ကျွဲ နွားတွေက နေပြည်တော်ရဲ့ သန့်ရှင်းသာယာ လှပနေတာတွေကို ထိခိုက်စေတယ်လို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌပြော

နေပြည်တော်တိုင်းဒေသကြီး အတွင်းမှာ စည်းကမ်းမဲ့ ကျွဲ၊ နွားမွေးမြူရေးလုပ်ငန်း တွေရှိနေတဲ့အတွက် မြို့တော်ရဲ့သန့်ရှင်းသာယာလှပနေတာတွေကို ထိခိုက်ဖျတ်စီးနေတယ်လို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က ပြောပါတယ်။

နေပြည်တော်ကောင်စီရုံးအစည်းအဝေးခန်းမမှာ မနေ့ကကျင်းပတဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက ပြောဆိုခဲ့တာဖြစ်ပါတယ်။

“ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် အတွင်းမှာ စည်းကမ်းမဲ့ ကျွဲ၊ နွားမွေးမြူရေးလုပ်ငန်းတွေ ဆောင်ရွက်နေတာကြောင့် မြို့တော်ရဲ့ သန့်ရှင်းသာယာလှပနေတာကို များစွာထိခိုက်ပျက်စီးနေမှုတွေ ဖြစ်ပေါ်နေတာကြောင့် သက်ဆိုင်ရာဌာနတွေအနေနဲ့ ကျွဲနွားတွေကို စည်းကမ်းမဲ့ လွှတ်ကျောင်းတာတွေ လုံးဝမရှိအောင် အထူးအလေးထားကြပ်မတ်ဆောင်ရွက်ရမှာဖြစ်ပြီး သက်ဆိုင်ရာ ဥပဒေလုပ်ထုံးလုပ်နည်းတေါနဲ့အညီ ထိရောက်စွာ အရေးယူဆောင်ရွက်ရမှာဖြစ်တယ် “လို့ သူကပြောပါတယ်။

ဒါ့အပြင် တရားမဝင် လိုင်စင်မဲ့အုတ်ဖုတ်လုပ်ငန်တွေးကြောင့် သဘာဝပတ်ဝန်းကျင် သစ်တောသစ်ပင်တွေ ထိခိုက် ပျက်စီးခြင်း၊ လယ်မြေယာမြေတွေ ပျက်စီးဆုံးရှုံးတဲ့အပြင် တရားဝင်ဥပဒေနဲ့အညီ သတ်မှတ်စည်းကမ်းတွေနဲ့ လည်ပတ်ဆောင်ရွက်နေတဲ့ အုတ်စက်ရုံတွေ ဆုံးရှုံးနစ်နာတဲ့အတွက် တရားမဝင်လိုင်စင်မဲ့အုတ်ဖုတ်လုပ်ငန်းတွေ မရှိစေရေးအတွက် သက်ဆိုင်ရာဌာနတွေအနေနဲ့ အထူးအလေးထားပြီး သက်ဆိုင်ရာ ဥပဒေလုပ်ထုံးလုပ်နည်းတွေနဲ့အညီ ထိရောက်စွာအရေးယူ ဆောင်ရွက်ရ မှာဖြစ်တယ်လို့ သူကပြောဆိုခဲ့ပါသေးတယ်။

Zawgyi

Leave a Reply

Your email address will not be published. Required fields are marked *