“အသက်ပေးသွားသူကို အားနာကြပါဦး “လို့ မေတ္တာရပ်ခံလိုက်တဲ့ တေးသံရှင်ရေမွန်၏ မိခင်ဒေါ်ခင်မြတ်မွန်

ကိုယ့်အိမ်က တွတ်ပီအခန်းလေးထဲမှာတော့..
တွတ်ပီရဲ့အရာရာဟာနေရာတကာပြန့်ကျဲနေတာသူ့အခန်းထဲဝင်လ်ိုက်တိုင်း ရင်ဘတ်တွေ
အောင့်တက်၊မျက်ရည်တွေပိုးပိုးပေါက်ပေါက်
ကျလာတတ်လို့ တတ်နိုင်သလောက်မဝင်ဘူး
ဒါပေမဲ့ဒီတိုင်းထားလို့လဲမရတော့ဖုံတွေသဲတွေဝင်ရှင်း၊ဘီဒိုထဲကမှိုတက်စပြုလာတဲ့

လျှော်ပြီးသားအဝတ်အစားတွေပြန်လျှော်
မီးပူတိုက်၊ပရုပ်လုံးလှိုင်လှိုင်ထည့်ပြီး
အမြတ်တနိုးသိမ်းဆည်းခဲ့တာတန်ဖိုးကြီး၊ဈေးကြီးလို့ သိမ်းတာမဟုတ်ဘဲသူသုံးခဲ့တဲ့ပစ္စည်းလေးတွေဆိုတဲ့စိတ်နဲ့ပါသူရောက်သွားချိန်ကနေသေဆုံးချိန်ထိ စွဲစွဲမြဲမြဲသုံးခဲ့တာလေးတွေဆိုပိုတန်ဖိုးထားတယ်.

ရန်ကုန်မှာခေတ်ကောင်းစဉ် Cele ကြီး
ဘယ်တော့မှသုံးစွဲဖို့ စိတ်မကူးပေမဲ့
ဟိုမှာငွေကြေးအခြေအနေအရ သေဆုံးချိန်ထိသုံးခဲ့တဲ့အပေါစားခေါင်းအုံးအပေအတူးအစုတ်လေးသူအမြဲခြုံခဲ့တဲ့စောင်အနွမ်းလေး၊အပေါစား shower cream ဘူးခွံလေးရွှံ့တွေပေပွနေတဲ့ဝတ်စုံ၊‌

မိုးရေတွေစိုရွှဲနေတဲ့ Towel Big Cele မို့အိမ်မှာအကောင်းစားဖိနပ်တွေအောတိုက်နေတာတောင် တစ်ရံမှသယ်မသွားဘဲနောက်ဆုံးချိန်ထိ စီးခဲ့တဲ့

ခွေးကိုက်ထားလို့သဲကြိုးပြတ်ကာနီးဖေါ့ဖိနပ်
တစ်ရံ၊နိုင်ငံကျော် Cele ကြီးရဲ့နောက်ဆုံး
လက်ကျန် ငွေသုံးသောင်းတောင်မပြည့်
တော့တဲ့ မှိုတက်နေတဲ့ Wallet လေးအဲ့ဒါတွေအားလုံး ကျန်တဲ့ပစ္စည်းတွေထက်ပိုမိုတန်ဖိုးထား၊အဖိုးမဖြတ်နိုင်လို့

အသေအချာထုတ်ပိုး ဂရုစိုက်သိမ်းဆည်းခဲ့တယ်ကျန် သူ့အမှတ်တယတွေကိုနီးစပ်သလို လှူခဲ့တယ်ပေးခဲ့တယ်.လက်ခံရရှိသူတွေအသိဆုံးပါတစ်ခါမျှ ရောင်းစားဖို့မကြံစည်ခဲ့ဖူးပါ.
မိသားစုကရင်ကွဲပြီး ခံစားနေရချိန်..

တွတ်ပီကိုဘယ်လိုချစ်တာဘယ်လောက်
လွမ်းတာလို့ တွင်တွင်ပြောပြီးတွတ်ပီနဲ့ပတ်သက်သမျှ ခါတော်မလုပ်စားကိုင်စားနေကြတဲ့အတု တွေအားလုံးကိုအံ့ဩခြင်းကြီးစွာနဲ့ ဒေါသထွက်ပါတယ်စက်ဆုတ်ပါတယ်

တစ်နည်းနည်းနဲ့တွတ်ပီ သိခဲ့ရင်လဲအတော်လေးစိတ်မကောင်းဖြစ်မှာပါခေတ်ကြပ်ကြီးထဲမှာ လူတိုင်းစားဝတ်နေရေအဆင်ပြေမနေကြပါဘူးကိုယ်တွေသားအမိလဲ Online မှာဈေးရောင်းစားနေကြရတာပါ.

စားဝတ်နေရေးအဆင်မပြေတာ Reason
ပေးပြီး တွတ်ပီကိုခုတုံးလုပ် အသုံးမချကြပါနဲ့
ငတ်နေရင်အကျိုးကြောင်းပြောပြီးလာတောင်းကြပါ.လှူဒါန်းပေးကမ်းပါ့မယ်.တစ်ခုသိထားကြဖို့ကတွတ်ပီဟာ သူယုံကြည်ရာလမ်းကို‌လျှောက်လှမ်းနေရင်း

အနေဆင်းရဲအစားဆင်းရဲ၊အစာ ငတ်တဲ့
ဒဏ်အကြောင်းပြုပြီး သေဆုံးသွားရတယ်
ဆိုတာ ပါဘဲငတ်နေတယ်လို့ အသက်ရှင်နေ
သေးသူတွေကသိပ်မငြီးတွားကြပါနဲ့
အသက်ပေးသွားသူကို အားနာကြပါဦး

Leave a Reply

Your email address will not be published. Required fields are marked *