အမေရိကန်ဂီတပွဲတော်တစ်ခုတွင် လူအုပ်ကြားလူညပ်၍ လူ ၈ ဦးထက္မနည်းသေဆုံး

Unicode:

အမေရိကန်ဂီတပွဲတော်တစ်ခုတွင် လူအုပ်ကြားလူညပ်၍ လူ ၈ ဦးထက္မနည်းသေဆုံး

အမေရိကန်ပြည်ထောင်စု တက္ကဆပ်ပြည်နယ် ဟူစတန်မြို့ရှိ NRG Park တွင် ကျင်းပသော Astroworld ဂီတပွဲတော်တွင် ပရိသတ်များတိုးဝှေ့အားပေးကြခြင်းကြောင့် လူအုပ်ကြားထဲညပ်ခြင်း၊ လူများပိခြင်းဖြစ်ပွားရာ ၈ ဦးထက်္မနည်းသေဆုံးကြောင်း ဟူစတန်တာဝန်ရှိသူတို့က ပြောသည်။

ထို့အပြင် အခြားသူ ၁၃ ဦးခန့်ကိုလည်း ဆေးရုံတင်ထားရပြီး၊ ယင်းတို့အထဲမှ ၁၀ နှစ်အရွယ်ကလေးတစ်ဦးမှာ စိုးရိမ်ရသောအခြေအနေတွင်ရှိကြေင်သိရှိရပါသည်။

ဒေသစံတော်ချိန် သောကြာနေ့ည ၉ နာရီ ခွဲခန့်က ဖြစ်ပွားခဲ့ပြီး၊ ဂီတပွဲတော်သို့ ရောက်ရှိလာကြသော ပရိသတ် ၅သောင်းကျော် တိုးဝှေ့အာပေးကြခြင်းကြောင့် သေဆုံးမှု့ဖြစ်ပွားခြင်းဟု စုံစမ်းစစ်ဆေးရေးအဖွဲ့က အတည်ပြုသည်။ ယင်းသည် အမေရိကန်သမိုင်းတွင် ဂီတပွဲတော်တစ်ခု၌ လူသေဆုံးမှု့များပြားသော ကြေကွဲဖွယ်ဖြစ်ရပ်တစ်ခုဟုလည်း ဟူစတန်မြို့တော်ဝန်ကဆိုပါသည်။

Zawgyicode:

Leave a Reply

Your email address will not be published. Required fields are marked *