ကျွန်တော်တို့က NUG လက်အောက်က PDF တွေပါ

ကျွန်တော်တို့က NUG လက်အောက်က PDF တွေပါ။(စာရှည်ပါတယ်။ ဖတ်ရမှာပျင်းရင် ကျော်သွားပါ။)တစ်ချို့လူတွေ ပြောသလို မှန်ပါတယ်။ကျွန်တော်တို့ တရားဝင် ဖွဲ့စည်းထားတဲ့ PDF တွေဟာကျွန်တော်တို့ ညီအစ်ကိုတွေဖြစ်တဲ့Local PDF တွေလောက် တိုက်ပွဲမဖော်ဆောင်နိုင်သေးသလိုသင်တန်းတွေနဲ့ပဲ အချိန်ကုန်သလို ဖြစ်နေတယ်ဆိုတာကျွန်တော်တို့ သိပါတယ်။

Selfie လေးဆွဲလိုက် Social Media မှာပုံတင်လိုက်အပြောပဲရှိပြီး အလုပ်နဲ့ သက်သေမပြနိုင်သေးတဲ့ပုံစံမျိုးဖြစ်နေတာပေါ့။ကျွန်တော်တို့ NUG လက်အောက်က သွားနေရတဲ့ အတွက် အထက်အဆင့်ဆင့်ရဲ့ အမိန့်ကိုလိုက်နာနေရပါတယ်။

ကျွန်တော်တို့ဟာ အခုချိန်မှာ တိုက်ပွဲဖော်ဆောင်နိုင်ဖို့တော့်တော့်ကို ခက်နေအုံးမှာပါ။ကျွန်တော်တို့မှာ လက်နက်အင်အား မပြည့်စုံမှု နဲ့တခြား ပြောလို့မရတဲ့ ကိစ္စတွေ အများကြီး ရှိနေလို့ပါ။ဒီတော့ ကျွန်တော်တို့ဟာ ဒီအချိန်မှာ ခံစစ်အနေအထားအဖြစ်ပဲ ရှိနေပြီး ကျွန်တော်တို့ နယ်မြေထဲကို ကျုးကျော်ဝင်ရောက်လာမှသာ တိုက်ပွဲ ဖော်ဆောင်နိုင်ပါတယ်။

ကျွန်တော်တို့ NUG လက်အောက်က PDF တွေ အကုန်လုံးကလည်း ဒီအခြေအနေကို လုံးဝသဘောကျပြီး ပျော်နေတဲ့
ရဲဘော် တစ်ယောက်မှ မရှိပါဘူး။ကျွန်တော်တို့တွေ အကုန်လုံး စစ်ခွေးတွေကိုသတ်ချင်လို့ တိုက်ချင်လို့ PDF ထဲကို ရောက်လာတဲ့လူတွေကြီးပဲလေဗျာ။ဒီလို သင်တန်းတွေကြီးပဲပတ်တက်နေရတဲ့ အခြေအနေမျိုးကို ဘယ်သဘောကျမှာလဲ။

ကျွန်တော်ကိုယ်တိုင်လည်း သင်တန်းတက်နေရတာထက်ရှေ့တန်းခံစစ်ကုန်းမှာနေပြီး စစ်ခွေးတွေ ဝင်လာပြီးတိုက်ပွဲဖြစ်မယ့် အချိန်ကို စောင့်နေရတာကိုပဲပိုပြီး ပျော်တယ်ဗျ။

ဒါပေမယ့်ဗျာ ကျွန်တော်တို့ တော်လှန်ရေးကြီးအောင်မြင်ဖို့က ပျောက်ကျားဗျူဟာကြီးနဲ့ပဲတိုက်နေလို့ မအောင်မြင်နိုင်ဘူးဗျ။ကျွန်တော်တို့ ပျောက်ကျားဗျူဟာကနေနဲ့သမရိုးကျ မြို့သိမ်းစစ်ပွဲကို ပြောင်းလဲမှကို ရလိမ့်မယ်။

ဒါကြောင့် လိုအပ်တဲ့ လက်နက်တွေ နဲ့ အထက်ကအမိန့်ကို မရသေးမချင်း နောက်တစ်ဆင့်သမရိုးကျ စစ်ပွဲကြီးတွေအတွက် လိုအပ်တဲ့ ပြုပြင်မွမ်းမံမှူသင်တန်းတွေ ထပ်တက်ပြီး အသင့်ပြင်ဆင်နေရပါတယ်။

NUG ကတဲ့ လိုအပ်တဲ့ ပြင်ဆင်မှုတွေ အကုန်လုံးလုပ်ဆောင်နေတယ်လို့ သိရပါတယ်။စစ်ဘက်ရေးရာတွေဖြစ်တဲ့အတွက် အကုန်ပြောပြဖို့မလွယ်ကူပေမယ့်ကျွန်တော်တို့ရဲ့ အထူးမွမ်းမံသင်တန်း ခေါင်းစဉ် ၆ ခုလောက်ထဲမှာလေကြောင်းနဲ့ ပတ်သတ်တဲ့ သင်တန်းတွေ အထိပါဝင်ပြီးသမရိုးကျ မြို့သိမ်း နယ်သိမ်း တိုက်ပွဲတွေအတွက်

ပြင်ဆင်နေကြတာကိုတော့ သံသယ မဖြစ်ကြပါနဲ့။ဒါကြောင့် ကျွန်တော် ပြောချင်တာကNUG ကို ဝေဖန်နိုင်ပါတယ်။ကျွန်တော်တို့ PDF တွေကို ဝေဖန်နိုင်ပါတယ်။စီးပွားရေးတွေ အရမ်းကြပ်တည်းနေတဲ့အတွက်ကျွန်တော်တို့ကို ငွေကြေးအရ ထောက်ပံမှုတွေမပေးနိုင်ရင်တောင် အဆင်ပြေပါတယ်။

ဒါပေမယ့် စစ်ခွေးတွေရဲ့ လက်နက်ဝယ်မယ့် ပိုက်ဆံတွေကိုတားဆီးထားနိုင်မယ့် Black Money Campaign နဲ့စစ်တပ်ရဲ့ ထုတ်ကုန်တွေကို Boycott လုပ် သပိတ်မှောက်မှုတွေမှဖိဖိစီးစီး ကျေးဇူးပြု၍ ပါဝင်ပေးကြပါ။

တစ်နေ့ကို အချိန် 30 မိနစ်လောက်ပေးပြီးClick to Donate(C2D) တွေမှာ ကျေးဇူးပြုပြီးပါဝင်ပေးကြပါ။ကျွန်တော်ကိုယ်တိုင်လည်း နောက်တစ်ပတ်ကစပြီးမွမ်းမံသင်တန်းတွေ တက်ရတော့မှာ ဖြစ်တဲ့ အတွက်ဖုန်းသုံးနိုင်တော့မှာ မဟုတ်သလိုC2Dကိုလည်း ကိုယ်တိုင်ကိုယ်ကျ ပါဝင်နိုင်တော့မှာမဟုတ်ပါဘူး။ C2D လုပ်ဖို့ အခွင့်အရေးရှိသူတွေ အနေနဲ့ဖိဖိစီးစီးလုပ်ဖို့ တိုက်တွန်းလိုပါတယ်။အရေးတော်ပုံ မုချအောင်ရမည်။

 

Leave a Reply

Your email address will not be published. Required fields are marked *