အာဏာရှင်တော်လှန်နေသည့် မြန်မာလူထုကို အားပေတယ်လို့ဆိုလာတဲ့ အမေရိကန်ဝန်ကြီး

တရားဥပဒေစိုးမိုးမှုရှိစေရေးအတွက် ကြိုးပမ်းအားထုတ်နေကြတဲ့ မြန်မာပြည်သူလူထုကို ဂုဏ်ပြုတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးပြော

မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်လည်ရောက်ရှိဖို့၊ လူ့အခွင့်အရေးကို လေးစာလိုက်နာပြီး နိုင်ငံတော်အတွင်း တရားဥပဒေစိုးမိုးမှုရှိစေဖို့အတွက် ကြိုးပမ်းအားထုတ်နေကြတဲ့ ကြိုးပမ်းအားထုတ်ရင်း အသက်ပေးခဲ့ကြရတဲ့ အပြစ်မဲ့ပြည်သူပေါင်း (၁၃၀၀) ကျော်အပါအဝင် မြန်မာပြည်သူလူထုကြီးကို မိမိတို့အနေနဲ့ဂုဏ်ပြုပါတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဂျေ ဘလင်ကင် ကပြောပါတယ်။

ဖေဖော်ဝါရီ (၁) စစ်တပ်ကအာဏာသိမ်းပြီး နောက်ဆက်တွဲလုပ်နေတဲ့ အကြမ်းဖက်ဖြိုခွင်းတာတွေက လူ့အခွင့်အရေးနဲ့ အခြေခံလွတ်လပ်မှုတွေကို ပိုမိုထိပါးနှောက်ယှက်နေတွေဖြစ်ပြီး ဆယ်စုနှစ်တစ်ခုစာ တိုးတက်မှုတွေကို နောက်ကြောင်းပြန်လှည့်စေခဲ့တာဖြစ်တယ်လို့ ၂၀၂၀ ရွေးကောက်ပွဲ တစ်နှစ်ပြည့်တဲ့ ဒီနေ့မှာ သူက ထောက်ပြပြောဆိုလိုက်တာ ဖြစ်ပါယ်။

လွန်ခဲ့သောတစ်နှစ် ၂၀၂၀ ခုနှစ် နိုဝင်ဘာ (၈) ရက်နေ့မှာ ပါတီစုံအထွေထွေရွေးကောက်ပွဲကျင်းပခဲ့ပေမယ့် ဖေဖော်ဝါရီလ(၁) နေ့မှာ စစ်တပ်ကအာဏာသိမ်းယူ လိုက်ပါတယ်။

အကြမ်းဖက်မှုတွေချက်ချင်းရပ်တန့်ဖို့၊ မတရားဖမ်းဆီးထားသူအားလုံးကို ပြန်လွှတ်‌ပေးဖို့နဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီလမ်းကြောင်းကို ပြန်လည်ဖော်ဆောင်ဖို့အတွက် စစ်အာဏာရှင်ကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဂျေ ဘလင်ကင် တောင်းဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံအတွင်း ဖိနှိပ်ချိုးဖောက်မှုတွေအတွက် တရားမျှတမှုနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေဖို့အတွက် တိုးမြှင့်လုပ်ဆောင်သွားဖို့လည်း အမေရိကန်ပြည်ထောင်စုက ကတိကဝတ်ပြုထားပါသေးတယ်။

Zawgyi

Leave a Reply

Your email address will not be published. Required fields are marked *