ရခိုင်ပြည်နယ်မောင်တောမြို့နယ်တွင် ရခိုင်တပ်တော် AA နှင့် မြန်မာ့စစ်တပ်အကြား ပထမဆုံးအကြိမ်အဖြစ် ထိတွေ့ တိုက်ပွဲ ပြန်လည်ဖြစ်ပွား

Unicode;

ရခိုင်ပြည်နယ်မောင်တောမြို့နယ်တွင် ရခိုင်တပ်တော် AA နှင့် မြန်မာစစ်တပ်အကြား ပထမဆုံးအကြိမ်အဖြစ် ထိတွေ့ တိုက်ပွဲ ပြန်လည်ဖြစ်ပွား

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ တမန်းသားကျေးရွာနှင့် ရေနောက်ငါးသား ကျေးရွာအနီး တောင်တန်းများတွင် ယနေ့ ရခိုင်တပ်တော် AA နှင့် မြန်မာစစ်တပ်အကြား တိုက်ပွဲဖြစ်ပွားကြောင်း ဒေသခံများထံမှ သိရှိရသည်။

ရခိုင်တပ်တော် AA နှင့် မြန်မာစစ်တပ်အကြား တိုက်ပွဲများ ၂၀၂၀ ခုနှစ်မှစတင်၍ ရပ်ဆိုင်းခဲ့ရာမှ ယခု ပထမဆုံးအကြိမ် ထိတွေ့ တိုက်ပွဲဖြစ်ပွားကြောင်း ဒေသခံတစ်ဦးက MCC သတင်းဌာနသို့ ပြောသည်။

“လက်နက်ကြီးသံတွေ ကြားရတယ်။ သေနတ်သံတွေရော။ ကြားရတာ ဒီနေ့ မနက် ၁၁ ကျော်ကျော်လောက်က ပါ။ နာရီဝက်လောက်တော့ ကြာတယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုထားပါသည်။

အခြားဒေသခံတစ်ဦးကမူ့ AA ထိန်းချုပ်ရာနယ်မြေအတွင်းသို့ မြန်မာစစ်တပ် စစ်ကြောင်း ဝင်ရောက်လာသဖြင့် တိုက်ပွဲ ဖြစ်ပွားခြင်းဖြစ်ကြောင်း ပြောဆိုပါသည်။

AA ၏ ပြန်ကြားရေး ခိုင်သုခထံ ထိတွေ့တိုက်ပွဲဖြစ်ပွားမှုနှင့်ပတ်သက်ပြီး ဆက်သွယ်မေးမြန်းထားသော်လည်း အကြောင်းပြန်ကြားခြင်းမရှိသေးပေ။

Zawgyicode:

Leave a Reply

Your email address will not be published. Required fields are marked *