“မကောင်းမှု့ကို မျက်ကွယ်မပြုနိုင်တဲ့ သူအဖြစ်နဲ့ ရှေ့ဆက်သွားပါမည်ဟု”အလင်းရောင်ရင်ဖွင့်ပြောကြား

Unicode:

“၅၀၅(က) ဒိုင်ယာရီ”အကြောင်း

ကျွန်တော် လက်ရှိဖြတ်သန်းနေရတဲ့ ဘဝအနေအထားအကြောင်းကို တချို့လဲ သိပြီးကြမှာပါ။ လက်တွေ့အခက်အခဲတွေနဲ့ ပတ်သတ်လို့ ဘယ်တုန်းကမှ ညည်းမပြခဲ့ဖူးပေမယ့် ဒီတခါတော့ ရင်ဖွင့်ချင်တယ်။ (စာလေး နည်းနည်းရှည်မယ်နော်)

၂၀၂၁ ကတော့ ကျွန်တော်အပါအဝင် လူတိုင်းလိုလို အဆင်မပြေမှုပေါင်းစုံ ကြုံတွေ့ရတဲ့ စိတ်ထိခိုက်စရာအပြည့် နဲ့ ကာလ တခုပါပဲ။ ဒီ ၉လတာ အတောအတွင်း အဖြစ်အပျက်၊ အပြောင်းအလဲတွေကြား မှာ ကိုယ့်အပေါ် တကယ့်ကို စိတ်ရင်းနဲ့ ကူညီဖေးမပေးတဲ့ အသိုင်းအဝိုင်း ပတ်ဝန်းကျင်လေး တခုနဲ့ မေတ္တာခြုံလို့ လုံနေရပါတယ်။ အဲ့ဒါကတော့ အဆိုးထဲက အကောင်းလို့ မှတ်ယူရမယ်။

၂၀၂၀ မှာ ကိုဗစ်ကြောင့် အခက်အခဲတွေကြားက မနည်းတောင့်ခံပြီး နေလာရာကနေ

အခုလို ၅၀၅ (က)နဲ့ ဝရမ်းပြေးဘဝအပြောင်းအလဲတွေကြားမှာ ချမ်းသာကြွယ်ဝတဲ့ မိသားစုက မဟုတ်တဲ့ ကျွန်တော့်အတွက် အခက်အခဲမျိုးစုံ ကြုံရတော့တာပါပဲ။

ဒီစာက လူတချို့ဖတ်ရင် ဒရာမာချိုးတာလား လို့ ထင်ကောင်းထင်နိုင်ပေမယ့် ကိုယ်ကြုံရ၊ ခံစားရတာတွေကို အမှတ်တရတစ်ခုအနေနဲ့ ထင်ကျန်နေအောင် diary သဘောမျိုး ရေးထားခြင်းဖြစ်ပါတယ်။ နောက်တချိန်နှစ်တွေ ကြာလာရင် အော် … ၂၀၂၁ မှာ ဒီလိုတွေ ကြုံခဲ့တာပဲ ဆိုတာရယ်၊ အခုထိ လိပ်ပြာလုံစွာ ရှိခဲ့နိုင်သေးတယ် ဆိုတာမျိုး ပေါ့။

၉လကျော်အတောအတွင်း အိမ်ကိုပစ်ပြီး ဟိုပြေးလိုက်ရ၊ ဒီပြေးလိုက်ရ၊

ရုတ်တရက် လူမြင်ရင်ကို ငါ့ကိုများ မှတ်မိသွားလား၊ သတင်းပေးခံရတော့မှာလား ဆိုတဲ့ သံသယတွေ၊ public နဲ့ အလုပ်လုပ်ရတဲ့ လူအများကြား သွားလာလှုပ်ရှားခဲ့တဲ့ ကျွန်တော်က အခု လူအများကြားသွားဖို့ဆိုတာ တော်တော်လေးအဆင်မပြေတဲ့ ကိစ္စတခု ဖြစ်လာတယ်။ စိတ်မလုံခြုံသလို လူကြောက်သလို ဖြစ်လာခဲ့တယ်။ အိမ်ထဲပဲပုန်းနေရတဲ့ ကျွန်တော်တောင် အဲ့လိုခံစားရရင် တခြားကိုယ့်ထက် အခြေအနေဆိုးတဲ့သူတွေရောလှုပ်ရှားနေရတဲ့သူတွေရော ဘယ်လိုနေမလဲဆိုတာ ဆက်္မတွေးရဲလောက်အောင် စိတ်ထဲမကောင်းဖြစ်ရပါသည်။

နောက်ပြီး ကိုယ်စိတ်ကြိုက် ဝယ်ထည့်ထားခဲ့တဲ့ အိမ်လေးထဲက ပစ္စည်းတွေ အကုန် ရောင်းထုတ်လိုက်ရတယ်။ ကျန်တဲ့ပစ္စည်းအကျီ ဘာညာလောက်ကို နယ်ပြန်သယ်တဲ့နေ့မှာ အမေက ဓာတ်ပုံလှမ်းပို့တော့ မျက်ရည်ကျမိတယ်။ ကိုယ် အနှစ်နှစ် အလလ စုဆောင်းခဲ့တာတွေဆိုတော့ နှမြောမိပါတယ်။ ဒါပေမယ့်လဲ ဘယ်တတ်နိုင်မလဲ။ ဒီလို ရောင်းထုတ်မှ ဖြစ်မယ့်အခြေအနေဆိုတာမျိုး လို့တွေးလ်ိုက်ရတာပါပဲ။

ပတ်ဝန်းကျင်က နေ့မြင်ညပျောက် သတင်းတွေ ကြား ဘယ်အချိန် ကိုယ့်အလှည့်လဲ စိုးရွံ့နေရတဲ့ အခြေအနေကို တွေးမိတော့ မိသားစုအပေါ် လစဉ် ကန်တော့တာကလွဲလို့ ကြီးကြီးမားမား မလုပ်ပေးခဲ့ရသေးတာကြောင့် အကြိမ်ကြိမ်စဉ်းစားပြီး ကျွန်တော် ၃ နှစ်လောက် အရစ်ကျဝယ်ထားတဲ့ ကျွန်တော့ ကားလေး ရောင်းလိုက်ပါတယ်။ ကားရောင်းလို့ရတဲ့ထဲက ငွေကို အဘိုးအတွက် အိမ်ဆောက်ပေးမယ်ဆိုပြီး ပြင်ဆင်ဆောက်နေတုန်း အဘိုးက ဆုံးတယ်။

အဲ့အချိန်မှာပဲ အမေရောအဖေရော ကိုဗစ်ဖြစ်၊ ကိုယ်ကလဲ ပြေးသွားပြီး ဂရုစိုက်ပြုစုပေးလို့မရ သက်သာသွားမှသာ ဟင်းချ နိုင်တဲ့ နေ့တွေ …

အဖေ နဲ့ ဆက်ဆံရေးအဆင်မပြေတဲ့အချိန်ကာလတွေရှိခဲ့ပေမယ့် အဖေက ဖုန်းဆက်ပြီး ဒီလို အခြေအနေတွေကြား အားတင်းထားဖို့ ဆက်တဲ့နေ့က လည်း ငိုမိပြန်ရော …

ငိုရတဲ့နေ့ရက်တွေ များလာလေ ဆုံးဖြတ်ချက်တွေ လဲ ပိုခိုင်မာလာတယ်။ ကိုယ်ထက် စွန့်လွှတ်နစ်နာတဲ့ သူတွေများတယ်ဆိုတဲ့ စိတ်နဲ့ မာန်တင်းပြီး နေလာခဲ့တာ

အဲ့ဒါကြောင့်လဲ ကျွန်တော့်ခံစားချက်တွေတော်ရုံတွေမပြောဖြစ်ခဲ့ပါဘူး။

ဒီနေ့တော့ လူသားဆန်စွာပဲ အသက် ၁၈/၁၉ ထဲက ကျားကုတ်ကျားခဲ စုဆောင်းခဲ့တာတွေ ကြိုးစားခဲ့တာတွေ ဆုံရှုံးသွားတာတွေကို ဝမ်းနည်းမိလို့ ခံစားချက်တွေ ပြောပြမိတဲ့နေ့ ဖြစ်သွားသည်။

အဆုံးသတ်ပြောချင်တာကတော့ ဒီလိုတွေ ပြောနေပေမယ့်

ကိုယ်ရွေးချယ်တဲ့ လမ်း ကိုယ်လျှောက်တာဖြစ်ပါတယ်။

နောက်္မလှည့်ကြည့်ကြေးပေါ့…

မကောင်းမှုကို မျက်ကွယ်မပြုနိုင်တဲ့ သူအဖြစ်နဲ့ ရှေ့ဆက်သွားပါမယ်။

တစ်နေ့နေ့မှာ အဆင်ပြေမယ်ဆိုတဲ့ စိတ်ကူးအိမ်မက်္နဲ့ အတူ ပေါ့ ဟုရင်ဖွင့် ပြောကြားထားပါသည်။

Zawgyicode:

တစ်နေ့နေ့မှာ အဆင်ပြေမယ်ဆိုတဲ့ စိတ်ကူးအိမ်မက်နဲ့ အတူ ပေါ့ ဟုရင်ဖွင့် ပြောကြားထားပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *