မတရားမှု့ကို တန်ပြန်တိုက်စစ်တွေနဲ့ တိုက်ပွဲဝင်နေတဲ့ ရန်ကုန်မှာ အာဏာသိမ်းစစ်တပ် နဲ့ အပေါင်းအပါတွေ အလွန်အထိနာနေ

Unicode:

မတရားမှု့ကို တန်ပြန်တိုက်စစ်တွေနဲ့ တိုက်ပွဲဝင်နေတဲ့ ရန်ကုန်မှာ အာဏာသိမ်းစစ်တပ် နဲ့ အပေါင်းအပါတွေ အထိနာနေ

လက်နက်အားကိုး နဲ့ပြည်သူကိုမတရားလုပ်နေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ အပေါင်းအပါတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ တန်ပြန်တိုက်စစ်တွေ ပြင်းထန်နေပြီး စစ်ကောင်စီနဲ့ ဆက်နွယ်သူတွေ၊ ပြည်သူလူထုနဲ့ ဆန့်ကျင်ဘက်မှာနေသူတွေ၊ စစ်ကောင်စီအခြေပြုတဲ့ ရုံးဌာနတွေမှာ နေ့စဉ်ဆိုသလို ပေါက်ကွဲမှုတွေ ဖြစ်ပေါ်နေတယ်လို့ ရန်ကုန်မြို့မှာ နေထိုင်တဲ့ ပြည်သူတွေဆီက သိရပါသည်။

ကမာရွတ်မြို့နယ်။

ကမာရွတ်မြို့နယ်၊ (၂) ရပ်ကွက်၊ ပြည်လမ်းမ၊ မာလာကားမှတ်တိုင်အနီးမှာ မနေ့မနက်ပိုင်းက ပေါက်ကွဲမှုတစ်ခု ဖြစ်ခဲ့တယ်လို့ ဒေသခံပြည်သူတွေဆီ ကသိရပါတယ်။

ပေါက်ကွဲမှုဟာ မာလာကားမှတ်တိုင်အနီးက ယုဒဿန်အဆောက်အဦး ဘက်ခြမ်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ပေါက်ကွဲမှုကြောင့် အနီးအနားမှာရှိတဲ့ ကြော်ငြာဆိုင်းဘုတ်အချို့ ထိခိုက်ပျက်ဆီးခဲ့တဲ့ လူထိခိုက်္မှု့မရှိဘူးလို့ သိရပါသည်။

မရမ်းကုန်းမြို့နယ်။

မရမ်းကုန်းမြို့နယ်၊ (၃)ရပ်ကွက်၊ မင်းဓမ္မလမ်း၊ ရွှေကမ္ဘာအိမ်ယာရှိ KBZ ဘဏ် ATM စက်အတွင်း မနေ့ကမနက် (၁၀:၀၀)ဝန်းကျင်ခန့်မှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ပေါက်ကွဲမှုကြောင့် ပတ်ပတ်လည်ကာရန်ထားတဲ့ မှန်တံခါးနဲ့ မှန်အကာတွေ ကွဲထွက်သွားပြီး လူကိုခိုက်တာမရှိဘူးလို့ ဒေသခံပြည်သူတွေဆီက သိရပါသည်။

လှိုင်သာယာမြို့နယ်။

လှိုင်သာယာမြို့နယ်၊ အမှတ်(၇)ရပ်ကွက်၊ တေးဥယျာဉ်(၃)လမ်းထိပ် ပါရမီ(ဆေးခန်း) အတွင်း မနေ့မနက်ပိုင်းမှာ သေနတ်ပစ်ခတ်မှု့ ဖြစ်ခဲ့တယ်လို့ ဒေသခံပြည်သူတွေဆီက သိရပါတယ်။

ပစ်ခတ်မှုကြောင့် ဒလန်လို့နာမည်ထွက်နေတဲ့ သူနာပြုဆရာမ ဒေါ်စမ်းသီတာ သေနတ်(၂) ချက်ထိမှန်ပြီး ဆေးရုံကိုပို့ ဆောင်ချိန် သေဆုံးသွားတယ်လို့ သိရပါသည်။

မင်္ဂလာဒုံမြို့နယ်။

မင်္ဂလာဒုံမြို့နယ်၊ ဈေးရပ်ကွက်၊ ခရေပင်လမ်း၊Dagon Golf City ရှေ့မှာ မပေါက်ကွဲသေးတဲ့ ဗုံးတစ်လုံး တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Dagon Golf City ရှေ့အနီးမှာ သံပိုက်နဲ့ ပြုလုပ်ထားတဲ့ လက်လုပ်ဗုံးကို ကီးပက်ဖုန်းနဲ့ ချိတ်ဆက်ထားတာကို တွေ့ရှိလို့ စစ်ကောင်စီတပ်က သက်္မဲ့ပြုလုပ်ဖယ်ရှားလိုက်တယ်လို့ သိရပါသည်။

ဗဟန်းမြို့နယ်။

ဗဟန်းမြို့နယ်၊ ငါးထပ်ကြီး အနောက်ရပ်ကွက်၊ ဝင်္ကဘာလမ်းမှာရှိတဲ့ ရုပ်ရှင်အစည်းရုံး အနီးမှာ မနေ့ကမနက်ပိုင်းက ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့တယ်လို့ ဒေသခံပြည်သူတွေဆီက သိရပါတယ်။

ရုပ်ရှင်အစည်းရုံး ဝင်ပေါက်အနီးမှာ ပေါက်ကွဲခဲ့တာဖြစ်ပြီး ပေါက်ကွဲမှုကြောင့် ဝင်ပေါက်အနီးမှာ ရပ်ထားတဲ့ Crow အမျိုးအစားကားထိမှန်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါသည်။

မြောက်ဥက္ကလာပမြို့နယ်။

မြောက်ဥက္ကလာပမြို့နယ်၊ (ဃ) ရပ်ကွက်၊ သုဓမ္မာလမ်းနဲ့ နွယ်နီလမ်းထိပ်မှာ ဒီနေ့မနက်ပိုင်းက အထက်တန်းပြဆရာမတစ်ဦးကို အမည်မသိသူတွေက သေနတ်နဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံပြည်သူတွေ ဆီကသိရပါတယ်။

ဆရာမဒေါ်လှလှသန်း ဟာမနေ့ကမနက်ပိုင်းမှာ အထက(၂) (ဒဂုံအရှေ့) ကိုကျောင်းသွားဖို့အတွက် တက္ကစီပေါ်ရောက်ရှိနေချိန် လူတစ်ဦးကအနီးကပ်လာရောက် ပစ်ခတ်ခဲ့တာကြောင့် ဝမ်းဗိုက်ကျည် လေးချက်ထိမှန်ပြီး ဆေးရုံပို့ဆောင်ချိန်မှာ သေဆုံးသွားတယ်လို့ သိရပါသည်။

Zawgyicode:

မတရားမှု့ကို တန်ပြန်တိုက်စစ်တွေနဲ့ တိုက်ပွဲဝင်နေတဲ့ ရန်ကုန်မှာ အာဏာသိမ်းစစ်တပ် နဲ့ အပေါင်းအပါတွေ အထိနာနေ

လက်နက်အားကိုး နဲ့ပြည်သူ့ကိုမတရားလုပ်နေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ အပေါင်းအပါတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ တန်ပြန်တိုက်စစ်တွေ ပြင်းထန်နေပြီး စစ်ကောင်စီနဲ့ ဆက်နွယ်သူတွေ၊ ပြည်သူလူထုနဲ့ ဆန့်ကျင်ဘက်မှာနေသူတွေ၊ စစ်ကောင်စီအခြေပြုတဲ့ ရုံးဌာနတွေမှာ နေ့စဉ်ဆိုသလို ပေါက်ကွဲမှုတွေ ဖြစ်ပေါ်နေတယ်လို့ ရန်ကုန်မြို့မှာ နေထိုင်တဲ့ ပြည်သူတွေဆီက သိရပါသည်။

ကမာရွတ်မြို့နယ်။

ကမာရွတ်မြို့နယ်၊ (၂) ရပ်ကွက်၊ ပြည်လမ်းမ၊ မာလာကားမှတ်တိုင်အနီးမှာ မနေ့မနက်ပိုင်းက ပေါက်ကွဲမှုတစ်ခု ဖြစ်ခဲ့တယ်လို့ ဒေသခံပြည်သူတွေဆီ ကသိရပါတယ်။

ပေါက်ကွဲမှုဟာ မာလာကားမှတ်တိုင်အနီးက ယုဒဿန်အဆောက်အဦး ဘက်ခြမ်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ပေါက်ကွဲမှုကြောင့် အနီးအနားမှာရှိတဲ့ ကြော်ငြာဆိုင်းဘုတ်အချို့ ထိခိုက်ပျက်ဆီးခဲ့တဲ့ လူထိခိုက်္မှု့မရှိဘူးလို့ သိရပါသည်။

မရမ်းကုန်းမြို့နယ်။

မရမ်းကုန်းမြို့နယ်၊ (၃)ရပ်ကွက်၊ မင်းဓမ္မလမ်း၊ ရွှေကမ္ဘာအိမ်ယာရှိ KBZ ဘဏ် ATM စက်အတွင်း မနေ့ကမနက် (၁၀:၀၀)ဝန်းကျင်ခန့်မှာ ဗုံးပေါက်ကွဲမှု့ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ပေါက်ကွဲမှု့ကြောင့် ပတ်ပတ်လည်ကာရန်ထားတဲ့ မှန်တံခါးနဲ့ မှန်အကာတွေ ကွဲထွက်သွားပြီး လူကိုခိုက်တာမရှိဘူးလို့ ဒေသခံပြည်သူတွေဆီက သိရပါသည်။

လှိုင်သာယာမြို့နယ်။

လှိုင်သာယာမြို့နယ်၊ အမှတ်(၇)ရပ်ကွက်၊ တေးဥယျာဉ်(၃)လမ်းထိပ် ပါရမီ(ဆေးခန်း) အတွင်း မနေ့မနက်ပိုင်းမှာ သေနတ်ပစ်ခတ်မှု ဖြစ်ခဲ့တယ်လို့ ဒေသခံပြည်သူတွေဆီက သိရပါတယ်။

ပစ်ခတ်မှုကြောင့် ဒလန်လို့နာမည်ထွက်နေတဲ့ သူနာပြုဆရာမ ဒေါ်စမ်းသီတာ သေနတ်(၂) ချက်ထိမှန်ပြီး ဆေးရုံကိုပို့ ဆောင်ချိန် သေဆုံးသွားတယ်လို့ သိရပါသည်။

မင်္ဂလာဒုံမြို့နယ်။

မင်္ဂလာဒုံမြို့နယ်၊ ဈေးရပ်ကွက်၊ ခရေပင်လမ်း၊Dagon Golf City ရှေ့မှာ မပေါက်ကွဲသေးတဲ့ ဗုံးတစ်လုံး တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Dagon Golf City ရှေ့အနီးမှာ သံပိုက်နဲ့ ပြုလုပ်ထားတဲ့ လက်လုပ်ဗုံးကို ကီးပက်ဖုန်းနဲ့ ချိတ်ဆက်ထားတာကို တွေ့ရှိလို့ စစ်ကောင်စီတပ်က သက်မဲ့ပြုလုပ်ဖယ်ရှားလိုက်တယ်လို့ သိရပါသည်။

ဗဟန်းမြို့နယ်။

ဗဟန်းမြို့နယ်၊ ငါးထပ်ကြီး အနောက်ရပ်ကွက်၊ ဝင်္ကဘာလမ်းမှာရှိတဲ့ ရုပ်ရှင်အစည်းရုံး အနီးမှာ မနေ့ကမနက်ပိုင်းက ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့တယ်လို့ ဒေသခံပြည်သူတွေဆီက သိရပါတယ်။

ရုပ်ရှင်အစည်းရုံး ဝင်ပေါက်အနီးမှာ ပေါက်ကွဲခဲ့တာဖြစ်ပြီး ပေါက်ကွဲမှုကြောင့် ဝင်ပေါက်အနီးမှာ ရပ်ထားတဲ့ Crow အမျိုးအစားကားထိမှန်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါသည်။

မြောက်ဥက္ကလာပမြို့နယ်။

မြောက်ဥက္ကလာပမြို့နယ်၊ (ဃ) ရပ်ကွက်၊ သုဓမ္မာလမ်းနဲ့ နွယ်နီလမ်းထိပ်မှာ ဒီနေ့မနက်ပိုင်းက အထက်တန်းပြဆရာမတစ်ဦးကို အမည်မသိသူတွေက သေနတ်နဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံပြည်သူတွေ ဆီကသိရပါတယ်။

ဆရာမဒေါ်လှလှသန်း ဟာမနေ့ကမနက်ပိုင်းမှာ အထက(၂) (ဒဂုံအရှေ့) ကိုကျောင်းသွားဖို့အတွက် တက္ကစီပေါ်ရောက်ရှိနေချိန် လူတစ်ဦးကအနီးကပ်လာရောက် ပစ်ခတ်ခဲ့တာကြောင့် ဝမ်းဗိုက်ကျည် လေးချက်ထိမှန်ပြီး ဆေးရုံပို့ဆောင်ချိန်မှာ သေဆုံးသွားတယ်လို့ သိရပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *