စစ်ကောင်စီ တပ်ရင်းမှူးအဆင့် ပြည်သူ့ရင်ခွင်ခိုလှုံလာပါက ကျပ်သိန်း (၃၀၀) ထက်္မနည်းဆုချီးမြှင့်မည်ဖြစ်

Unicode:

စစ်ကောင်စီလက်အောက်္မှာ တာဝန်ထမ်းဆောင်နေတဲ့ စစ်သားနဲ့ ရဲတွေအနေနဲ့ ပြည်သူလူထု နဲ့ပူးပေါင်းပါက အဆင့်လိုက် ချီးမြှင့်ငွေတွေ ထောက်ပံ့ပေးအပ်သွားမှာ ဖြစ်တယ်လို့ ကောလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကထုတ်ပြန်လိုက်ပါသည်။

အာဏာသိမ်း စစ်ကောင်စီကို စွန့်ခွါပြီး ပြည်သူဘက်ကိုကူးပြောင်းလာမယ့် စစ်သားကောင်းတွေအနေနဲ့ လက်နက်အပြည့်အစုံဖြင့် တပ်သားအဆင့်ကို ကျပ် သိန်းငါးဆယ်၊ လက်နက်အပြည့်အစုံနဲ့ ဗိုလ်အဆင့်ကို ကျပ်သိန်းတစ်ရာ၊ လက်နက်အပြည့်အစုံဖြင့် ဒုတပ်ရင်းမှူးအဆင့်ကို ကျပ်သိန်းနှစ်ရာ၊ တပ်ရင်းမှူးအဆင့်ကို ကျပ်သိန်းသုံးရာ ချီးမြှင့်မှာဖြစ်တယ်လို့ သိရပါသည်။

ပြည်သူနဲ့ပူးပေါင်းလိုတဲ့ စစ်သားကောင်းတွေအနေနဲ့ ဖုန်းနံပါတ် ၀၉-၇၆၄၉၃၇၃၃၇၊၀၉-၂၅၆၉၂၅၅၂၇ ဒါမှမဟုတ် ကောလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ လူမှုကွန်ယက်က တစ်ဆင့်လည်းဆက်သွယ်နိုင်တယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါသည်။

စစ်ကောင်စီလက်အောက်္မှာ အကြောင်းအမျိုးမျိုးကြောင့် ပြည်သူလူထုနဲ့ အတူရပ်တည်ခွင့်မရတဲ့ ပြည်သူ့စစ်သည်တွေကိုလည်း ပြည်သူလူထုအားလုံးနဲ့ ကောလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အတတ်နိုင်ဆုံးကူညီထောက်ပံ့မှုတွေ ပေးသွားမှာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်္မှာ ရေးသားထားပါသည်။

စစ်အာဏာသိမ်းပြီးနောက် ပြည်သူနဲ့အတူရပ်တည်ပြီး ပြည်သူ့ရင်ခွင်ခိုလှုံလာတဲ့ တပ်ဖွဲ့ဝင်ပေါင်း(၂၅၀၀) ကျော်ရှိနေပြီး နိုဝင်ဘာ(၄) ရက်တစ်နေ့တစ်ထဲမှာဘဲ ပြည်သူ့ရင်ခွင်ခိုလှုံလာတဲ့ ရဲတပ်ဖွဲ့ဝင်(ရ) ဦးနဲ့ စစ်သား(၄) ဦးအထိရှိတယ်လို့ People’s Embrace အဖွဲ့ဆီက သိရှိရပါသည်။

Zawgyicode:

စစ်ကောင်စီ တပ်ရင်းမှူးအဆင့် ပြည်သူ့ရင်ခွင်ခိုလှုံလာပါက ကျပ်သိန်း (၃၀၀) ထက်္မနည်းဆုချီးမြှင့်မည်ဖြစ်

စစ်ကောင်စီလက်အောက်္မှာ တာဝန်ထမ်းဆောင်နေတဲ့ စစ်သားနဲ့ ရဲတွေအနေနဲ့ ပြည်သူလူထု နဲ့ပူးပေါင်းပါက အဆင့်လိုက် ချီးမြှင့်ငွေတွေ ထောက်ပံ့ပေးအပ်သွားမှာ ဖြစ်တယ်လို့ ကောလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကထုတ်ပြန်လိုက်ပါသည်။

အာဏာသိမ်း စစ်ကောင်စီကို စွန့်ခွါပြီး ပြည်သူဘက်ကိုကူးပြောင်းလာမယ့် စစ်သားကောင်းတွေအနေနဲ့ လက်နက်အပြည့်အစုံဖြင့် တပ်သားအဆင့်ကို ကျပ် သိန်းငါးဆယ်၊ လက်နက်အပြည့်အစုံနဲ့ ဗိုလ်အဆင့်ကို ကျပ်သိန်းတစ်ရာ၊ လက်နက်အပြည့်အစုံဖြင့် ဒုတပ်ရင်းမှူးအဆင့်ကို ကျပ်သိန်းနှစ်ရာ၊ တပ်ရင်းမှူးအဆင့်ကို ကျပ်သိန်းသုံးရာ ချီးမြှင့်မှာဖြစ်တယ်လို့ သိရပါသည်။

ပြည်သူနဲ့ပူးပေါင်းလိုတဲ့ စစ်သားကောင်းတွေအနေနဲ့ ဖုန်းနံပါတ် ၀၉-၇၆၄၉၃၇၃၃၇၊၀၉-၂၅၆၉၂၅၅၂၇ ဒါမှမဟုတ် ကောလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ လူမှုကွန်ယက်က တစ်ဆင့်လည်းဆက်သွယ်နိုင်တယ်လို့ ထုတ်ပြန်ချက်္မှာ ရေးသားထားပါသည်။

စစ်ကောင်စီလက်အောက်္မှာ အကြောင်းအမျိုးမျိုးကြောင့် ပြည်သူလူထုနဲ့ အတူရပ်တည်ခွင့်မရတဲ့ ပြည်သူ့စစ်သည်တွေကိုလည်း ပြည်သူလူထုအားလုံးနဲ့ ကောလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အတတ်နိုင်ဆုံးကူညီထောက်ပံ့မှုတွေ ပေးသွားမှာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်္မှာ ရေးသားထားပါသည်။

စစ်အာဏာသိမ်းပြီးနောက် ပြည်သူနဲ့အတူရပ်တည်ပြီး ပြည်သူ့ရင်ခွင်ခိုလှုံလာတဲ့ တပ်ဖွဲ့ဝင်ပေါင်း(၂၅၀၀) ကျော်ရှိနေပြီး နိုဝင်ဘာ(၄) ရက်တစ်နေ့တစ်ထဲမှာဘဲ ပြည်သူ့ရင်ခွင်ခိုလှုံလာတဲ့ ရဲတပ်ဖွဲ့ဝင်(ရ) ဦးနဲ့ စစ်သား(၄) ဦးအထိရှိတယ်လို့ People’s Embrace အဖွဲ့ဆီက သိရှိရပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *