နိုဝင်ဘာလ ပထမပတ်ကာလ အတွင်း စစ်ကောင်စီ မှကိုဗစ်ကာကွယ်ဆေးဝယ်ယူရန် အလှူခံငွေ နှစ်သိန်းငါးသောင်းကျပ်သာရရှိ

Unicode:

နိုဝင်ဘာလ ပထမပတ်ကာလ အတွင်း စစ်ကောင်စီ ၏ ကိုဗစ်ကာကွယ်ဆေးဝယ်ယူရန် အလှူခံငွေ နှစ်သိန်းငါးသောင်းကျပ်သာရရှိခဲ့ပါသည်။

အာဏာသိမ်းစစ်ကောင်စီ မှ ကိုဗစ်ရောဂါ ကာ ကွယ်ဆေးဝယ်ယူရန်အတွက် အလှူငွေများ ဆက်လက်ကောက်ခံခဲ့ရာ နိုဝင်ဘာလ ပထမပတ် တပတ်တာကာလအတွင်း ကောက်ခံရရှိငွေ မှာ ကျပ် နှစ်သိန်းငါးသောင်းရရှိကြောင်း ၄င်းတို့လက်အောက်ရှိ ကာကွယ်ဆေးရန်ပုံငွေစီမံခန့်ခွဲမှုကော်မတီ၏ ထုတ်ပြန်ကြေကြာချက်အရသိရသည်။

ကိုဗစ်ရောဂါကာကွယ်ဆေးဝယ်ယူရရှိရေး ရန်ပုံ ငွေစာရင်းသို့ နိုဝင်ဘာလ ၁ ရက်နေ့ မှ နိုဝင် ဘာ လ ၅ ရက်နေ့ထိ ပြည်တွင်း/ပြည်ပ အလှူရှင်များမှ ထည့်ဝင်လှူ ဒါန်းငွေ ကျပ် သုည ဒသမ ၂၅၀ သန်း ဟု အဆိုပါကော်မတီ၏ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

စစ်အာဏာမသိမ်းမီ NLD ပါတီ ဦးဆောင်သည့် အရပ်သားအစိုးရလက်ထပ် ကိုဗစ်ကာကွယ် ဆေးများဝယ်ယူရန် ပြီးခဲ့သည့် ဇန်နဝါရီ ၆ ရက်နေ့မှစတင်၍ အလှူငွေကောက်ခံခဲ့ရာ ဇန်နဝါရီလ ၁၂ ရက်နေ့ထိ တပတ်တာကာလအတွင်း ပြည် တွင်း/ပြည်ပအလှူရှင် ၇၂၈ ဦး၏ လှူ ဒါန်းငွေစုစုပေါင်း ကျပ်သန်းပေါင်း ၁ သောင်း ကျော်နှင့် အမေရိကန်ဒေါ်လာ ၂သန်းကျော်ထိ ရရှိခဲ့ကြောင်း အဆိုပါကော်မတီ၏ ထုတ်ပြန်ချက်စာရင်းများအရသိရသည်။

စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီကကိုဗစ်ကာကွယ်ဆေးဝယ်ယူရန် အလှူငွေများဆက် လက်ကောက်ခံနေသော်လည်း လှူဒါန်းမည့်သူ မရှိသလောက်ဖြစ်နေပြီး ၉ လ ကျော်ကာလအ တွင်းယခုကဲ့သို့ ကောက်ခံရရှိမှုနည်းပါနေ ကြောင်း သိရသည်။

အာဏာသိမ်းစစ်ခေါင်းဆောင်မှ ကိုဗစ်ကာကွယ် ဆေးအား ပြည်ပနိုင်ငံများမှအမြဲမပြတ်ဝယ် ယူနေရပါက တိုင်းပြည်မွဲသွားမည်ဖြစ်ပြီး ပြည် တွင်း၌ တိုင်းရင်းဆေးဖြင့် ကာကွယ်ဆေးနှင့်ကုသဆေး ၂မျိုးလုံး ဖော်စပ်နိုင်ရန်ကြိုးပမ်းသွားရမည်ဟု ပြောကြားထားကြောင်း သိရသည်။

Zawgyicode:

Leave a Reply

Your email address will not be published. Required fields are marked *