ယနေ့ ရှမ်းပြည်နယ်တွင် PDF လူငယ်လေးတစ်ဦးကျဆုံး

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် ခေါင်းအိကျေးရွာနဲ့ စက်တော်ကျေးရွာအနီး အကြမ်းဖက်စစ်အုပ်စုနဲ့ ကရင်နီပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲအတွင်းမှာ ကရင်နီတပ်မတော်မှ တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့ပြီး အကြမ်းဖက်စစ်အုပ်စုက ၁၀ဦးသေဆုံးခဲ့တယ်လို့ KNDFက သတင်းထုတ်ပြန်လိုက်ပါတယ်။

ဒီကနေ့ နိုဝင်ဘာလ ၅ရက်နေ့ မနက် ၇နာရီခန့်က စတင်ကာ တိုက်ပွဲပြင်းထန်ခဲ့ပြီး အကြမ်းဖက်စစ်အုပ်စုက လက်နက်ကြီးတွေ အလွန်အကျွံအသုံးပြုကာ ပြည်သူတွေနေထိုင်တဲ့ ကျေးရွာတွေကိုပါ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

မွန်းလွဲ ၂နာရီခန့်အထိ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်အုပ်စုရဲ့ ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူတွေရဲ့ နေအိမ်အချို့ ပျက်စီးခဲ့ရပါတယ်။

ကျဆုံးသွားသော ကရင်နီတပ်တော်မှ တပ်ဖွဲ့ဝင်ကို KNDFက ကရင်နီအမျိုးသား အာဇာနည်သူရဲကောင်းအဖြစ် သမိုင်းမှတ်တမ်းတင်ထားတယ်လို့ ဖော်ပြခဲ့ပါတယ်။

ဖယ်ခုံမြို့အနီးမှာ နေ့စဉ်တိုက်ပွဲတွေ ဖြစ်ပွားနေပြီး အကြမ်းဖက်စစ်အုပ်စုက လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်မှုတွေကြောင့် ကုန်းဆုံ၊ ခေါင်းအိ၊ စက်တော်၊ လွယ်ဝှဲ၊ ရွှေပြည်အေး၊ လွယ်လုံ၊ လွယ်ပါသာ၊ ပူချယ်ကျေးရွာတွေက ဒေသခံ တစ်သောင်းကျော်ဟာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *