ဖယ်ခုံတိုက်ပွဲများပြင်းထန်နေပြီး စစ်ဗိုလ်တစ်ဦးသေဆုံး

ဖယ်ခုံမှာ တိုက်ပွဲ ဆက်လက်ပြင်းထန်၊
စစ်ဗိုလ်တစ်ဦးသေဆုံးသည်ကို အတည်ပြု

ဖယ်ခုံမြို့နယ် ခေါင်းအိကျေးရွာအုပ်စုမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး ဒီကနေ့မှာလည်း ခေါင်းအိရွာ အရှေ့တောင်ဘက် တစ်မိုင်ခန့်က တောင်ကြောပေါ်မှာ တိုက်ပွဲထပ်ဖြစ်ခဲ့ပါတယ်။

စစ်ကောင်စီတပ်ကို လွိုင်ကော်၊ ဖယ်ခုံ၊ ဒီးမော့ဆို၊ မိုးဗြဲနဲ့ အလယ်ပိုင်းတိုင်း PDFတွေအပါအဝင် KA/KGZ/ KNDF ကရင်နီပူးပေါင်းတပ်တွေက ခုခံတိုက်ခိုက်ခဲ့ကြတယ်လို့ လွိုင်ကော် PDF က ထုတ်ပြန်ပါတယ်။

ဒီနေ့ တိုက်ပွဲမှာ ပြည်သူ့ရဲဘော် တစ်ယောက်ထိခိုက်ဒဏ်ရာရပြီး မြေပြင်ရဲဘော် အတည်ပြုချက်အရ စစ်ကောင်စီဘက်က စစ်ဗိုလ်တစ်ဦး သေဆုံးတယ်လို့ ဖော်ပြပါတယ်။

စစ်ကောင်စီဘက်က ဗိုလ်တစ်ဦးအပါအဝင် တပ်သားသေဆုံးမှုရှိပေမယ့် အတည်မပြုနိုင်သေးဘူးလို့ လွိုင်ကော် PDF က ဖော်ပြပါတယ်။

သေဆုံးထိခိုက်တာကြောင့် လက်နက်ကြီး အလွန်အကျွံသုံးပြီး စစ်ကြောင်းထိုးလို့ ပတ်ဝန်းကျင်က အရပ်သားပြည်သူအများအပြား စစ်ဘေးရှောင်ကာ ထွက်ပြေးနေရတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *