မြို့လယ်ခေါင် CB ဘဏ် ဓားပြတိုက်ခံရမှု့တွင် စစ်‌ေကာင်စီ တပ်က PDF လက်ချက်ဟု လွှဲချမည့် လုပ်ရပ်ဟုမြို့ခံများ ပြောဆို

Unicode:

ရေတာရှည်မြို့လယ်ခေါင် CB ဘဏ် ဓားပြတိုက်ခံရမှု ငွေကျပ် ၅၃၁ သိန်းပါသွားဟုဆို၊ စစ်တပ်က PDF လက်ချက်ဟု လွှဲချမည့် လုပ်ရပ်ဟုမြို့ခံများ ပြောဆိုထားပါသည်။

ပဲခူးတိုင်း၊ ရေတာရှည်မြို့လယ်ခေါင်ရှိ CB ဘဏ်တွင် ယမန်နေ့ နိုဝင်ဘာလ ၅ ရက်နေ့ မွန်းလွဲ ၁ နာရီ ၂၀ မိနစ်အချိန် ဓားပြတိုက်ခံခဲ့ရပြီး ငွေကျပ် ၅၃၁ သိန်း ကျော် ယူဆောင်သွားကြောင်း ရေတာရှည်မြို့ခံများနှင့် CB ဘဏ်ဝန်ထမ်း အသိုင်းအ၀ိုင်းက ပြောပါသည်။

ရန်ကုန် – မန္တလေးလမ်းမကြီးဘေးရှိ ရေတာရှည် CB ဘဏ်ခွဲအား ဆိုင်ကယ်နှစ်စီးပေါ်မှ ဆင်းကာ မျက်နှာဖုံး၀တ် လူ‌ ၄ ဦးခန့်က ဝင်ရောက်ဓားပြတိုက်ခဲ့ခြင်းဖြစ်ကြောင်း ၊ မြို့ခံအများစုကမူ စစ်တပ်က ဘဏ်ဓားပြတိုက်္မှု့များ ဖြစ်ပွားတိုင်း လူငယ်များကို ဖမ်းဆီး၍ PDF ဟု အမည်တပ် လွှဲချ ဝါဒဖြန့်မည့် လုပ်ရပ်တစ်ခုအဖြစ်သာ ရှု့မြင်ကြောင်း ပြောဆိုသည်။

“မြို့လယ်ခေါင်ကြီးလာတိုက်တယ်။ ဘယ်သူမှ မသိလိုက်ဘူး။ဓားပြဆိုတာလည်း ရဲမှရဲ။ ဘဏ်ဓားပြတိုက်္မှု့တွေ ဖြစ်တိုင်း သာမန်ငွေလိုချင်လို့ သူ့ဟာသူတိုက်တောင် PDF ဆိုပြီး အမည်တပ်ပြီး စစ်တပ်က လွှဲချနေတာ။ အခုလည်း အဲဒီလို လုပ်ဖို့ ဂွင်ဆင်တယ်လို့ပဲ ထင်ပါတယ်။ သိပ်တော့ အယုံအကြည်မရှိဘူး” ဟု ရေတာရှည်မြို့ခံတစ်ဦးက ပြောဆိုထားပါသည်။

ရေတာရှည်ရဲစခန်းမှ ပထမသတင်းပေးတိုင်ကြားချက်တွင် ရေတာရှည်ဘဏ်အတွင်းသို့ လူ ၄ ဦး ဝင်ရောက်လာပြီး ကျောပိုးအိတ်အတွင်းမှ လက်လုပ်မိုင်းထုတ်ကာ ကောင်တာပေါ်တင်၍ သေနတ်နှစ်လက်ဖြင့် ငွေတိုက်သော့ တောင်းကြောင်း၊ ယင်းနောက် ငွေကျပ် ၅၃၁ သိန်းကို ကျောပိုးအိတ် ထည့် ၍ ဆိုင်ကယ်များဖြင့် မောင်းနှင်ထွက်ပြေးသွားကြောင်း ဖော်ပြထားခဲ့သည်။

Zawgyicode:

ဓာတ်ပုံ- ရေတာရှည် CB ဘဏ်နှင့် ငွေထုတ်ကောင်တာတွင် လက်လုပ်မိုင်း ထားခဲ့သည့်ဆိုသော ရဲဘက်မှတ်တမ်း ဓာတ်ပုံများ။

Leave a Reply

Your email address will not be published. Required fields are marked *