စစ်ကောင်စီလက်အောက်ကနေလွတ်မြောက်အောင်လုပ်သွားမယ်လို့ NLDပါတီကတိပြု

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီအနေနဲ့ ပြည်သူတွေရဲ့ အခွင့်အာဏာကို ပြည်သူတွေထံ ပြန်လည်အပ်နှံနိုင်ရေးနဲ့ စစ်အာဏာရှင်စနစ်ကနေ အပြီးတိုင် လွတ်မြောက်ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်ရေးအတွက် တာဝန်ဆက်ထမ်းသွားမယ်လို့ ကတိပြုကြောင်း ဒီနေ့ နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျရောက်တဲ့ ၂၀၂၀ ရွေးကောက်ပွဲ နှစ်ပတ်လည်နေ့မှာ ပါတီဗဟိုအလုပ်ကော်မတီက ထုတ်ပြန်လိုက်ပါတယ်။

လက်ရှိကာလမှာ ဒီမိုကရေစီကို သိရှိနားလည်ပြီး စစ်အာဏာသိမ်းမှုကို နည်းလမ်းပေါင်းစုံနဲ့ ဆန့်ကျင်ကန့်ကွက်နေကြတဲ့ ပြည်သူတွေကိုလည်း အထူးလေးစား အားထားတယ်လို့လည်း ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဟာ ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲ ကြေညာစာတမ်းပါ ကတိကဝတ်တွေ ဖြစ်တဲ့ တိုင်းရင်းသားအရေးနဲ့ ပြည်တွင်း ငြိမ်းချမ်းရေး၊ စစ်မှန်တဲ့ဒီမိုကရေစီ ပြည်ထောင်စုဖြစ်ထွန်းမယ့် အခြေခံဥပဒေ ပေါ်ပေါက်လာရေး၊ ရေရှည်တည်တံ့ခိုင်မြဲ တိုးတက်ရေးတို့ကို ဆောင်ရွက်သွားဖို့အတွက် အလုပ်ကော်မတီကိုလည်း ဦးအောင်ကြည်ညွန့် အပါအဝင် ပါတီတာဝန်ရှိသူ ခုနစ်ယောက်နဲ့ နိုဝင်ဘာ ၆ ရက်နေ့က ဖွဲ့စည်းထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၈ ရက် ဒီနေ့မှာ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ကျင်းပခဲ့ပြီး နေပြည်တော်မှာ မဲထည့်ခဲ့တဲ့ လက်ရှိအာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရွေးကောက်ပွဲရလဒ်ကို လက်ခံသွားမယ်လို့ သတင်းမီဒီယာတွေရှေ့မှာ ပြောဆိုခဲ့ပါတယ်။

ဒါပေမဲ့ ရွေးကောက်ပွဲမှာ NLD ပါတီက ဆန္ဒမဲ ၈၂ ရာခိုင်နှုန်းကျော် အနိုင်ရခဲ့ပြီးနောက် မဲစာရင်း အမှားအယွင်းတွေ ရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်ပြီး ဖေဖော်ဝါရီ ၁ ရက်နေ့ တတိယအကြိမ် လွှတ်တော်မစခင်မှာပဲ အာဏာသိမ်းခဲ့တာ ဖြစ်ပါတယ်။
– Unicodeစစ်အာဏာရှင်စနစ်အောက်က လွတ်မြောက်ရေး ဆက်ကြိုးပမ်းမှာဖြစ်ကြောင်း NLD ကတိပြု

Leave a Reply

Your email address will not be published. Required fields are marked *