ဂျပန်စစ်သားများမှ ပြည်သူတွေအစား ကိုဗစ်ကာကွယ်ဆေးထိုးသွားမည်

မေလ၂၁ရက်နေ့က တရားဝင်အတည်ပြုလိုက်တဲ့ Modernaကာကွယ်ဆေးနဲ့ပတ်သက်ပြီး ကျန်းမာရေးဝန်ကြီးဌာနက ကာကွယ်ရေးဝန်ကြီးဌာနအောက်က စစ်သားများကို ကာကွယ်ဆေးထိုး စမ်းသပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်.။ဒီဆေးက ၄ပတ်ခြားရင် နောက်တစ်ခါထပ်ထိုးရမဲ့ ၂ခါထိုး ဆေးဖြစ်ပါတယ်.။ကြွက်သားထဲထိ ထိုးသွင်းရမှာပဲဖြစ်ပါတယ်။ဒီဆေးအခြေအနေကို  ပြည်သူအများ သိရှိဖို့ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ စစ်သားတစ်သောင်းကို ဦးစွာထိုးမှာဖြစ်ပြီး အခြေအနေကို စစ်တမ်းကောက်မှာဖြစ်ပါတယ်။

ဒီလိုထိုးလို့ စစ်သားကိုဦးစားပေးထိုးတာ အခွင့်ထူးခံလူတန်းစားလား ထင်ကြမှာစိုးလို့ ဒီလူတစ်သောင်းကအခွင့်ထူးခံမဟုတ်ပဲ စမ်းသပ်ခံသာဖြစ်ကြောင်း နဲ့ ဆေး ဘေးကင်းတယ်ဆိုပါက ပြည်သူများကို သာဦးစားပေးထိုးမှာလို့ ရှင်းပြထားပါတယ်။ဂျပန်ပြည်သူပြည်သားများမှ ကာကွယ်ရေးဝန်ကြီးဌာနအောက်ရှိ နိုင်ငံဝန်ထမ်း ဂျပန်စစ်သားများကို ကျေးဇူးတင်ကြောင်း မှတ်ချက်ပေးခဲ့ကြပါတယ်။

source-ANN

ဘာသာပြန်– Ko Zwe Man

Leave a Reply

Your email address will not be published.