ဒီမိုကရေစီနှင့် ဖက်ဒရယ်တည်ဆောက်ရေး တိုင်းရင်းသားအားလုံး ပူးပေါင်းပါဝင်ရန် နစကဥက္ကဋ္ဌပြောကြား

Unicode:

ဒီမိုကရေစီနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးတွင် တိုင်းရင်းသားအားလုံး ပူးပေါင်းပါဝင်ရန် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ (နစက)ဥက္ကဋ္ဌ ဗိုလ်မင်းအောင်လှိုင်က ကရင်ပြည်နယ်နေ့တွင် ပေးပို့သည့် သဝဏ် လွှာ၌ ဖော်ပြထားသည်။

၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၇ ရက်တွင် ကျရောက်သည့် (၆၆) နှစ်မြောက် ကရင်ပြည် နယ်နေ့ကို မင်းအောင်လှိုင်မှ သဝဏ်လွှာ ပေးပို့ခဲ့ပြီး ယခုကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

၎င်းက“ယနေ့ အချိန်ကာလသည် ပြည်သူတစ်ရပ်လုံး လိုလားတောင့်တသော ဒီမိုကရေစီနှင့် ဖက်ဒရယ်ကို အခြေခံသည့် ပြည်ထောင်စုကြီး တည်ဆောက်နိုင်ရေးအတွက် မဖြစ်မနေ လိုအပ်နေသည့် တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေး ဖော်ဆောင် နေသည့် အချိန်အခါဖြစ်ရာ ယခုကဲ့သို့သော ထူးမြတ်သည့် ကရင်ပြည် နယ်နေ့ အခါသမယတွင် ကရင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသား ပြည်သူအား လုံး ကလည်း ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြပါရန် အလေးအနက် တိုက်တွန်းအပ်ပါသည်”ဟု ပြောပါသည်။

ထို့အပြင် ကရင်ပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသား ပြည်သူများအားလုံး ဒေသတွင်း တည်ငြိမ် အေး ချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်္မှု့များကို အရှိန်အဟုန်ဖြင့် ဖြစ်ထွန်းပေါ်ပေါက်စေရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြသူများ ဖြစ်ကြရန်လည်း တိုက်တွန်းထားသည်။

နိုင်ငံ‌တော်အစိုးရသည် တိုင်းရင်းသား ညီအစ်ကိုများအားလုံး တန်းတူခံစားနိုင်မည့် ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီ သော ဖွံ့ဖြိုးတိုးတက်္မှု့များ ဖော်ဆောင်နိုင်ရန်အတွက် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးကို ခိုင်မာသည့် သန္နိဋ္ဌာန်ဖြင့် ဆောင်ရွက်နေကြောင်း သဝဏ်လွှာတွင်‌ ဖော်ပြထားပါသည်။

မင်းအောင်လှိုင်က “မိမိတို့နိုင်ငံ၏ ငြိမ်းချမ်း‌ရေး ဖြစ်စဉ်များ သည် ပြည်သူလူထုအားလုံး အလိုချင်ဆုံး၊ အတောင့်တဆုံး ဆန္ဒများပင် ဖြစ်ပါ သဖြင့် ငြိမ်းချမ်းသာယာသည့် လူမှုအသိုက်အဝန်းကြီးတစ်ခုကို နောင်မျိုးဆက်သစ်များ အတွက် အမွေကောင်းအဖြစ် ချန်ထားပေးရမည်”ဟု ပြောသည်။

သဘာဝသယံဇာတ ပေါကြွယ်ဝသည့် မြန်မာနိုင်ငံအတွက် ထာဝရငြိမ်းချမ်းရေးကို တိုင်းရင်းသားပြည်သူများ အားလုံးပါဝင် ပြီး အမှန်တကယ် တည်ဆောက်ပေးနိုင်ပါက မိမိတို့အားလုံး မျော်မှန်းသည့် လွတ်လပ်‌သော၊ ငြိမ်းချမ်းသော၊ သာယာဝပြော သော၊ ဖွံဖြိုးတိုးတက်သော လူမှု့အသိုက်အဝန်းကြီးတစ်ခု အမြန်ဆုံး ပေါ်ပေါက်လာမည်ဟု ယုံကြည်ကြောင်း ဖော်ပြထားသည်။

ကရင်ပြည်နယ် ဘားအံ့မြို့တွင် နစကမှ ဦးစီးကျင်းပသည့် ကရင်ပြည်နယ်နေ့ အခမ်းအနားကို ကရင်အမျိုးသားအစည်းအရုံး (KNU) မှ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

Zawgyicode:

ဒီမိုကရေစီနှင့် ဖက်ဒရယ်တည်ဆောက်ရေး တိုင်းရင်းသားအားလုံး ပူးပေါင်းပါဝင်ရန် နစကဥက္ကဋ္ဌပြောကြား

ဒီမိုကရေစီနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးတွင် တိုင်းရင်းသားအားလုံး ပူးပေါင်းပါဝင်ရန် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ (နစက)ဥက္ကဋ္ဌ ဗိုလ်မင်းအောင်လှိုင်က ကရင်ပြည်နယ်နေ့တွင် ပေးပို့သည့် သဝဏ် လွှာ၌ ဖော်ပြထားသည်။

၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၇ ရက်တွင် ကျရောက်သည့် (၆၆) နှစ်မြောက် ကရင်ပြည် နယ်နေ့ကို မင်းအောင်လှိုင်မှ သဝဏ်လွှာ ပေးပို့ခဲ့ပြီး ယခုကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

၎င်းက“ယနေ့ အချိန်ကာလသည် ပြည်သူတစ်ရပ်လုံး လိုလားတောင့်တသော ဒီမိုကရေစီနှင့် ဖက်ဒရယ်ကို အခြေခံသည့် ပြည်ထောင်စုကြီး တည်ဆောက်နိုင်ရေးအတွက် မဖြစ်မနေ လိုအပ်နေသည့် တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေး ဖော်ဆောင် နေသည့် အချိန်အခါဖြစ်ရာ ယခုကဲ့သို့သော ထူးမြတ်သည့် ကရင်ပြည် နယ်နေ့ အခါသမယတွင် ကရင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသား ပြည်သူအား လုံး ကလည်း ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြပါရန် အလေးအနက် တိုက်တွန်းအပ်ပါသည်”ဟု ပြောပါသည်။

ထို့အပြင် ကရင်ပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသား ပြည်သူများအားလုံး ဒေသတွင်း တည်ငြိမ် အေး ချမ်းမှု့နှင့် ဖွံ့ဖြိုးတိုးတက်္မှု့များကို အရှိန်အဟုန်ဖြင့် ဖြစ်ထွန်းပေါ်ပေါက်စေရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြသူများ ဖြစ်ကြရန်လည်း တိုက်တွန်းထားသည်။

နိုင်ငံ‌တော်အစိုးရသည် တိုင်းရင်းသား ညီအစ်ကိုများအားလုံး တန်းတူခံစားနိုင်မည့် ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီ သော ဖွံ့ဖြိုးတိုးတက်္မှု့များ ဖော်ဆောင်နိုင်ရန်အတွက် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးကို ခိုင်မာသည့် သန္နိဋ္ဌာန်ဖြင့် ဆောင်ရွက်နေကြောင်း သဝဏ်လွှာတွင်‌ ဖော်ပြထားပါသည်။

မင်းအောင်လှိုင်က “မိမိတို့နိုင်ငံ၏ ငြိမ်းချမ်း‌ရေး ဖြစ်စဉ်များ သည် ပြည်သူလူထုအားလုံး အလိုချင်ဆုံး၊ အတောင့်တဆုံး ဆန္ဒများပင် ဖြစ်ပါ သဖြင့် ငြိမ်းချမ်းသာယာသည့် လူမှုအသိုက်အဝန်းကြီးတစ်ခုကို နောင်မျိုးဆက်သစ်များ အတွက် အမွေကောင်းအဖြစ် ချန်ထားပေးရမည်”ဟု ပြောသည်။

သဘာဝသယံဇာတ ပေါကြွယ်ဝသည့် မြန်မာနိုင်ငံအတွက် ထာဝရငြိမ်းချမ်းရေးကို တိုင်းရင်းသားပြည်သူများ အားလုံးပါဝင် ပြီး အမှန်တကယ် တည်ဆောက်ပေးနိုင်ပါက မိမိတို့အားလုံး မျော်မှန်းသည့် လွတ်လပ်‌သော၊ ငြိမ်းချမ်းသော၊ သာယာဝပြော သော၊ ဖွံဖြိုးတိုးတက်သော လူမှု့အသိုက်အဝန်းကြီးတစ်ခု အမြန်ဆုံး ပေါ်ပေါက်လာမည်ဟု ယုံကြည်ကြောင်း ဖော်ပြထားသည်။

ကရင်ပြည်နယ် ဘားအံ့မြို့တွင် နစကမှ ဦးစီးကျင်းပသည့် ကရင်ပြည်နယ်နေ့ အခမ်းအနားကို ကရင်အမျိုးသားအစည်းအရုံး (KNU) မှ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

ပုံ-ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးကိုတွေ့ရစဉ် (ပုံဟောင်း)

Leave a Reply

Your email address will not be published. Required fields are marked *