တောင်ငူစစ်ဆေးရေးဂိတ် ကုန်ကားဝင်တိုက်မှု့ကြောင့် စစ်သား ၃ ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့

Unicode:

တောင်ငူစစ်ဆေးရေးဂိတ် ကုန်ကားဝင်တိုက်မှု့‌ေကြာင့် စစ်သား ၃ ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်းသိရှ်ရပါသည်။

ပဲခူးတိုင်း တောင်ငူမြို့ ခပေါင်းတံတားတောင်ဘက် အဆင်းမှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်ကို နိုဝင်ဘာ ၆ ရက် ည ၈ နာရီဝန်းကျင်က ကုန်တင်ကားတစီးက အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်မိတာကြောင့် ဂိတ်စောင့်စစ်သား ၃ ဦး အပြင်းအထန် ဒဏ်ရာရ သွားတယ်လို့ ဒေသခံတွေဆီက သိရပါသည်။

“ကားကြီးက ဘရိတ်ပေါက်တယ်နဲ့တူပါတယ်။ ဂိတ်နားရောက်တာကို အရှိန်မထိန်းနိုင်ဘဲ ဂိတ်တဲကို တိုက်ပစ်တာ၊ ဂိတ်ကအစောင့် စစ်သား ၃ ဦးကတော့ ဒဏ်ရာတော်တော်ပြင်းလောက်တယ်” လို့ မျက်မြင်တွေ့ရှိရသူတစ်ဦးက ပြောပါသည်။

ယာဉ်တိုက်မှုဖြစ်ပြီး ဂိတ်အနီးက အရက်ဆိုင်မှာ အရက်သောက်နေကြတဲ့ အရပ်ဝတ်နဲ့စစ်သားတွေ ပြန်လည်ရောက်ရှိလာပြီး ယာဉ်မောင်းဖြစ်သူကို ဇွတ်အတင်းဆွဲချကာ ထိုးနှက်ကန်ကျောက်နေကြ တယ်လို့ ဆက်ပြောပါတယ်။

“အဲ့ဒိ ကားတိုက်တဲ့နေရာကို ပြည်သူတွေဝင်ကြည့်လို့မရဘူး။ အဝေးကပဲလှမ်းကြည့်ရတာ။ ဒါတောင် စစ်သားတွေက ဓာတ်ပုံမရိုက်ဖို့ လှမ်းအော်နေကြတာ။”

ယာဉ်မောင်းဖြစ်သူနဲ့ ကားတိုက်ခံရတဲ့ စစ်သား ၃ ယောက်ကို လူနာတင်ယာဉ်တွေနဲ့ ဆေးရုံ ပို့ဆောင်လိုက်တယ်လို့ သိရပြီး နောက်ဆက်တွဲ အခြေအနေဆက်လက်စုံစမ်းနေပါတယ်။

အဆိုပါ စစ်ဆေးရေးဂိတ်က အစောင့်စစ်သားတွေဟာ ဖြတ်သန်းသွားလာတဲ့ ကုန်တင်ကားတွေဆီ ကနေ ငွေကြေးတောင်းခံယူမှု့ပြုလုပ်နေတယ်လို့လည်း သိရပါသည်။

Zawgyicode:

Leave a Reply

Your email address will not be published. Required fields are marked *