ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂအဖွဲ့ဝင် မသဉ္ဇာဇော်ကို စစ်ကောင်စီက ထောင်(၁၀)နှစ်အထက်ချမှတ်ပစ်

Unicode:

ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂအဖွဲ့ဝင် မသဉ္ဇာဇော်ကို စစ်‌ေကာင်စီမှ ထောင်(၁၀)နှစ်ချမှတ်ခဲ့ကြာင်းသိရှိရပါသည်။

ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂအဖွဲဝင် မသဉ္ဇာဇော်(ဓာတုဗေဒ-တတိယနှစ်)ကို ရာဇသတ်ကြီးပုဒ်မ ၁၂၄ – ခ(က) ဖြင့် ယနေ့ နိုဝင်ဘာလ ၈ရက်နေ့၌ တရားရုံးမှ ထောင်ဒဏ် ၁၀နှစ်ချမှတ်ခဲ့သည်ဟု ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂကပြောပါသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၄ ရက်နေ့ ညပိုင်း ရန်ကုန်တိုင်း ကျောက်တံတားမြို့နယ်၌ သူမ အပါအဝင် ဒဂုံတက္ကသိုလ်မှကျောင်းသား ကျောင်းသူ ၆ဦးသည် ဖမ်းဆီးခြင်းကိုခံခဲ့ပြီးနောက် တရားစွဲဆိုခံခဲ့ရခြင်းဖြစ်သည်။

ဖမ်းဆီးထိန်းသိမ်းခံ ( ၆ ) ဦးတွင်ပါဝင်သော ကိုစည်သူ အောင်တင်သည် နိုဝင်ဘာလ ၃ ရက်နေ့၌ ထောင် ၁ဝနှစ်ချမှတ်ခြင်းခံခဲ့ရပြီး ကျန်ကျောင်းသား၊ ကျောင်းသူ ( ၄ )ဦး၏ အမှု့များကိုမူ ယနေ့အချိန်ထိ အမိန့်ချခြင်းမရှိသေးပေ။

Zawgyicode:

Leave a Reply

Your email address will not be published. Required fields are marked *