက်အလက်များပိုမိုပြည့်စုံလာပြီး တစ်ယောက်ပီးတစ်ယောက်ပေါ်လာသည့် အချိန်မှာ ဟုတ်မှန်နေကြောင်း အားလုံးကလက်ခံခဲ့ကြသည်။

အခုလိုဖြေကြားထားတာမျိူးရှိပါတယ်အခုချိန်မှာ မိသားစုထက်အရေးကြီးတာမရှိဘူး၊ နိူင်ငံရေးကိုအရင်ကလည်းနားမလည်တဲ့အတွက် စိတ်မဝင်စားတာပေါ့၊ တစ်ဖြည်းဖြည်းနဲ့ နားလည်လာပါလိမ့်မယ်အားလုံးက၊ ဒီထပ်ပိုပြီးတော့ရှင်းပြဖို့မရှိတော့ဘူး

Leave a Reply

Your email address will not be published. Required fields are marked *