စစ်ကောင်စီ၏ အနောက်္မြောက်ဒေသ စစ်ရေးပြင်ဆင်မှု့နှင့်ထိုးစစ်များကြောင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ တံခါးပိတ် အစည်းအဝေး ဗြိတိန်က ခေါ်ယူ

Unicode:

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် ဆိုးဝါးလာသော အခြေအနေများနှင့် စစ်ကောင်စီ၏ အနောက်မြောက်ဒေသ စစ်ရေးပြင်ဆင်မှုများကြောင့် နိုဝင် ဘာလ ၈ ရက်နေ့ (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၉ ရက်နေ့) တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီ တံခါးပိတ်အစည်းအဝေးတစ်ရပ်ကို ဗြိတိန်နိုင်ငံက ခေါ်ယူလိုက်ကြောင်း သိရှိရသည်။

ယနေ့ ကျင်းပသည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ မြန်မာ့အရေးဆိုင်ရာ တံခါးပိတ်အစည်းအဝေးကို ဗြိတိန်နိုင်ငံက ခေါ်ယူလိုက်ခြင်းဖြစ်ပြီး စစ်ကောင်စီက အနောက်မြောက်ဒေသတွင် စစ်ရေးဆိုင်ရာ အင်အားတိုးချဲ့မှုများနှင့်ပတ်သက်၍ အထူးစိုးရိမ်စရာ ကောင်းကြောင်း ဗြိတိနိုင်ငံ၏ ကုလသမဂ္ဂဆိုင်ရာ ဒုတိယသံအမတ်ကြီး James Kariukiက သတင်းထောက်္များကို ပြောဆိုသည်။

“စစ်တပ်က စစ်အင်အားတိုးချဲ့တာတွေက လွန်ခဲ့တဲ့ လေးနှစ် ရိုဟင်ဂျာတွေကို စစ်တပ်က ကျူးလွန်ခဲ့သလိုမျိုး ပြန်ပြီး မြင်ယောင်စေတဲ့အတွက်အထူးစိုးရိမ်စရာပါပဲ”လို့ ဗြိတိနိုင်ငံ၏ ကုလသမဂ္ဂဆိုင်ရာ ဒုတိယသံအမတ်ကြီး James Kariukiက ဆိုသည်။

မြန်မာစစ်တပ်က ချင်းပြည်ကာကွယ်ရေးတပ်၊ စစ်ကိုင်းတိုင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်များနှင့် တိုက်ပွဲများ ပြင်းထန်လာခြင်းကြောင့် မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းရှိ အခြေအနေသည် အလွန်စိုးရိမ်ဖွယ် ဖြစ်လာကြောင်း ကုလသမဂ္ဂ အကူအညီပေးရေး အကြီးအကဲ Martin Griffiths က တနင်္လာနေ့ပြောဆိုသည်။

“အမျိုးသမီးနဲ့ ကလေးငယ်တွေ အပါအဝင် လူ ၃၇,၀၀၀ ကျော်ဟာ အသစ်ရွှေ့ပြောင်းခံခဲ့ရပြီး ထန်တလန်မြို့မှာဘုရားကျောင်းတွေနဲ့ လူသားချင်းစာနာထောက်ထားမှုအဖွဲ့အစည်းတစ်ခုရဲ့ ရုံးတွေအပါအဝင် အိမ်ခြေ ၁၆၀ ကျော် မီးရှို့ခံခဲ့ရပါတယ်” ဟု Griffiths က ပြောကြားသည်။

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်သားများနှင့် အဆောက်အအုံများအပါအဝင် အရပ်သားများနှင့် အရပ်ဘက်အခြေခံအဆောက်အအုံများအပေါ် တိုက်ခိုက်မှုများကို နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဥပဒေအောက်တွင် တားမြစ်ထားပြီး ယင်းကျူးလွန်တိုက်ခိုက်္မှု့များကို ချက်ချင်းရပ်တန့်ရမည်ဟု ၎င်းက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် ကြီးထွားလာနေသော ပဋိပက္ခများနှင့် စီးပွားရေးပျက်ကွက်မှုများကြောင့် မြန်မာနိုင်ငံတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေ အနေများ ယိုယွင်းလာနေပြီး လူဦးရေ ၃ သန်းကျော်သော ပြည်သူများမှာ အသက်ရှင်သန်နေထိုင်ရေး အကူအညီများ လိုအပ်နေကြောင်း ကုလသမဂ္ဂ အကူအညီပေးရေး အကြီးအကဲ Martin Griffiths က သတိပေးသည်။

ဓာတ်ပုံ- ကုလသမဂ္ဂလုံခြုံရေးကောင်စီအစည်းအဝေးတစ်ခု မြင်ကွင်း။

Zawgyicode:

Leave a Reply

Your email address will not be published.