“အသက်ပေးသွားသူကို အားနာကြပါဦး “လို့ မေတ္တာရပ်ခံလိုက်သည့် တေးသံရှင်ရေမွန်၏ မိခင်ဒေါ်ခင်မြတ်မွန်

Unicode:

“အသက်ပေးသွားသူကို အားနာကြပါဦး “လို့ မေတ္တာရပ်ခံလိုက်တဲ့ တေးသံရှင်ရေမွန်၏ မိခင်ဒေါ်ခင်မြတ်မွန်

ကိုယ့်အိမ်က တွတ်ပီအခန်းလေးထဲမှာတော့..

တွတ်ပီရဲ့အရာရာဟာ

နေရာတကာပြန့်ကျဲနေတာ

သူ့အခန်းထဲဝင်လ်ိုက်တိုင်း ရင်ဘတ်တွေ

အောင့်တက်၊မျက်ရည်တွေပိုးပိုးပေါက်ပေါက်

ကျလာတတ်လို့ တတ်နိုင်သလောက်မဝင်ဘူး

ဒါပေမဲ့ဒီတိုင်းထားလို့လဲမရတော့

ဖုံတွေသဲတွေဝင်ရှင်း၊ဘီဒိုထဲကမှိုတက်စပြုလာတဲ့

လျှော်ပြီးသားအဝတ်အစားတွေပြန်လျှော်

မီးပူတိုက်၊ပရုပ်လုံးလှိုင်လှိုင်ထည့်ပြီး

အမြတ်တနိုးသိမ်းဆည်းခဲ့တာ.

တန်ဖိုးကြီး၊ဈေးကြီးလို့ သိမ်းတာမဟုတ်ဘဲ

သူသုံးခဲ့တဲ့ပစ္စည်းလေးတွေဆိုတဲ့စိတ်နဲ့ပါ.

သူရောက်သွားချိန်ကနေ

သေဆုံးချိန်ထိ စွဲစွဲမြဲမြဲသုံးခဲ့တာလေးတွေဆို

ပိုတန်ဖိုးထားတယ်.

ရန်ကုန်မှာခေတ်ကောင်းစဉ် Cele ကြီး

ဘယ်တော့မှသုံးစွဲဖို့ စိတ်မကူးပေမဲ့

ဟိုမှာငွေကြေးအခြေအနေအရ

သေဆုံးချိန်ထိသုံးခဲ့တဲ့

အပေါစားခေါင်းအုံးအပေအတူးအစုတ်လေး

သူအမြဲခြုံခဲ့တဲ့စောင်အနွမ်းလေး၊

အပေါစား shower cream ဘူးခွံလေး

ရွှံ့တွေပေပွနေတဲ့ဝတ်စုံ၊‌

မိုးရေတွေစိုရွှဲနေတဲ့ Towel

Big Cele မို့

အိမ်မှာအကောင်းစားဖိနပ်တွေအောတိုက်

နေတာတောင် တစ်ရံမှသယ်မသွားဘဲ

နောက်ဆုံးချိန်ထိ စီးခဲ့တဲ့

ခွေးကိုက်ထားလို့သဲကြိုးပြတ်ကာနီးဖေါ့ဖိနပ်

တစ်ရံ၊နိုင်ငံကျော် Cele ကြီးရဲ့နောက်ဆုံး

လက်ကျန် ငွေသုံးသောင်းတောင်မပြည့်

တော့တဲ့ မှိုတက်နေတဲ့ Wallet လေး..

အဲ့ဒါတွေအားလုံး ကျန်တဲ့ပစ္စည်းတွေထက်

ပိုမိုတန်ဖိုးထား၊အဖိုးမဖြတ်နိုင်လို့

အသေအချာထုတ်ပိုး ဂရုစိုက်သိမ်းဆည်းခဲ့တယ်

ကျန် သူ့အမှတ်တယတွေကိုနီးစပ်သလို လှူခဲ့တယ်

ပေးခဲ့တယ်.လက်ခံရရှိသူတွေအသိဆုံးပါ

တစ်ခါမျှ ရောင်းစားဖို့မကြံစည်ခဲ့ဖူးပါ.

မိသားစုကရင်ကွဲပြီး ခံစားနေရချိန်..

တွတ်ပီကိုဘယ်လိုချစ်တာဘယ်လောက်

လွမ်းတာလို့ တွင်တွင်ပြောပြီး..

တွတ်ပီနဲ့ပတ်သက်သမျှ

ခါတော်မီလုပ်စားကိုင်စားနေကြတဲ့

အတု တွေအားလုံးကို

အံ့ဩခြင်းကြီးစွာနဲ့ ဒေါသထွက်ပါတယ်

စက်ဆုတ်ပါတယ်

တစ်နည်းနည်းနဲ့တွတ်ပီ သိခဲ့ရင်လဲ

အတော်လေးစိတ်မကောင်းဖြစ်မှာပါ.

ခေတ်ကြပ်ကြီးထဲမှာ လူတိုင်းစားဝတ်နေရေး

အဆင်ပြေမနေကြပါဘူး

ကိုယ်တွေသားအမိလဲ Online မှာဈေးရောင်

စားနေကြရတာပါ

စားဝတ်နေရေးအဆင်မပြေတာ Reason

ပေးပြီး တွတ်ပီကိုခုတုံးလုပ် အသုံးမချကြပါနဲ့

ငတ်နေရင်အကျိုးကြောင်းပြောပြီး

လာတောင်းကြပါ.လှူဒါန်းပေးကမ်းပါ့မယ်.

တစ်ခုသိထားကြဖို့က..

တွတ်ပီဟာ သူယုံကြည်ရာလမ်းကို‌လျှောက်လှမ်း

နေရင်းအနေဆင်းရဲအစားဆင်းရဲ၊အစာ ငတ်တဲ့

ဒဏ်အကြောင်းပြုပြီး သေဆုံးသွားရတယ်

ဆိုတာ ပါဘဲ…ငတ်နေတယ်လို့ အသက်ရှင်နေ

သေးသူတွေကသိပ်မငြီးတွားကြပါနဲ့

အသက်ပေးသွားသူကို အားနာကြပါဦး!!!

ဟုမေတ္တာရပ်ခံခဲ့ပါသည်။

Zawgyicode:

“အသက်ပေးသွားသူကို အားနာကြပါဦး “လို့ မေတ္တာရပ်ခံလိုက်တဲ့ တေးသံရှင်ရေမွန်၏ မိခင်ဒေါ်ခင်မြတ်မွန်

ကိုယ့်အိမ်က တွတ်ပီအခန်းလေးထဲမှာတော့..

တွတ်ပီရဲ့အရာရာဟာ

နေရာတကာပြန့်ကျဲနေတာ

သူ့အခန်းထဲဝင်လ်ိုက်တိုင်း ရင်ဘတ်တွေ

အောင့်တက်၊မျက်ရည်တွေပိုးပိုးပေါက်ပေါက်

ကျလာတတ်လို့ တတ်နိုင်သလောက်မဝင်ဘူး

ဒါပေမဲ့ဒီတိုင်းထားလို့လဲမရတော့

ဖုံတွေသဲတွေဝင်ရှင်း၊ဘီဒိုထဲကမှိုတက်စပြုလာတဲ့

လျှော်ပြီးသားအဝတ်အစားတွေပြန်လျှော်

မီးပူတိုက်၊ပရုပ်လုံးလှိုင်လှိုင်ထည့်ပြီး

အမြတ်တနိုးသိမ်းဆည်းခဲ့တာ.

တန်ဖိုးကြီး၊ဈေးကြီးလို့ သိမ်းတာမဟုတ်ဘဲ

သူသုံးခဲ့တဲ့ပစ္စည်းလေးတွေဆိုတဲ့စိတ်နဲ့ပါ.

သူရောက်သွားချိန်ကနေ

သေဆုံးချိန်ထိ စွဲစွဲမြဲမြဲသုံးခဲ့တာလေးတွေဆို

ပိုတန်ဖိုးထားတယ်.

ရန်ကုန်မှာခေတ်ကောင်းစဉ် Cele ကြီး

ဘယ်တော့မှသုံးစွဲဖို့ စိတ်မကူးပေမဲ့

ဟိုမှာငွေကြေးအခြေအနေအရ

သေဆုံးချိန်ထိသုံးခဲ့တဲ့

အပေါစားခေါင်းအုံးအပေအတူးအစုတ်လေး

သူအမြဲခြုံခဲ့တဲ့စောင်အနွမ်းလေး၊

အပေါစား shower cream ဘူးခွံလေး

ရွှံ့တွေပေပွနေတဲ့ဝတ်စုံ၊‌

မိုးရေတွေစိုရွှဲနေတဲ့ Towel

Big Cele မို့

အိမ်မှာအကောင်းစားဖိနပ်တွေအောတိုက်

နေတာတောင် တစ်ရံမှသယ်မသွားဘဲ

နောက်ဆုံးချိန်ထိ စီးခဲ့တဲ့

ခွေးကိုက်ထားလို့သဲကြိုးပြတ်ကာနီးဖေါ့ဖိနပ်

တစ်ရံ၊နိုင်ငံကျော် Cele ကြီးရဲ့နောက်ဆုံး

လက်ကျန် ငွေသုံးသောင်းတောင်မပြည့်

တော့တဲ့ မှိုတက်နေတဲ့ Wallet လေး..

အဲ့ဒါတွေအားလုံး ကျန်တဲ့ပစ္စည်းတွေထက်

ပိုမိုတန်ဖိုးထား၊အဖိုးမဖြတ်နိုင်လို့

အသေအချာထုတ်ပိုး ဂရုစိုက်သိမ်းဆည်းခဲ့တယ်

ကျန် သူ့အမှတ်တယတွေကိုနီးစပ်သလို လှူခဲ့တယ်

ပေးခဲ့တယ်.လက်ခံရရှိသူတွေအသိဆုံးပါ

တစ်ခါမျှ ရောင်းစားဖို့မကြံစည်ခဲ့ဖူးပါ.

မိသားစုကရင်ကွဲပြီး ခံစားနေရချိန်..

တွတ်ပီကိုဘယ်လိုချစ်တာဘယ်လောက်

လွမ်းတာလို့ တွင်တွင်ပြောပြီး..

တွတ်ပီနဲ့ပတ်သက်သမျှ

ခါတော်မီလုပ်စားကိုင်စားနေကြတဲ့

အတု တွေအားလုံးကို

အံ့ဩခြင်းကြီးစွာနဲ့ ဒေါသထွက်ပါတယ်

စက်ဆုတ်ပါတယ်

တစ်နည်းနည်းနဲ့တွတ်ပီ သိခဲ့ရင်လဲ

အတော်လေးစိတ်မကောင်းဖြစ်မှာပါ.

ခေတ်ကြပ်ကြီးထဲမှာ လူတိုင်းစားဝတ်နေရေး

အဆင်ပြေမနေကြပါဘူး

ကိုယ်တွေသားအမိလဲ Online မှာဈေးရောင်း

စားနေကြရတာပါ

စားဝတ်နေရေးအဆင်မပြေတာ Reason

ပေးပြီး တွတ်ပီကိုခုတုံးလုပ် အသုံးမချကြပါနဲ့

ငတ်နေရင်အကျိုးကြောင်းပြောပြီး

လာတောင်းကြပါ.လှူဒါန်းပေးကမ်းပါ့မယ်.

တစ်ခုသိထားကြဖို့က..

တွတ်ပီဟာ သူယုံကြည်ရာလမ်းကို‌လျှောက်လှမ်း

နေရင်းအနေဆင်းရဲအစားဆင်းရဲ၊အစာ ငတ်တဲ့

ဒဏ်အကြောင်းပြုပြီး သေဆုံးသွားရတယ်

ဆိုတာ ပါဘဲ…ငတ်နေတယ်လို့ အသက်ရှင်နေ

သေးသူတွေကသိပ်မငြီးတွားကြပါနဲ့

အသက်ပေးသွားသူကို အားနာကြပါဦး!!!

ဟုမေတ္တာရပ်ခံခဲ့ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *