PDF လူငယ်လေးတစ်ဦး မိဘတွေရဲ့အမွေဖြတ်စွန့်လွှတ်ခြင်းခံရ

ပြည်မြို့နယ်ထဲက ပြည်သူ့ကာကွယ်ရေးတပ်သားတဦး မိဘရဲ့အမွေပြတ်စွန့်လွှတ်ခြင်းခံရ

ပြည်မြို့နယ်အတွင်းက ပြည်သူ့ကာကွယ်ရေးတပ်သားတဦးကို နိုဝင်ဘာ ၄ ရက်နေ့မှာ မိဘတွေက အမွေပြတ်စွန့်လွတ်လိုက်တယ်လို့ သိရပါတယ်။

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့နယ်၊ ဝက်ထီးကန်၊ ကွက်သစ်(၁) ရပ်ကွက်၊ ကရဝိတ် ၈ လမ်းမှာနေတဲ့ ကိုမျိုးဝေယံနိုင်ဟာ အမေနဲ့အစ်မဖြစ်သူတို့ရဲ့ ဆုံးမမှုကိုမနာခံဘဲ သူ့ဆန္ဒအတိုင်း လုပ်ကိုင်ဆောင်ရွက်နေပြီး မိခင်နဲ့အစ်မတို့ကိုစိတ်ဆင်းရဲအောင်လုပ်တဲ့အတွက်ကြောင့် သားအဖြစ်ကစွန့်လွတ်လိုက်တာဖြစ်တယ်လို့ အမွေပြတ်စွန့်လွှတ်ကြောင်းကြေငြာစာမှာ ပါဝင်ပါတယ်။

“ကျနော်စထွက်လာတဲ့နေ့ကတည်းက အိမ်နဲ့ပက်သက်တဲ့ကိစ္စတွေ ဘာမှမသိရတော့ဘူး၊ မနေ့က ကျနော်သူငယ်ချင်းကလှမ်းပြောတော့ လိုင်းပေါ်တက်ကြည့်မှ ဒါကိုတွေ့တာ၊ စိတ်တော့မကောင်းဘူး ဒါပေမယ့် အကောင်းဆုံးတော့ပြင်ဆင်ထားပါတယ်။” လို့ ကိုမျိုးဝေယံနိုင်က ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၉ ရက်ကလည်း ပြည်မြို့က PDF ရဲဘော်လူငယ်တဦးဖြစ်တဲ့ ရှိုင်းထက်ဇော်ကို အမွေပြတ်စွန့်လွှတ်ခံခဲ့ရတာကြောင့် ပြည်မြို့နယ်မှာ အမွေပြတ်စွန့်လွှတ်ခံရသူ PDF နှစ်ဦးရှိပြီ ဖြစ်ပါတယ်။

Zawgyi/

Leave a Reply

Your email address will not be published. Required fields are marked *