စက်ရုံတွင်း အလုပ်သမားအခွင့်အရေး ဆန္ဒထုတ်ဖော်သူတွေကို ရဲမှူးသမီး စက်ရုံမန်နေဂျာက စစ်ကောင်စီ တပ်တွေကို လာရောက်ဖမ်းဆီးခိုင်း

Unicode:

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်မှာ နိုဝင်ဘာ ၅ ရက် မနက်ပိုင်းက စက်ရုံလုပ်သားရပိုင်ခွင့်တွေအတွက် ဆန္ဒပြနေတဲ့ အထည်ချုပ်စက်ရုံက အလုပ်သမားတွေကို စက်ရုံတာဝန်ရှိသူဖြစ်တဲ့ စက်ရုံမန်နေဂျာ ရဲမှူးသမီးဖြစ်သူက လုံခြုံရေးတပ်တွေခေါ်ပြီး ဖမ်းဆီးခိုင်းတယ်လို့ သိရပါသည်။

ရွှေလင်ပန်းစက်္မှု့ဇုန်မှာရှိတဲ့ GASAN APPAREL အထည်ချုပ်စက်ရုံမှာ နိုဝင်ဘာ ၅ ရက်နေ့ မနက်ပိုင်းက အချိန်ပိုလုပ်အားခအပါအဝင် အလုပ်သမားရပိုင်ခွင့်တွေကို အလုပ်ရှင်က အဓမ္မဖြတ်ချလိုက်တဲ့အတွက် စက်ရုံအလုပ်သမား ၃၅၀ လောက် ဆန္ဒပြတောင်းဆိုခဲ့ကြတာဖြစ်ပါသည်။

အရင်က နေ့ကြေးအပြင် အချိန်ပိုကြေး၊ ရက်မှန်ကြေး၊ ကျွမ်းကျင်ကြေး၊ ကားခ၊ ထမင်းဖိုးနဲ့ နှစ်ကြေး ဆိုပြီးရတာဖြစ်ပြီး အခုနောက်ပိုင်း အားလုံးဖြုတ်ချလိုက်ပြီး နေ့ကြေး ၄,၈၀၀ကျပ် ပဲပေးတော့မယ်လို့ အလုပ်ရှင်က ကြေညာပြီးနောက် အခုလို ဆန္ဒပြခဲ့တာဖြစ်ပါသည်။

ဆန္ဒပြအလုပ်သမားတွေကို ဖမ်းဆီးဖို့ စစ်ကောင်စီတပ်တွေကိုခေါ်တဲ့သူတွေဟာ ရဲမှူးသမီး အထွေထွေ မန်နေဂျာ မခင်သန္တာဦးနဲ့ အငြိမ်းစားစစ်မှုထမ်းဟောင်းဖြစ်တဲ့ မန်နေဂျာ ဦးမျိုးလွင်တို့ဖြစ်ပြီး စစ်ကောင်စီ တပ်ကား ၆ စီး ရောက်လာပေမဲ့ အလုပ်သမားအင်အားများတာမို့ မဖမ်းဆီးသွားဘဲ ဓာတ်ပုံသာရိုက်သွားတယ်လို့ သိရပါသည်။

စစ်ကောင်စီ အာဏာရယူပြီး နောက်ပိုင်းမှာ အလုပ်အကိုင်ရှားပါးနေတာကို အခွင့်ကောင်းယူပြီ လှိုင်သာယာမြို့နယ်အတွင်းက စက်ရုံအများစုဟာ ဝန်ထမ်းတွေအပေါ် ဖိနှိပ်တာတွေလုပ်နေပြီး အလုပ်သမားရပိုင်ခွင့်တွေ လျှော့ချကာ အနိုင်ကျင့်တာတွေ လုပ်နေတယ်လို့ သိရှိရပါသည်။

Zawgyicode:

စက်ရုံတွင်း အလုပ်သမားအခွင့်အရေး ဆန္ဒထုတ်ဖော်သူတွေကို ရဲမှူးသမီး စက်ရုံမန်နေဂျာက စစ်ကောင်စီ တပ်တွေကို လာရောက်ဖမ်းဆီးခိုင်း

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်မှာ နိုဝင်ဘာ ၅ ရက် မနက်ပိုင်းက စက်ရုံလုပ်သားရပိုင်ခွင့်တွေအတွက် ဆန္ဒပြနေတဲ့ အထည်ချုပ်စက်ရုံက အလုပ်သမားတွေကို စက်ရုံတာဝန်ရှိသူဖြစ်တဲ့ စက်ရုံမန်နေဂျာ ရဲမှူးသမီးဖြစ်သူက လုံခြုံရေးတပ်တွေခေါ်ပြီး ဖမ်းဆီးခိုင်းတယ်လို့ သိရပါသည်။

ရွှေလင်ပန်းစက်္မှု့ဇုန်မှာရှိတဲ့ GASAN APPAREL အထည်ချုပ်စက်ရုံမှာ နိုဝင်ဘာ ၅ ရက်နေ့ မနက်ပိုင်းက အချိန်ပိုလုပ်အားခအပါအဝင် အလုပ်သမားရပိုင်ခွင့်တွေကို အလုပ်ရှင်က အဓမ္မဖြတ်ချလိုက်တဲ့အတွက် စက်ရုံအလုပ်သမား ၃၅၀ လောက် ဆန္ဒပြတောင်းဆိုခဲ့ကြတာဖြစ်ပါသည်။

အရင်က နေ့ကြေးအပြင် အချိန်ပိုကြေး၊ ရက်မှန်ကြေး၊ ကျွမ်းကျင်ကြေး၊ ကားခ၊ ထမင်းဖိုးနဲ့ နှစ်ကြေး ဆိုပြီးရတာဖြစ်ပြီး အခုနောက်ပိုင်း အားလုံးဖြုတ်ချလိုက်ပြီး နေ့ကြေး ၄,၈၀၀ကျပ် ပဲပေးတော့မယ်လို့ အလုပ်ရှင်က ကြေညာပြီးနောက် အခုလို ဆန္ဒပြခဲ့တာဖြစ်ပါသည်။

ဆန္ဒပြအလုပ်သမားတွေကို ဖမ်းဆီးဖို့ စစ်ကောင်စီ တပ်တွေကိုခေါ်တဲ့သူတွေဟာ ရဲမှူးသမီး အထွေထွေ မန်နေဂျာ မခင်သန္တာဦးနဲ့ အငြိမ်းစားစစ်မှုထမ်းဟောင်းဖြစ်တဲ့ မန်နေဂျာ ဦးမျိုးလွင်တို့ဖြစ်ပြီး စစ်ကောင်စီ တပ်ကား ၆ စီး ရောက်လာပေမဲ့ အလုပ်သမားအင်အားများတာမို့ မဖမ်းဆီးသွားဘဲ ဓာတ်ပုံသာရိုက်သွားတယ်လို့ သိရပါသည်။

စစ်ကောင်စီ အာဏာရယူပြီး နောက်ပိုင်းမှာ အလုပ်အကိုင်ရှားပါးနေတာကို အခွင့်ကောင်းယူပြီ လှိုင်သာယာမြို့နယ်အတွင်းက စက်ရုံအများစုဟာ ဝန်ထမ်းတွေအပေါ် ဖိနှိပ်တာတွေလုပ်နေပြီး အလုပ်သမားရပိုင်ခွင့်တွေ လျှော့ချကာ အနိုင်ကျင့်တာတွေ လုပ်နေတယ်လို့ သိရှိရပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *