NUG ကာကွယ်ရေးဝန်ကြီးဌာနမှ PDF တွေ လိုက်နာရမဲ့ လမ်းညွှန်ချက်နှင့် ပြည်သူကို လက်တွေ့ကာကွယ်စောင့်ရှောက်နိုင်ဖို့ ထုတ်ပြန်‌ေကြငြာ

Unicode:

ပြည်သူကို လက်တွေ့ကာကွယ်စောင့်ရှောက်နိုင်ဖို့ PDF တွေ လိုက်နာရမဲ့ လမ်းညွှန်ချက် NUG ကာကွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်လိုက်ပါသည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကာကွယ်ရေးဝန်ကြီးဌာနက ထူထောင်လျက်ရှိတဲ့ အမိန့်ပေး ကွပ်ကဲမှုစနစ် (Chain of Command) အောက်မှာ ပူးပေါင်းပါဝင်ဆောင်ရွက်ဖို့အပါအဝင် ပြည်သူကို လက်တွေ့ကာကွယ်စောင့်ရှောက်နိုင်ဖို့အတွက် ပြည်သူ့တော်လှန်ရေး အင်အားစုတွေ လိုက်နာရမဲ့ လမ်းညွှန်ချက်ကို မနေ့က နိုဝင်ဘာ ၅ရက်္မှာ ထုတ်ပြန်လာပါသည်။

ကာကွယ်ရေးဝန်ကြီးဌာနဟာ စစ်ကောင်စီ ကို တွန်းလှန်ရေး ပြည်သူ့ခုခံစစ်ပွဲမှာ အဓိကကျတဲ့ အခန်းကဏ္ဍကနေ ဦးဆောင်တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် လေ့ကျင့်ဖွဲ့စည်းရေး ၊ ညီနောင်တော်လှန်ရေးအင်အားစုတွေနဲ့ သွေးစည်းမဟာမိတ်ဖွဲ့ လက်တွဲဆောင်ရွက်ရေး၊ နိုင်ငံအဝှမ်းက ဒေသဆိုင်ရာ ကာကွယ်ရေးအဖွဲ့တွေ၊ မြေပြင်ပြောက်ကျားအင်အားစုတွေကြား ချိတ်ဆက်ကွပ်ကဲမှု အားကောင်းခိုင်မာလာစေရေးအတွက် အားသွန်ဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားပါသည်။

ပြည်သူ့တော်လှန်ရေး အင်အားစု တွေဟာ မြန်မာတစ်နိုင်ငံလုံးကို စစ်ကောင်စီ လက်အောက်ခံ ဘဝကနေ ကယ်တင်ပြီး စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်ထောင်ဖို့ ရည်ရွယ်ဖွဲ့စည်းတဲ့တပ်ဖွဲ့ဖြစ်တာကြောင့် စိတ်ဓာတ်ကောင်းမွန်မှု့၊ စည်းကမ်းရှိမှု ၊ ကျင့်ဝတ်ရိုသေမှုမှာ နမူနာစံပြဖြစ်စေပြီး ပြည်သူကို လက်တွေ့ကာကွယ်စောင့်ရှောက်နိုင်ဖို့ ဦးတည်ကြိုးပမ်းကြရမယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါသည်။

ဒါကြောင့် ပြည်သူ့တော်လှန်ရေး အင်အားစုတွေဟာ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ စစ်ဖက်ဆိုင်ရာကျင့်ဝတ် စည်းကမ်း (Code of Conduct) ညွှန်ကြားချက်တွေကို လေးစား လိုက်နာဖို့၊ ကာကွယ်ရေးဝန်ကြီးဌာနက ထူထောင်လျက်ရှိတဲ့ အမိန့်ပေးကွပ်ကဲမှုစနစ် (Chain of Command) အောက်မှာ ပူးပေါင်းပါဝင်ဆောင်ရွက်ဖို့နဲ့ ဒေသတွင်း ကာကွယ်ရေးတပ်ဖွဲ့တွေအကြား ပေါင်းစပ်ညှိုနှိုင်းဆောင်ရွက်ဖို့ တို့ကို လိုက်နာဆောင်ရွက်ရမယ်လို့ သိရပါသည်။

ဒါ့အပြင် ဝန်ကြီးဌာနမှာ ရှိတဲ့ ရန်ပုံငွေပေါ်မူတည်ပြီး ပြည်သူ့တော်လှန်ရေး အင်အားစုတွေကို မကြာခင်မှာ ထောက်ပံ့မှု့တွေ စတင်ပေးမယ်လို့လည်း သိရပါသည်။

Zawgyicode:

ပုံစာ- NUG ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်က PDF ရဲဘော်တွေ။

Leave a Reply

Your email address will not be published. Required fields are marked *