ဆရာရယ် မင်းတို့ NUG က အလုပ်ဖြစ်ပါ့မလား

ဆရာရယ် မင်းတို့ NUG က အလုပ်ဖြစ်ပါ့မလား၊ NUG ကို အားပေးထောက်ခံဖို့၊ အခွန်ဆောင်ဖို့တွေက အရမ်းအန္တရာယ်များတယ်နော်၊ တော်ကြာ အားလုံးဒုက္ခရောက်ကုန်မှဖြစ်၊ နိုင်ဖို့သေချာတယ် ဆိုရင်တော့ တမျိုးပေါ့၊ မသေချာပဲနဲ့ ဘဝ ပျက်သွားရင် ဘယ်လိုလုပ်မလဲ?

နိုင်ငံရေး ဆိုတာ သာတဲ့ဖက် လိုက်ရတာ မဟုတ်ပါဘူး၊ ကိုယ်က မှန်တယ်လို့ခံယူထားတဲ့ဖက် လိုက်ရတာပါ။ စကစ ရဲ့ လုပ်ရပ်မှန်တယ် လို့ ဘယ်လိုမှ ခံယူဖို့ မဖြစ်နိုင်လို့ တော်လှန်ရေးထဲ ပါခဲ့တာပါ။ နေရာ၊ အာဏာ၊ ပါတီ အရေး ဘာတခုအတွက်မှ မဟုတ်ဘူး။ တော်လှန်ရေး အောင်မြင်သွားတဲ့နောက် ဘာတခုမှ မမျော်လင့်ဘူး၊ ကိုယ့်အိမ်ကိုယ်ပြန်ပြီး ခြံလုပ်၊ စာဖတ်၊ စာရေးပဲ လုပ်ချင်တယ်။

နိုင်ငံရေးဆိုတာ ကျနော်တို့ခံယူထားတဲ့ စံတန်ဖိုးတွေ၊ အခြေခံစည်းမျဥ်းတွေပေါ် မားမားမတ်မတ်ရပ်တည် ရတာပါ။ NLD ခေတ်ကောင်းတုန်းက NLD ကိုဝေဖန်ခဲ့တာလဲ ကျနော်ခံယူထားတဲ့ စံတန်ဖိုး၊ အခြေခံစည်းမျဥ်းတွေနဲ့ ပရိပက္ခဖြစ်တဲ့ သဘောပါပဲ၊ လူပုဂ္ဂိုလ်အရေး မပါဘူး။ နှင်းဆီပါတီရဲ့ မက်လုံးပေးစည်းရုံးတာခံခဲ့တုန်းက ငြင်းဆန်ခဲ့တာလဲ ကျနော့ရဲ့ နိုင်ငံရေး စံတန်ဖိုးများနဲ့ ကွဲလွဲနေလို့ပဲ။

အခု ဒီတော်လှန်ရေးဟာ ဒီ စံတန်ဖိုးအားလုံးကို တည့်မတ်ဖို့အတွက်ပါ အခွင့်အရေးဖြစ်သလို အရေးလဲကြီးပါတယ်။ ကျနော်တို့အားလုံး သဘောပေါက်ရမဲ့ အချိန်လဲ ဖြစ်ပါတယ်။ အားလုံးပါဝင်သင့်တဲ့ အချိန်လဲ ဖြစ်တယ်လို့ ပြောပါရစေ။

Zawgyi/

Leave a Reply

Your email address will not be published. Required fields are marked *