မြန်မာနိုင်ငံအနှံ့ နယ်မြေမလုံခြုံမှု့နဲ့ ပိတ်ပင်တားဆီးမှုတွေကြောင့် အရေးပေါ်အကူအညီပေးဖို့ အင်မတန်ခက်ခဲနေတယ်လို့ ကုလပြော

Unicode:

မြန်မာနိုင်ငံအနှံ့ နယ်မြေမလုံခြုံမှု့တွေ၊ ပိတ်ပင်တားဆီးတာတွေနဲ့ ကိုဗစ်ဆိုင်ရာတားမြစ်ချက်တွေကြောင့် အရေးပေါ်လူသားချင်းစာနာမှု့ အကူအညီတွေပေးနိုင်ဖို့ အင်မတန်ခက်ခဲနေပါတယ်လို့ ကုလသမဂ္ဂလက်အောက်ခံ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး က နို၀င်ဘာလ ၅ ရက်နေ့မှာ သတင်းထုတ်ပြန်လိုက်တာပါ။

စစ်ကောင်စီ အာဏာရယူပြီးနောက်ပိုင်း နိုင်ငံတစ်၀န်း နေရပ်စွန့်ခွာထွက်ပြေးရသူပေါင်း ၂၂၃,၃၀၀ ကျော် ရှိတယ်လို့ လည်းဆိုပါတယ်။

စစ်ကောင်စီ တပ်တွေနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲ ပြင်းထန်နေတဲ့ ချင်းပြည်နယ်၊ စစ်ကိုင်းနဲ့ မကွေးတိုင်းတို့မှာ မေလနှောင်းပိုင်း နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ရသူ ၃၇,၀၀၀ နီးပါးရှိပြီး ပိုင်ဆိုင်မှုတွေ ထိခိုက်ပျက်စီးတာတွေအပြင် လူအသေအပျောက်နဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရတာတွေရှိတယ်လို့ ကုလသမဂ္ဂက ပြောပါသည်။

ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ မြောက်ပိုင်းဒေသတွေမှာလည်း တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေသလို မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းရဲ့ လုံခြုံရေးအခြေအနေဟာ စိုးရိမ်ရဆဲဖြစ်ပြီး အောက်တိုဘာလအတွင်း နောက်ထပ် လူပေါင်း ၂၃,၅၀၀ ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတယ်လို့လည်း ဆိုပါသည်။

Zawgyicode:

Leave a Reply

Your email address will not be published. Required fields are marked *