အမြန်လမ်းရဲကင်းကို တိုက်ခိုက်ခဲ့ကြောင်း ပဲခူး PDF ထုတ်ပြန်

စစ်ကောင်စီပစ်မှတ်များကို ယခုထက်ပိုမိုတိုက်ခိုက်မည်ဟု အမြန်လမ်းရဲကင်းအား တိုက်ခိုက်ခဲ့သည့် ပဲခူး PDF ထုတ်ပြန်

ယနေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့သည့် အမြန်လမ်းရဲကင်း တိုက်ခိုက်မှုအား ဖြူးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မှ လုပ်ဆောင်ခဲ့ခြင်းဟု ပဲခူး တိုင်းဒေသကြီး ပြည်သူ့ကာကွယ် ရေးတပ်က ထုတ်ပြန်သည်။

” ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အသီးသီးသည် အကြမ်းဖက်စစ်ကောင်စီ၏ စစ်ရေး ၊ အုပ်ချုပ်ရေး၊ စီးပွားရေး ပစ်မှတ်များအား ယခုထက် ပိုမိုအရှိန်မြှင့်ကာ တိုက်ခိုက်သွားမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်လိုက်သည်” ထုတ်ပြန်ချက်ကဆို သည်။

ယနေ့ နံနက်ပိုင်း ၃ နာရီခွဲခန့်တွင် ‌ရန်ကုန်_မန္တ‌‌လေး အမြန်လမ်း မိုင် ၁၁၀ အနီးရှိ စေတီတစ်ထောင် ရဲကင်း စခန်းတိုက်ခိုက်ခံခဲ့ရပြီး ရဲတပ်သား ငါးဦးသေဆုံးကာ လက် နက်များရယူခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဖြစ်စဉ်အပေါ် စစ်ကောင်စီတာဝန်ရှိသူများကလည်း အတည်ပြုထားပြီး ဖြစ်စဉ်အား စုံစမ်းနေဆဲဟု ဆိုသည်။
Burma Associated Press

Leave a Reply

Your email address will not be published. Required fields are marked *