နို၀င်ဘာ ၁ ရက်နေ့ကစပြီး ဖုန်းမဆက် တိုကင်မယူဘဲ ရိုးမဘဏ်နဲ့ A ဘဏ်မှာ အပ်ငွေထုတ်ယူနိုင်ပြီလို့ သိရှိရပါသည်။
A ဘဏ်ကနေ ငွေထုတ်ယူမယ်ဆိုရင် SAC အာဏာမရယူခင် ဖေဖော်ဝါရီ ၁ ရက်နေ့ မတိုင်ခင်က ဖွင့်ထားတဲ့ ငွေကျပ်သိန်း ၅,၀၀၀ နဲ့ အထက်ရှိတဲ့ အကောင့်ကို တစ်ပတ်ကို ငွေကျပ် ၁၀ သိန်း ထုတ်ယူနိုင်ပြီး ငွေကျပ်သိန်း ၅,၀၀၀ နဲ့အောက်ရှိတဲ့ အကောင့်ဆိုရင်တော့ တစ်ပတ်ကို ငွေကျပ် ၅ သိန်းထုတ်ယူနိုင်မှာ ဖြစ်ပါသည်။
မတ်လနောက်ပိုင်းမှ ဖွင့်ထားတဲ့ အကောင့်ဆိုရင်တော့ ငွေကျပ်သိန်း ၅,၀၀၀ နဲ့ အထက်ရှိတယ်ဆိုရင် တစ်ပတ်ကို ငွေကျပ် ၅ သိန်း ထုတ်ယူနိုင်ပြီး ငွေကျပ်သိန်း ၅,၀၀၀ နဲ့ အောက်ရှိတဲ့ အကောင့်ဆိုရင်တော့ တစ်ပတ်ကို ငွေကျပ် ၃ သိန်း ထုတ်နိုင်တာ ဖြစ်ပါသည်။
ရိုးမဘဏ်ကတော့ ဘယ်အကောင့်မဆို တစ်ပတ်ကို ငွေကျပ် ၃ သိန်းထုတ်ပေးနေတာဖြစ်ပါသည်။
နို၀င်ဘာ ၁ ရက်နေ့က စတင်ပြီး A ဘဏ်နဲ့ ရိုးမဘဏ်တွေကနေ ဖုန်းဆက်ပြီး တိုကင်ယူစရာမလိုဘဲ ငွေထုတ်ပေးနေတာဖြစ်ပြီး ကျန်တဲ့ပုဂ္ဂလိဘဏ်တွေကနေတော့ ဒီလိုလုပ်ဆောင်ချက်မျိုးနဲ့ ပတ်သတ်ပြီး ဘာမှထုတ်ပြန်မလာသေးပါဘူး။
KBZ ဘဏ်ကတော့ အောက်တိုဘာလထဲမှာ ငွေသားထုတ်ယူခြင်းကလွဲပြီး ကျန်တဲ့ ဝန်ဆောင်မှု့တွေကို ကြိုတင်ချိန်းဆိုတာ မလိုအပ်ဘဲ ဝန်ဆောင်မှု့ ရယူနိုင်ကြောင်း ကြေညာထားပါသည်။
Zawgyicode:
ဖုန်းမဆက် တိုကင်မယူဘဲ ရိုးမဘဏ်နဲ့ A ဘဏ်မှာ အပ်ငွေတွေ ထုတ်ယူနိုင်